ယခုအစိုးရလက်ထက်တွင် နိုင်ငံတကာအဖွဲ့အစည်း ၁၇၆ ခု၏ အမေရိကန်ဒေါ်လာ သန်း ၃၆၀၀ ကျော် တန်ဖိုးရှိစီမံချက် ၉၄၈ ခုဆောင်ရွက်ခဲ့ပြီး ဆောင်ရွက်ဆဲစီမံချက် ထက်ဝက်ခန့် ကျန်ရှိနေသးကြောင်း ဒီဇင်ဘာ ၃ ရက်က ပြုလုပ်သည့် နိုင်ငံခြား အကူအညီ အထောက်အပံ့ စီမံခန့်ခွဲမှု ဗဟိုကော်မတီ အစည်းအဝေးမှ သိရသည်။နိုင်ငံအချင်းချင်း ဆောင်ရွက်မှု၌ စီမံချက် ၂၉၇ ခု၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများဖြင့် ဆောင်ရွက်မှုတွင် စီမံချက် ၄၆ ခု၊ ကုလသမဂ္ဂအဖွဲ့အစည်းများဖြင့် ဆောင်ရွက်မှုတွင် စီမံချက် ၄၃၇ ခု၊ နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းများဖြင့် ဆောင်ရွက်မှုတွင် စီမံချက် ၁၅၇ ခု၊ အခြားအဖွဲ့အစည်းများဖြင့် ဆောင်ရွက်မှုတွင် စီမံချက် ၁၁ ခု စုစုပေါင်းစီမံချက် ၉၄၈ ခုကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တန်ဖိုးအားဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၆၁၄ ဒသမ ၈၅၅ သန်း ညှိနှိုင်းမှုများ ရှိခဲ့ကြောင်း၊ ရရှိပြီး တန်ဖိုးပစ္စည်းနှင့် နည်းပညာတန်ဖိုးများအပါအဝင် အမေရိကန်ဒေါ်လာ၂၃၃၄ ဒသမ ၈၅၇ သန်း ရရှိခဲ့ကြောင်း နိုင်ငံခြားအကူအညီ အထောက်အပံ့ စီမံခန့်ခွဲမှု ဗဟိုကော်မတီ အစည်းအဝေးမှ သိရသည်။ဆောင်ရွက်ပြီး လုပ်ငန်းများ အနေဖြင့် နိုင်ငံအချင်းချင်းအနေဖြင့် လုပ်ငန်းပြီးစီးမှု ၁၂၁ ခု၊ ဆက်လက်ဆောင်ရွက်နေသည့် လုပ်ငန်း ၁၇၆ ခု၊ ရရှိရန် ကျန်သည့် တန်ဖိုး အမေရိကန် ဒေါ်လာ ၉၂၉ ဒသမ ၀၂၀ သန်း၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း အနေဖြင့် လုပ်ငန်းပြီးစီးမှု ၁၈ ခု၊ ဆက်လက် ဆောင်ရွက်နေသည့် လုပ်ငန်း ၂၈ ခု၊ ရရှိရန် ကျန်သည့် တန်ဖိုး အမေရိကန် ဒေါ်လာ ၈၇ ဒသမ ၀၃၀ သန်း၊ ကုလသမဂ္ဂအဖွဲ့အစည်းအနေဖြင့် လုပ်ငန်းပြီးစီးမှု ၃၃၃ခု၊ ဆက်လက်ဆောင်ရွက်နေသည့် လုပ်ငန်း ၁၀၄ခုနှင့် ရရှိရန်ကျန်သည့် တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၃၁ ဒသမ ၈၂၇၊ နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းအနေဖြင့် လုပ်ငန်းပြီးစီးမှု ၄၃ ခု၊ ဆက်လက်ဆောင်ရွက်နေသည့် လုပ်ငန်း ၁၁၄ ခု၊ ရရှိရန် ကျန်သည့် တန်ဖိုး အမေရိကန် ဒေါ်လာ ၁၂၉ ဒသမ ၄၉၅သန်း၊ အခြားအဖွဲ့အစည်းများအနေဖြင့် လုပ်ငန်း ပြီးစီးမှု ငါးခု၊ ဆက်လက်ဆောင်ရွက်နေသည့် လုပ်ငန်းခြောက်ခု၊ ရရှိရန်ကျန်သည့် တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၂၃သန်း ရှိကြောင်း သိရသည်။နိုင်ငံခြားအကူအညီများအနေနှင့် နိုင်ငံတကာအဖွဲ့အစည်း အရေအတွက် ၁၇၆ ခု၊ စီမံချက်ပေါင်း ၉၄၈ ခု ၊ စီမံချက်တန်ဖိုး အမေရိကန် ဒေါ်လာ သန်းပေါင်း ၃၆၁၄ ဒသမ ၈၅၅ ဆောင်ရွက်ခဲ့ကြောင်း၊ ဆောင်ရွက်ပြီး စီမံချက်ပေါင်း ၅၂၀၊ ဆောင်ရွက်ပြီး စီမံချက်တန်ဖိုး အမေရိကန် ဒေါ်လာ ၁၃၅၅ ဒသမ ၆၁၈ သန်း၊ ဆောင်ရွက်ဆဲလုပ်ငန်းစဉ်ပေါင်း ၄၂၈ ခု၊ ဆောင်ရွက်ဆဲစီမံချက် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၂၅၉ ဒသမ ၂၃၈ သန်းရှိကြောင်း သိရသည်။
ယခုအစိုးရလက်ထက်တွင် နိုင်ငံတကာအဖွဲ့အစည်း ၁၇၆ ခု၏ အမေရိကန်ဒေါ်လာ သန်း ၃၆၀၀ ကျော် တန်ဖိုးရှိစီမံချက် ၉၄၈ ခုဆောင်ရွက်ခဲ့ပြီး ဆောင်ရွက်ဆဲစီမံချက် ထက်ဝက်ခန့် ကျန်ရှိနေ















