အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် ပီအာရ်စနစ် ကျင့်သုံးရေးနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီမညီ ဧပြီလကုန်ပိုင်းတွင် ခုံရုံး၏ အဆုံးအဖြတ် မရပါက ၂၀၁၅ ရွေးကောက်ပွဲအတွက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိဟု ရွေးကောက်ပွဲကော်မရှင် အကြောင်းပြန်ကြား . . . .

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် ပီအာရ်စနစ် ကျင့်သုံးရေးနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီမညီ ဧပြီလကုန်ပိုင်းတွင် ခုံရုံး၏ အဆုံးအဖြတ် မရပါက ၂၀၁၅ ရွေးကောက်ပွဲအတွက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိဟု ရွေးကောက်ပွဲကော်မရှင် အကြောင်းပြန်ကြား . . . .
Published 29 April 2015
စိုးမင်းထိုက်

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် ပီအာရ်စနစ် ကျင့်သုံးရေးနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီမညီ ဧပြီလကုန်ပိုင်းတွင် ခုံရုံး၏ အဆုံးအဖြတ် မရပါက ၂၀၁၅ ရွေးကောက်ပွဲအတွက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိဟု ရွေးကောက်ပွဲကော်မရှင် အကြောင်းပြန်ကြားထားကြောင်း သိရအမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် ပီအာရ်စနစ် ကျင့်သုံးရေးနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီမညီ ဧပြီလကုန်ပိုင်းတွင် ခုံရုံး၏ အဆုံးအဖြတ် မရပါက ၂၀၁၅  ရွေးကောက်ပွဲအတွက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အကြောင်းပြန်ကြားထားကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ဧပြီ ၂၉ ရက်တွင် ပြောကြားသည်။“ပီအာရ်စနစ်နဲ့ ပတ်သက်ပြီးတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သူ့မှာ အချိန်မရှိတော့ပါဘူး။ အချိန်အကန့်အသတ် ရှိနေပါတယ်။ ကော်မရှင်က ဧပြီလကုန်ပိုင်းမှာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကိုပါ အပြီးရယူပေးဖို့ အကြောင်းကြားထားတာပါ။ အဲဒီလိုမှ မဟုတ်ရင် သူတို့အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိတော့ပါဘူးလို့ တရားဝင် အကြောင်းပြန်ထားပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ကိုရော၊ လွှတ်တော်ကိုယ်စားလှယ်တွေကိုရော၊ နိုင်ငံရေးပါတီတွေကိုရော ကော်မရှင်က ဖြန့်ဝေပေးထားတယ်။ လွှတ်တော်အနေနဲ့ကလည်း အဆင့်တွေ ရှိသေးတယ်။ ခုံရုံးကိုလည်း ပို့ရဦးမယ်။ မေလမှ လွှတ်တော်ပြန်စမှာဆိုတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ အကြောင်းကြားချက်က ကျော်သွားပြီပေါ့။ အဲဒီတော့ ဒီဥပဒေကို ဘယ်လို အဆုံးသတ်မလဲပေါ့။ ဒါကို ဘယ်လိုဆုံးဖြတ်မလဲပေါ့” ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် ပီအာရ်စနစ် ကျင့်သုံးရေးနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများနှင့် ကြားနာမှုများ ပြုလုပ်ရာတွင် နိုင်ငံရေးပါတီ အများစုက လက်ရှိအချိန်တွင် ပီအာရ်စနစ်ကို ကျင့်သုံးရန် မသင့်သေးကြောင်း ဆွေးနွေးမှုများ ရှိခဲ့ကြောင်း သိရသည်။“အမျိုးသားလွှတ်တော် ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းပေါ့။ တစ်နည်းပြောရရင် ပီအာရ်ကိစ္စပေါ့။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း သဘောထားမှတ်ချက် ပေးထားပြီးပါပြီ။ သူတို့ပြောထားတဲ့ အချိန်ကလည်း ဧပြီလကုန် နောက်ဆုံးထားဖို့ ပြောထားတယ်။ အဲဒီတော့ အခု လွှတ်တော်ပြန်စရင် သတ်မှတ်ချိန်က ကျော်လွန်သွားပြီ။ ဘယ်လိုအဆုံးသတ်ရမလဲပေါ့။ ဒါလည်း ဆွေးနွေးရမှာပဲ။ နိုင်ငံရေးပါတီတွေ ဆွေးနွေးတုန်းကလည်း ပီအာရ်စနစ်ကို လက်ခံတယ်။ ဒါပေမဲ့ အများစု ဆွေးနွေးသွားတာက အခုအချိန် ၂၀၁၅ ခုနှစ်အတွက် မကျင့်သုံးသင့်သေးဘူးဆိုပြီး ဆွေးနွေးထားကြတာ ရှိပါတယ်။ အဲဒီတော့ ဒီဥပဒေကို ဘယ်လိုပြဋ္ဌာန်းမလဲပေါ့။ တချို့ကိုယ်စားလှယ်တွေ ဆွေးနွေးထားတာက ၂၀၁၆ ဇန်နဝါရီ ၃၁ ရက်နောက်ပိုင်းမှစတင်၍ အာဏာတည်စေရမည်ဆိုပြီး အကြံပြုထားတာတွေလည်း ရှိတယ်။ အဲဒီလို ပြဋ္ဌာန်းလိုက်ရင် ၂၀၁၅ မှာ မပါတော့ဘူးပေါ့။ ကျွန်တော်တို့ ဥပဒေကြမ်းကော်မတီ အနေနဲ့ ၂၀၁၆ ဇန်နဝါရီ ၃၁ ကို သတ်မှတ်မယ်ဆိုရင် သင့်ပါ့မလား။ ဒါကို သုံးသပ်ရမယ်။ အဲဒီအချိန်ဆိုရင် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းထဲကို ဝင်သွားပြီ။ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ ဆောင်ရွက်ရမယ့်ကိစ္စပဲ ဖြစ်တယ်။ ပထမအကြိမ်က သူတွေက ဝင်စွက်ဖက်သလို ဖြစ်နေမလား။ ဒါတွေကို စဉ်းစားရမှာပါ” ဟု ဒေါက်တာမြတ်ဉာဏစိုးက ဆက်လက်ပြောကြားသည်။မေ ၁၁ ရက်တွင် ပြန်လည်ကျင်းပမည့် (၁၂) ကြိမ်မြောက် လွှတ်တော်အစည်းအဝေးများတွင် ဥပဒေကြမ်းများကို အဓိကထား ဆောင်ရွက်ရန်ရှိကြောင်း၊ မေ ၄ ရက်မှစကာ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အနေဖြင့် အစည်းအဝေးများ ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။    

Most Read

Most Recent