လက်ပံတောင်းတောင်သူ ဒေါ်ခင်ဝင်း သေဆုံးမှု အမှုမှန်ဖော်ထုတ်ပေးရေး ဆန္ဒပြမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တရားရုံး အသီးသီးက ပုဒ်မ ၁၈ အပါအဝင် ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ငါးနှစ် ချမှတ်ခံထားရသည့် ဒေါ်နော်အုန်းလှက နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို ကန့်ကွက်ကြောင်း ဇန်နဝါရီ ၅ ရက်မှ စတင်ကာ အင်းစိန်အကျဉ်းထောင်အတွင်း အစာငတ်ခံ ဆန္ဒပြလျက်ရှိကြောင်း သိရသည်။
“ဒေါ်နော်အုန်းလှက အင်းစိန်ထောင်ထဲမှာ နိုင်ငံတော်သမ္မတတာဝန်ကို ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို ကန့်ကွက်တဲ့အနေနဲ့ အစာအငတ်ခံ ဆန္ဒပြနေတာပါ။ ၅ ရက်နေ့က စပြီး ပြနေတာပါ။ ထောင်အာဏာပိုင်တွေကတော့ စာတင်ဖို့ ပြောတယ်။ အစာတွေလည်း လာပို့တယ်။ ဒါပေမဲ့ သူက အစာမစားဘဲ ဆန္ဒပြနေတာ နှစ်ရက်ရှိနေပါပြီ” ဟု ဒေါ်နော်အုန်းလှ၏ သားဖြစ်သူ ကိုမင်းနေထူးက ဇန်နဝါရီ ၆ ရက်တွင် ပြောကြားသည်။
နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်ရာတွင် ဝေဖန်မှုအများအပြား ရှိခဲ့သည်။ အဆိုပါ နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းတွင်ပါဝင်သော “နိုင်ငံတော်သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူက နိုင်ငံတော် သမ္မတအဖြစ် ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တာဝန်အရ ဆောင်ရွက်ချက်များကို အကြောင်းပြုလျက် ယင်းအား တရားစွဲခြင်းနှင့် အရေးယူခြင်းတို့ မရှိစေရ” ဟူသည့်အချက်ကို ပယ်ဖျက်ရန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အဆိုတင်သွင်းခဲ့သော်လည်း “ဥပဒေနှင့်အညီ” ဟု စာသားထည့်သွင်းခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။
ဒေါ်နော်အုန်းလှသည် ပြီးခဲ့သည့်နှစ် မေ ၁၅ ရက်က လက်ပံတောင်းတောင်သူ ဒေါ်ခင်ဝင်း အသတ်ခံရမှုအား ဖော်ထုတ်ပေးရန် ကျောက်တံတားမြို့နယ်မှစ၍ တရုတ်သံရုံးရှေ့အထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ပါဝင်ခဲ့ပြီး ၎င်းအား မြို့နယ်တရားရုံးအသီးသီးက ပုဒ်မ ၃၅၃၊ ပုဒ်မ ၁၇၄၊ ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၈ တို့ဖြင့် အလုပ်နှင့် ထောင်ဒဏ် ငါးနှစ် ချမှတ်ခံထားရကြောင်း သိရသည်။
ထောင်ဒဏ် ငါးနှစ် ချမှတ်ခံထားရသည့် ဒေါ်နော်အုန်းလှက နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို ကန့်ကွက်ကြောင်း အင်းစိန်ထောင်တွင် အစာငတ်ခံဆန္ဒပြ















