ဒုတိယသမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးနှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းထား

ဒုတိယသမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးနှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းထား
Published 11 August 2015
ကျော်ဇင်ဝင်း

ဒုတိယသမ္မတတစ်ဦး၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးနှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည့် ကိုယ်စားလှယ်လောင်း တင်သွင်းမှုအရ သိရသည်။    အဆိုပါကိုယ်စားလှယ်လောင်း တင်သွင်းထားမှုတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းမှာ လားရှိုးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် တင်သွင်းထားသည်။    သို့ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး ကနီမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဉာဏ်ထွန်းမှာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းမဟုတ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတစ်ဦးက The Daily Eleven သတင်းစာကို ပြောကြားသည်။    ထို့အတူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှာ ဖြူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာမှာ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်မှာ မန္တလေးတိုင်းဒေသကြီး အမှတ် (၈) အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှလည်းကောင်း၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်းမှာ ရန်ကုန်တိုင်းဒေသကြီး အမှတ် (၇) မဲဆန္ဒနယ်မှလည်းကောင်း ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုအဖြစ် အမည်စာရင်းတင်သွင်းထားသည်။
ပြည်ခိုင်ဖြိုးကိုယ်စားပြုအဖြစ် မွေးမြူ ရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး ဦးအုန်းမြင့်သည် ကျောက်တန်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုးသည် လှည်းကူးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာသန်းအောင်သည် လမ်းမတော်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း . . .

အလားတူ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုအဖြစ် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဝန်ကြီးဦးသိန်းညွန့်သည် မအူပင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း၊ ဝန်ကြီးဦးစိုးမောင်သည် ရေစကြိုပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း၊ ဝန်ကြီးဦးတင်နိုင်သိန်းသည် ကလောပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း၊ ဝန်ကြီးဦးလှထွန်းသည် ကျောက်ပန်းတောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း အမည်စာရင်းတင်သွင်းထားသည်။ သို့သော် သမ္မတရုံးဝန်ကြီးဦးစိုးသိန်းမှာမူ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ကယားပြည်နယ် အမျိုးသားလွှတ်တော်အမှတ် (၉) မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည်။    ယင်းအပြင် အခြားဝန်ကြီးများဖြစ်သည့် သမဝါယမဝန်ကြီး ဦးကျော်ဆန်းသည် ပုလဲပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း၊ စက်မှုဝန်ကြီး ဦးမောင်မြင့်မှာ မင်းကင်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဝင်းမြင့်မှာ ဒီပဲယင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်သည် ဒက္ခိဏသီရိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း၊ ပို့ဆောင်ရေးဝန်ကြီး ဦးဉာဏ်ထွန်းအောင်သည် နွားထိုးကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဒေါက်တာကံဇော်မှာ စလင်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း ပြည်ခိုင်ဖြိုးကိုယ်စားပြုအဖြစ် အမည်စာရင်းတင်သွင်းထားသည်။     ပြည်ခိုင်ဖြိုးကိုယ်စားပြုအဖြစ် မွေးမြူ ရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး ဦးအုန်းမြင့်သည် ကျောက်တန်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုးသည် လှည်းကူးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာသန်းအောင်သည် လမ်းမတော်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း၊ ရထားပို့ဆောင်ရေးဝန်ကြီး ဦးသန်းဌေးသည် မြန်အောင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်အမှတ် (၁၀) ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း အမည်စာရင်းတင်သွင်းထားသည်။      ထို့ပြင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး ဦးခင်ရီမှာ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် အမှတ် (၆) မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း၊ အားကစားဝန်ကြီး ဦးတင့်ဆန်းမှာ မြောင်းမြပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း၊ ယဉ်ကျေးမှုဝန်ကြီး ဦးအေးမြင့်ကြူသည် ညောင်ရွှေပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်မှာ တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်အမှတ် (၇) မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း ပြည်ခိုင်ဖြိုးကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည်။    ထို့အတူ ဒုတိယဝန်ကြီးအချို့သည်လည်း ပြည်ခိုင်ဖြိုးကိုယ်စားပြုအဖြစ် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလျက်ရှိပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း နောက်ဆုံးတင်သွင်းရမည့်ရက်မှာ သြဂုတ် ၁၄ ရက်ဖြစ်သည်။    လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသော ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းသည် တနိုင်းမဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း၊ ချင်းပြည်နယ်ဝန်ကြီး ချုပ်ဦးဟုန်းငိုင်းသည် မင်းတပ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်သည် မုဒုံမဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းသည် အမ်းမဲဆန္ဒနယ်အမှတ် (၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်သည် ရွာငံမဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးသည် ဘုတလင်မဲဆန္ဒနယ်အမှတ် (၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်သည် ပြင်ဦးလွင်မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဉာဏ်ဝင်းသည် ဇီးကုန်းမဲဆန္ဒနယ် အမှတ ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုသည် ထားဝယ်မဲဆန္ဒနယ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်လည်းကောင်း ပြည်ခိုင်ဖြိုးကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်လောင်းများအဖြစ် အမည်စာရင်းတင်သွင်းထားကြောင်း သိရသည်။    သို့သော် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေတို့မှာ သြဂုတ် ၁၁ ရက်တွင် ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သည့် ကိုယ်စားလှယ်လောင်းတင်သွင်းမှု စာရင်းတွင် ပါဝင်လာခြင်းမရှိသေးသည်ကို တွေ့ရသည်။