ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချူပ်ရေး ဥပဒေအသစ်အား ပြည်သူ့လွှတ်တော်က အတည်ပြုထားသော်လည်း အောင်လံမြို့နယ်အတွင်း၌ ရပ်ကွက်/ကျေးရွာအုပ်ချူပ်ရေးမှူး ရွေးချယ်ပွဲများကို ဆိုင်ငံမထားဘဲ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း အောင်လံမြို့နယ် အုပ်ချူပ်ရေးမှူးရုံးမှ သတင်းရရှိသည်။အောင်လံမြို့နယ်တွင် ရပ်ကွက်ကျေးရွာ အုပ်ချူပ်ရေးမှူး အသစ်ရွေးချယ်မှုလုပ်ငန်းများကို ဒီဇင်ဘာ ၂၁ ရက်မှ စတင်ပြီးပြုလုပ်ခဲ့ရာ လက်ရှိတွင် ကျေးရွာများနှင့် ရပ်ကွက်အားလုံးတွင် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းထားနိုင်ပြီး အချိူ့သော ကျေးရွာများတွင် အုပ်ချူပ်ရေးမှူးများကိုပါ ရွေးချယ်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။လက်ရှိတွင် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည့် ဥပဒေထဲတွင် ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်ချူပ်ရေးမှူးများ၏ သက်တမ်းသည် နိုင်ငံတော်သမ္မတ၏ သက်တမ်းနှင့် အတူဖြစ်ရမည်။ရပ်ကွက်အုပ်ချူပ်ရေးမှူးတစ်ဦးသည် နှစ်ကြိမ်ထက်ပိုပြီး တာဝန်မထမ်းဆောင်ရ စသော ယခင်ဥပဒေနှင့် မတူညီသည့် အချက်များ ပါဝင်နေသော်လည်း အုပ်ချူပ်ရေးမှူး ရွေးချယ်မှုလုပ်ငန်းများကို ဆိုင်းငံ့ထားခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။"ကျွန်တော်တို့ဆီကို အုပ်ချူပ်ရေးမှူး ရွေးချယ်မှုတွေ ဆက်မလုပ်ဖို့ ညွှန်ကြားစာလည်း မလာသေးပါဘူး။ ကျွန်တော်တို့ကတော့ မူလအစီအစဉ်အတိုင်းပဲ ရပ်ကွက်အုပ်ချူပ်ရေးမှူးတွေကို ရွေးချယ်ပေးသွားမှာပါ။ မြို့နယ်က ရွေးချယ်ပြီးသွားရင်တော့ ခရိုင်ကိုတင်ပြသွားမှာပါ" ဟု အောင်လံမြို့နယ်အုပ် ချူပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။လက်ရှိအချိန်တွင် အောင်လံမြို့နယ်အတွင်း၌ အုပ်ချူပ်ရေးမှူး ရွေးချယ်ပြီးစီးသွားသော အချို့ကျေးရွာများက အုပ်ချူပ်ရေးမှူး ရွေးချယ်ရာတွင် ဥပဒေနှင့် ညီညွတ်မှုမရှိဟုဆိုကာ ဒေသခံများ၏ တိုင်ကြားမှုများလည်း ရှိနေကြောင်း သိရသည်။
ရပ်/ကျေးရွာအုပ်ချုပ်ရေး ဥပဒေသစ်အား ပြည်သူ့လွှတ်တော်က အတည်ပြုထားသော်လည်း အောင်လံမြို့နယ်အတွင်း ရပ်/ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲများ ဆက်လက်လုပ်ဆောင်မည်ဟုဆို















