ဗကသများအဖွဲ့ချုပ်မှ ကိုလင်းထက်နိုင်ကို ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းအား ထောက်ခံဆန္ဒပြမှုကြောင့် ပုဒ်မ ၁၈ ဖြင့် ကမာရွတ်မြို့နယ် တရားရုံး၌ စွဲဆိုထားသည့် အမှုကို နိုဝင်ဘာ ၂၄ ရက်က တတိအကြိမ်မြောက် ရုံးထုတ်ခဲ့ကြောင်း သတင်းရရှိသည်။
ကိုလင်းထက်နိုင်က“ ဒီနေ့ရုံးချိန်းမှာ တရားလိုကို စစ်ပါတယ်။ လာမယ့်ရုံးချိန်းကို ဒီဇင်ဘာ ၁ ရက် ပြန်ချိန်းလိုက်တယ်” ဟု ပြောကြားသည်။
လက်ပံတန်းတွင် ရောက်ရှိနေသည့် ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက်ရိုက်နှက်ခြင်း မပြုသေးမီအချိန်က အကြမ်းဖက်ဖြို ခွင်းမှု မလုပ်ရန်နှင့် ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းကို ထောက်ခံကြောင်း ကိုလင်းထက်နိုင်က ဦးဆောင်ပြီး ရန်ကုန်၊ လှည်းတန်းတွင် မတ် ၆ ရက်က ဆန္ဒပြခဲ့မှုကြောင့်ဟုဆိုကာ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံရခြင်း ဖြစ်သည်။
ထို့ပြင် ကိုကျော်ကိုကို၊ ကိုလင်းထက်နိုင် (ခ) ဂျိမ်း၊ ကိုနန္ဒာစစ်အောင်နှင့် ကိုဝင်းကျော့မှူးတို့ကို မတ် ၁၀ ရက်က ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း ဖြိုခွဲခံရမှုကို ရှုတ်ချကြောင်း ဆန္ဒပြမှုကြောင့် ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၅၀၅ (ခ) အပြင် ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၈ တို့ဖြင့် ကမာရွတ်မြို့နယ် တရားရုံးတွင်ပင် တရားစွဲဆိုထားပြီး ဗကသကျောင်းသူ မပိုပိုကိုလည်း ၅၀၅ (ခ) မှ အပ ကျန်ပုဒ်မများဖြင့် တရားစွဲဆိုထားသည်။
ဗကသ ကျောင်းသားခေါင်းဆောင် ကိုလင်းထက်နိုင်ကို ပုဒ်မ ၁၈ ဖြင့် ကမာရွတ်တရားရုံး၌ တတိယအကြိမ် ရုံးထုတ်ပြီး တရားလိုကို စစ်ဆေး















