အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို နေပြည်တော် လွှတ်တော်ဝင်းအတွင်း ပြုလုပ်

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို နေပြည်တော် လွှတ်တော်ဝင်းအတွင်း ပြုလုပ်
Published 15 September 2015

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို နေပြည်တော် လွှတ်တော်ဝင်းအတွင်း၌ ယနေ့ နေ့လည်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါ အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက အဖွင့်စကား ပြောကြားခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့လည်း တက်ရောက်ခဲ့ပါသည်။ထို့အပြင် သမ္မတ ဦးသိန်းစိန်ကလည်း သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။
သမ္မတက ပေးပို့ခဲ့သော သဝဏ်လွှာတွင် ရွေးကောက်ပွဲအား လွတ်လပ်ပြီး တရားမျှတမှုအောင် အစွမ်းကုန်ကြိုးစားမည် ဆိုသော အချက် ပါဝင်ခဲ့သည်။အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားသို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့လည်း သဝဏ်လွှာများ ပေးပို့ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ပါလီမန်များ သမဂ္ဂ၏ ထုတ်ပြန်ချက်ကိုလည်း ဖတ်ကြားခဲ့ကြသည်။ ထို့နောက် မြန်မာပြည်သူ့ ဖိုရမ်၏ အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် နိုင်ငံရေး ပါတီ အသီးသီးကလည်း စာတမ်းများ ဖတ်ကြားခဲ့ကြပါသည်။   

Most Read

Most Recent