မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ ကွပ်ကွဲမှုဗဟိုဌာန (Command Center) မှ ယာဉ်တိုက်မှုနှင့် မှုခင်းဖြစ်စဉ် သုံးခုအတွက် ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း အဆိုပါ ဌာနမှ သတင်းရရှိသည်။
အောက်တိုဘာ ၁၉ ရက်တွင် နန်းရှေ့ ၁၉ လမ်းနှင့် သံလမ်းထောင့်တွင် ယာဉ်တိုက်မှု ဖြစ်စဉ်တစ်ခုကို ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ အကြောင်းကြားပေးနိုင်ခဲ့ခြင်း နိုဝင်ဘာ ၁၆ ရက်တွင် အောင်မြေသာစံမြို့နယ် ၂၆ လမ်း၊ ၆၆လမ်းနှင့် ၆၅ လမ်းကြားရှိ ကားအရောင်းပြခန်းသို့ လာရောက်သည့် ဆိုင်ကယ်တစ်စီးအတွင်းမှ ငွေများ နှိုက်ယူသွားမှုအတွက် ယင်းဆိုင်ကယ်လာရာ လမ်းကြောင်းတစ်လျှောက် ပြန်လည် ကြည့်ရှုနိုင်ရန် ကွပ်ကွဲမှု ဗဟိုဌာန၏ အကူညီဖြင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နိုဝင်ဘာ ၂၁ ရက်တွင် ၃၅ လမ်းနှင့် ၆၂ လမ်းထောင့်၌ ရန်ဖြစ် အချင်းပွားမှုကို စောင့်ကြည့်တွေ့မြင်ရ၍ သက်ဆိုင်ရာ နယ်မြေရဲသို့ အ ကြောင်းကြားနိုင်ခဲ့ပြီး ချက်ချင်း ဖမ်းဆီးအရေးယူနိုင်မှုစသည်တို့ကို ဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
“စင်တာဖွင့်ပွဲက “ဒီဇင်ဘာ ၈ ရက်မှ လုပ်ခဲ့တာပါ။ ဒါပေမဲ့ စမ်းသပ်ကာလအနေနဲ့ နှစ်လကြိုတင်ပြီး ဆောင်ရွက်နေတဲ့ အချိန်မှာ ယာဉ်တိုက်မှု တစ်ခုနဲ့ မှုခင်းဖြစ်စဉ်နှစ်ခုကို သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့ရယ် ယာဉ်ထိန်း ရဲတပ်ဖွဲရယ်နဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ တစ်မြို့လုံးကို လွှမ်းခြုံနိုင်မှု မရှိသေး ပေမယ့်လည်း ဖြစ်ပွားသွားတဲ့ နေရာတွေနဲ့ အနီးစပ်ဆုံးတွေကို ပြန်လည်ကြည့်ရှုနိုင်တာမို့ မှုခင်းဖော်ထုတ်ရေးအတွက် အထောက်အကူဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ဌာနကို အကြောင်းကြားရုံနဲ့ ချက်ချင်း ဖော်ထုတ်ပေးနိုင်တာမျိုးတော့ မဟုတ်ဘူး။ ယာဉ်တိုက်မှုဖြစ်စဉ်တွေ၊ မှုခင်းဖြစ်စဉ်တွေအတွက် ဖုန်းဆက်အကြောင်းကြားမှုတွေကို ကျွန် တော်တို့ဌာနက သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို ပြန်လည် အကြောင်းကြားပေးမှုတွေ ဆောင်ရွက်ပေးတာပါ။ လက်ရှိကတော့ နယ်မြေ ရဲစခန်းတွေရဲ့အမှုအတွက် လိုအပ်တဲ့အချက်အလက်တွေ လာရောက်ကြည့်ရှု တောင်းယူမှုတွေရှိတယ်။ အဲဒီကနေ အမှုပေါ်ပေါက်ရေး အတွက် ဆောင်ရွက်ချက်တွေ မြန်ဆန်နိုင်တာပေါ့”ဟု ကွပ်ကွဲမှုဗဟိုဌာနမှ တာဝန်ခံရဲအုပ် စည်သူက ပြောကြားသည်။
ချမ်းမြသာစည် မဟာအောင်မြေ ချမ်းအေးသာစံ အောင်မြေသာစံ လေးမြို့နယ်ရှိ အဓိက လမ်းမကြီးများ အပါအဝင် ၂၁ နေရာတွင် စီစီတီဗွီကင်မရာအလုံး ၄၀ တပ်ဆင်ထားပြီး တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံး၌ ကွပ်ကွဲမှု ဗဟိုဌာန (Command Center)ကို ထားရှိကာ မှုခင်းဖြစ်စဉ်များ၊ ယာဉ်ကြောပိတ်ဆို့မှုများနှင့် ယာဉ်တိုက်မှုများကို စောင့်ကြည့်နိုင်ရန် ဒီဇင်ဘာ ၈ ရက်က ဖွင့်ပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါ ကွပ်ကွဲမှုဗဟိုဌာနကို ၂၀၁၃ ခုနှစ်ကတည်းက ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး တရုတ်နိုင်ငံမှ ကင်မရာများနှင့် နည်းပညာ အကူအညီ ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ ပုသိမ်ကြီးမြို့နယ် တို့တွင် တပ်ဆင် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ ကွပ်ကဲမှုဗဟိုဌာနက ယာဉ်တိုက်မှုနှင့် မှုခင်းဖြစ်စဉ် သုံးခုကို ပူးပေါင်းဆောင်ရွက်ပေးနိုင်ခဲ့















