ပြည်သူများ ပူးပေါင်းလှုပ်ရှားမှုအဖွဲ့ (PACE) မှ တစ်နိုင်ငံလုံး မဲစာရင်းကြေညာခြင်းနှင့် မဲဆွယ်စည်းရုံးရေး ကာလတွင် မြို့နယ် ၁၁၀ ၌ ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာမှုများ ပြုလုပ်သွားမည်

ပြည်သူများ ပူးပေါင်းလှုပ်ရှားမှုအဖွဲ့ (PACE) မှ တစ်နိုင်ငံလုံး မဲစာရင်းကြေညာခြင်းနှင့် မဲဆွယ်စည်းရုံးရေး ကာလတွင် မြို့နယ် ၁၁၀ ၌ ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာမှုများ ပြုလုပ်သွားမည်
Published 10 August 2015

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ သြဂုတ်လကုန်ပိုင်းတွင် တစ်နိုင်ငံလုံး တစ်ပြိုင်နက် ကြေညာရန် စီစဉ်ထားသည့် အတည်ပြုမဲစာရင်း ကြေညာချိန်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေး ကာလများတွင် ပြည်သူများ ပူးပေါင်းလှုပ်ရှားမှုအဖွဲ့ (PACE) မှ မြို့နယ် ၁၁၀ ၌ ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း PACE အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်က သြဂုတ် ၁၀ ရက်တွင် မီဒီယာများအား ရှင်းလင်းပြောကြားသည်။အဆိုပါမြို့နယ် ၁၁၀ ၌ တစ်မြို့နယ်လျှင် စောင့်ကြည့်လေ့လာသူ တစ်ဦးစီ ထားရှိ စောင့်ကြည့်သွားမည်ဖြစ်ပြီး မြို့နယ် ၁၁၀ မှာ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုစလုံးတွင် ခြုံငုံပါဝင်မည်ဖြစ်ပြီး လေ့လာစောင့်ကြည့်သူဦးရေ ၂၀၀၀ အသုံးပြုကာ မဲရုံများတွင် စောင့်ကြည့်သွားမည်ဖြစ်ကာ လေ့လာတွေ့ရှိချက် အစီရင်ခံစာအား ရွေးကောက်ပွဲအပြီးတွင် ထုတ်ပြန်မည်ဖြစ်သည်။