အာဆီယံဒေသ နိုင်ငံများ၏ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း အခွန် ကောက်ခံခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲနှင့် အကြံပေးကော်မတီ အစည်းအဝေးကို မြန်မာနိုင်ငံမှ ဦးစီး ကျင်းပခဲ့ပြီး ယင်းဆွေး နွေးပွဲမှ ရရှိလာသည့် ရလဒ်များကို ထိုင်းနိုင်ငံ အခြေစိုက် အရှေ့တောင် အာရ ှဒေသ ဆေးရွက်ကြီး ထိန်းချုပ်ရေး မဟာမိတ်အဖွဲ့ (South East Asia Tobacco Control Alliance, SEATCA) ထံ နောက်ဆုံးအဆင့် အကဲဖြတ် ဆုံးဖြတ်နိုင်ရန် တင်ပြထားကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံ အခြေစိုက် အရှေ့တောင် အာရှဒေသ ဆေးရွက်ကြီး ထိန်းချုပ်ရေး မဟာမိတ်အဖွဲ့ (South East Asia Tobacco Control Alliance)၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ အာရှဒေသဆိုင် ရာရုံးများ (WHO SEARO and WHO WPRO)၊ ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းတို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ြ ပီး ဆွေးနွေးပွဲကို စက်တင်ဘာ ၁၈၊ ၁၉ ရက်များတွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။
ဆွေးနွေးပွဲ၏ အဓိက ရည်ရွယ်ချက်မှာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ဆေးရွက်ကြီး ထိန်းချုပ်ရေး သဘော တူညီချက် WHO FCTC ၏ ပုဒ်မ (၆) အား အကောင်အထည် ဖော်ရန်၊ အာဆီယံ ဒေသ နိုင်ငံများ၏ သက်ဆိုင်ရာ အစိုးရများက ဆေးရွက်ကြီးထွက် ပစ္စည်းများအပေါ် အခွန်တိုးမြှင့် ကောက်ခံခြင်း ဆိုင်ရာ မူဝါဒများ ထိရောက်စွာ အကောင်အထည် ဖော်နိုင်မည့် နည်းလမ်းများ၊ အတွေ့အကြုံ များကို ဖလှယ်သွားရန် ဖြစ်ကြောင်းနှင့် ယင်းဆွေးနွေးပွဲကို ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေး ဖောင်ဒေးရှင်းSEATCA တို့မှ ဦးစီး လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံ အနေဖြင့် စီးကရက်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ အပါအဝင် အထူး ကုန်စည်များကို ရောင်းချသည့် တန်ဖိုးအပေါ် ကောက်ခံခြင်း (သို့မဟုတ်) အရေအတွက်နှင့် အမျိုးအစား အပေါ် အခွန် ကောက်ခံနိုင်ရန် ဆွေးနွေးနေကြောင်း၊ ပြည်တွင်း အခွန်များ ဦးစီးဌာနသည် အထူး ကုန်စည် ၁၈ မျိုးကို သီးခြားခွဲထုတ်ကာ အထူး ကုန်သွယ်လုပ်ငန်းခွန် ဥပဒေကို ပြဋ္ဌာန်း၍ ကောက်ခံနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပြီး အဆိုပါ အထူး ကုန်စည် ၁၈ မျိုးတွင် စီးကရက်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများလည်း ပါဝင်ကြောင်း၊ အထူးကုန်စည် ၁၈ မျိုးကို ရောင်းချသည့် တန်ဖိုးအပေါ် ကောက်ခံခြင်း (Advolarem rate) သို့မဟုတ် အရေအတွက်နှင့် အမျိုးအစားအပေါ် ကောက်ခံ ခြင်း (Specific rate) တစ်ခုခုကို အသုံးပြုနိုင်ရန် International Tax & Investment Center မှ တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
လက်ရှိ ၂၀၁၅ ခုနှစ်တွင် စီးကရက်၊ ဆေးရွက်ကြီးထွက် ပစ္စည်းများ အပေါ် ကောက်ခံလျက်ရှိသည့် ကုန်သွယ် လုပ်ငန်းခွန် နှုန်းထားများမှာ စီးကရက်ကို ၁၂၀ ရာခိုင်နှုန်း ကောက်ခံထားပြီး အခြား ဆေးရွက်ကြီးထွက် ပစ္စည်းများဖြစ်သည့် ဆေးရွက်ကြီး၊ ဗာဂျီးနီးယား ပေါင်းတင်ပြီးဆေး၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်နှင့် ဆေးတံအမျိုးမျိုး၊ ဆေးတံ သောက်ဆေး များနှင့် ကွမ်းစားဆေး အမျိုးမျိုးတို့ အပေါ် ရာခိုင်နှုန်း ၆၀ ကောက်ခံ လျက်ရှိကြောင်း သိရသည်။
အာဆီယံ နိုင်ငံများ၏ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း အခွန်ကောက်ခံခြင်း ဆိုင်ရာ ဆွေးနွေးပွဲ ရလဒ်များကို SEATCA ထံ နောက်ဆုံးအဆင့် အကဲဖြတ် ဆုံးဖြတ်ရန် ပေးပို့ထား















