ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုသည် ဇူလိုင်လအတွင်းတွင် လွှတ်တာ်တွင်းမှ ပြင်ဆင်မှုပြီးစီးရန် လိုအပ်ကြောင်း ဒေါက်တာအေးမောင်က ဇွန် ၂၂ ရက်တွင် ပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုအား ပြည်ထောင်စုလွှတ်တော်အနေဖြင့် ဇူလိုင်လအတွင်းတွင် ပြီးစီးရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့ ပြီးစီးမှသာ ပုဒ်မ ၄၃၆ နှင့်ပတ်သက်ပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဒေါက်တာအေးမောင်က “ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဇူလိုင်အတွင်း ပြင်ဆင်ပြီးစီးမှဖြစ်မှာပါ။ ဇူလိုင်လထက်ကျော်၍ မဖြစ်နိုင်ဘူး။ ပုဒ်မ ၄၃၆ (က) အတွက် သုံးရက်အချိန်ပေးတာကတော့ ပြီးစီးနိုင်ပါတယ်။ ၄၃၆ (ခ) မှာတော့ ပုဒ်မပေါင်း ၃၀ ကျော်ဆွေးနွေးရမှာပါ။
အဲဒီအတွက်တော့ အချိန်အားဖြင့် တစ်ပတ်၊ နှစ်ပတ်ခန့် ကြာမြင့်နိုင်ပါတယ်။ ပြင်ဆင်ဖို့ ဆွေးနွေးတာတွေ၊ အတည်ပြုတာတွေကိုလည်း ဇူလိုင်လအတွင်းမှာ လွှတ်တော်အတွင်းက အတည်ပြုပြီးသား ဖြစ်ရမှာဖြစ်ပါတယ်။ လွှတ်တော်အတွင်းမှာ အတည်ပြုပြီးဖြစ်မှသာ ယင်းပုဒ်မလေးခုနှင့် ပတ်သက်ပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်ရဦးမှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးရာတွင် ဥပဒေမူကြမ်းတွင်ပါရှိသော အပိုဒ်များပါ ကိစ္စရပ်များမှအပ အခြားမည်သည့်ကိစ္စမျှ ထည့်သွင်းဆွေးနွေးခြင်းမပြုရန်၊ ဆွေးနွေးချက်များပြီးဆုံးပါက ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် စပ်လျဉ်းပြီး လွှတ်တော်အစည်းအဝေး၏ အဆုံးအဖြတ်ကို ရယူရမည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ပြည်ထောင်စုလွှတ်တော် နည်းဥပဒေပြဋ္ဌာန်းချက်များအရ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြင်ဆင်သည့် ဥပဒေကြမ်း၏ အပိုဒ် တစ်ပိုဒ်ချင်းစီအလိုက် ဆွေးနွေးခွင့်ရှိသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို လက်မှတ်ရေးထိုးထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၏ ပြင်ဆင်ချက်အပိုဒ်များကို ထပ်မံ၍ ပြင်ဆင်ချက်တစ်စုံတစ်ရာတင် သွင်းခွင့်မရှိဟု တွေ့ရှိရကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် ဆွေးနွေးမှုများပြီးစီးပါက မဲခွဲဆုံးဖြတ်သည့်အခါတွင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း၊ စက်ခလုတ်နှိပ်၍ အသုံးပြုပါက သံသယဖြစ်ဖွယ်အချက်များ ပေါ်ပေါက်နိုင်ကြောင်း၊ ထို့အတွက် မဲခွဲဆုံးဖြတ်ရာတွင် အများပြည်သူ နှင့် နိုင်ငံတကာက စောင့်ကြည့်နေကြမည်ဖြစ်သည့်အတွက် ပွင့်လင်းမြင်သာမှုရှိရန် ရှင်းလင်းစွာဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
နိုင်ငံတော်နှင့်ပြည်သူအကျိုးငှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမှ လတ်တလော ပြင်ဆင်ပေးသင့်သည့် ပြဋ္ဌာန်းချက်များတွင် ပုဒ်မ ၅၉ (ဃ)၊ (စ)၊ ပုဒ်မ ၆၀ (ဂ)၊ ပုဒ်မ ၄၃၆ (က)၊ (ခ) စသည့်ပုဒ်များ ပါဝင်နေကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆ (က) နှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ၊ လွှတ်တော်၏ အတည်ပြုချက်များကို ဇွန် ၂၃၊ ၂၄၊ ၂၅ ရက်များတွင် ဆောင်ရွက်မည်ဟု သူရဦးရွှေမန်းက ပြောကြားထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုသည် လွှတ်တော်တွင်းမှ ပြင်ဆင်မှု ဇူလိုင်လ၌ ပြီးစီးရန်လိုအပ်ကြောင်း ဒေါက်တာအေးမောင် ပြောကြား















