မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက်၊ ပုလဲသွယ်လမ်းရှိ မနောသုခကျောင်းတိုက်တွင် အောက်တိုဘာ ၃ ရက် မွန်းလွဲပိုင်းက ဘုန်းကြီးတစ်ပါးနှင့် ကပ္ပိယတစ်ဦးတို့ စကားများရန်ဖြစ်ရာမှ
ဘုန်ကြီးက ဓားဖြင့်ထိုးလိုက်ရာ ကပ္ပိယမှာ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
စကားပြော အဆင်မပြေရာမှ ဝါတော် နှစ်ဝါ ရှိသည့် ဦးရာဇိန္တ (ခေါ်) ဦးလှထွန်း အသက် ၄၆ နှစ်က ၅၄ နှစ် အရွယ် ကပ္ပိယ ဦးရွှေမြအား ဓားဖြင့်ထိုးခဲ့ရာ ဝမ်းဗိုက်၊ လည်ပင်းတို့၌ ဒဏ်ရာများရရှိပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ဓားဖြင့်ထိုးသည့် ဦးရာဇိန္တ (ခေါ်) ဦးလှထွန်းအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၀၂) ဖြင့် အရေးယူဆောင်ရွက်ထားပြီး မြောက်ဥက္ကလာပမြို့မရဲစခန်းတွင် ချုပ်ထားပြီး ရဲလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီနယ်မြေရဲစခန်းမှ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက " ဖြစ်တာက (ဌ) ရပ်ကွက်၊ ပုလဲသွယ်လမ်းရှိ မနောသုခကျောင်းတိုက်မှာ ဖြစ်တာပါ။ တိုင်ကြားလာတာ မဟုတ်ပါဘူး။ သတင်းကြားလို့ သွားရောက်စစ်ဆေးတဲ့အခါမှာ တရားခံကနေ သေဆုံးသူကို ဓားနဲ့ထိုးထားတာကို တွေ့ရပါတယ်။ တွေ့လို့မို့ အရေးယူဆောင်ရွက်ထားပါတယ်။ ကျွန်တော်တို့ နယ်မြေစခန်းမှာ ချုပ်ပိုင်ခွင့်မရှိတာကြောင့် မြို့မစခန်းမှာ ရဲလုပ်ငန်း ဆောင်ရွက်နေစဉ်အတောအတွင်းမှာ ခဏချုပ်ထားတာပါ။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၀၂) နဲ့ အရေးယူဆောင်ရွက်ထားပါတယ်။ ဖြစ်ပွားရတဲ့အကြောင်းရင်းက စကားများရန်ဖြစ်ပြီးတော့ ဖြစ်သွားကြတာ။ ပြောပြချက်အရပေါ့လေ" ဟု ပြောကြားသည်။
အဆိုပါ ဓားထိုးမှုဖြစ်စဉ်နှင့်ပတ်သက်၍ အင်တာနက် လူမှုကွန်ရက်စာမျက်နှာများတွင် ဘောလုံးပွဲလောင်းကစားဒိုင် ကိုင်သော (မ.ဘ.သ) ဘုန်းကြီးတစ်ပါးက လောင်းကစားသမားတစ်ဦးနှင့် ငွေကြေးကိစ္စငြင်းခုံမှုဖြစ်ပြီး ဓားနှင့်ထိုး လူသတ်မှုဖြစ်ပွားခဲ့သည်ဟု ရေးသားဖော်ပြချက်များ ပျံ့နှံ့လျက်ရှိရာ ယင်းသို့ ရေးသားချက်များသည် မမှန်မကန် ရေးသားထားခြင်းသာဖြစ်ကြောင်း မြောက်ဥက္ကလာပမြို့နယ်မှ ရဲမှူးခင်မောင်ကြည်က အောက်တိုဘာ ၃ ရက် ညပိုင်းတွင် ရှင်းလင်းပြောကြားသည်။
"အွန်လိုင်းတွေပေါ်မှာ ပျံ့နေသလိုမျိုး မဘသကိစ္စတို့၊ လောင်းကစားကိစ္စတို့ဆိုတာ မဟုတ်ပါဘူး။ ဒါက သူ့ဟာသူ ဒေါသဖြစ်ပြီးတော့ ဓားနဲ့ထိုးမိတာပါ။ ဒါနဲ့ပတ်သက်ပြီးတော့ တရားခံကို ဖမ်းဆီးပြီးတော့ အမှုဖွင့်ထားပါတယ်။ ဟိုက ကပ္ပိယဆိုတော့ တစ်ခါတလေ ကျောင်းမှာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ပြောတာဆိုတာလေး အဆင်မပြေတာကို ဓားနဲ့ ထိုးမိတာပေါ့။ တရားခံကိုလည်း ဖမ်းဆီးထားပါပြီဗျ။ သက်သေခံပစ္စည်း ဓားလည်း သိမ်းထားပါတယ်"ဟု ရဲမှူးခင်မောင်ကြည်က ပြောကြားသည်။
မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက်ရှိ မနောသုခကျောင်းတိုက်တွင် စကားများရန်ဖြစ်ရာမှ ဘုန်းကြီးတစ်ပါးက ကပ္ပိယတစ်ဦးအား ဓားဖြင့်ထိုးသတ်မှုဖြစ်ပွား















