လက်ပံတန်းဖြိုခွဲမှုနှင့် ခြိမ်းခြောက်ခံ သတင်းသမားများ

လက်ပံတန်းဖြိုခွဲမှုနှင့် ခြိမ်းခြောက်ခံ သတင်းသမားများ
Published 14 March 2015
သစ်ထွဋ်

မတ် ၁ဝ ရက်က လက်ပံတန်းမြို့မှာ ဖြစ်ပွားခဲ့တဲ့ သပိတ်စစ်ကြောင်းကို အင်အားသုံး ဖြိုခွဲမှုဖြစ်စဉ်အတွင်း ဆန္ဒပြကျောင်းသားများ သာမက သတင်းရယူနေတဲ့ သတင်းထောက်များကိုပါ ရဲတပ်ဖွဲ့က အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခဲ့တဲ့ လုပ်ရပ်ဟာ အလွန်အရုပ်ဆိုး အကျဉ်းတန်လှတဲ့လုပ်ရပ်ပဲ ဖြစ်ပါတယ်။ဒီလို သတင်းရယူနေတဲ့ သတင်းသမားတွေကို ရိုက်နှက်ဖမ်းဆီးမှုများနဲ့ပ တ်သက်ပြီး မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)နဲ့ PEN MYANMAR တို့က ပြင်းထန်စွာ ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)ရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီမိုကရေစီပညာရေး ပင်မကျောင်းသားသ ပိတ်စစ်ကြောင်းနဲ့ပတ်သက်ပြီး သတင်းရယူနေတဲ့ သတင်းထောက်များကို မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များက ရိုက်နှက်ဖမ်းဆီးမှုများ လုပ်ဆောင်မှုဟာ နိုင်ငံတကာနဲ့ ပြည်တွင်းရှိဥပဒေများကို ရဲတပ်ဖွဲ့အနေဖြင့် မလေးမစားပြု တဲ့သဘော သက်ရောက်နေကြောင်း ပါရှိခဲ့ပါတယ်။ ဒါ့အပြင် ရဲတပ်ဖွဲ့ရဲ့ရိုက်နှက်ဖမ်းဆီးခြင်းဟာ သတင်းထောက်များကို နိုင်ငံတကာတွင် အဓိကရုဏ်းများ၊ ဆန္ဒပြမှုများအ တွက် သတ်မှတ်ပြ|ာန်းထားတဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ အတည်ပြုပြဋ္ဌာန်းထား တဲ့ သတင်းမီဒီယာဥပဒေပါ သတင်းထောက်များရဲ့ ရပိုင်ခွင့်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတို့ရဲ့ အခြေခံရပိုင်ခွင့်များနဲ့ ဆန့်ကျင်နေတယ်လို့လည်း ပါရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်များရဲ့လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်းနဲ့ ဖမ်းဆီးထားတဲ့ သတင်းထောက်များကို ချက်ချင်းပြန်လွှတ်ပေးရမယ်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။ပြင်းထန်စွာ ရှုတ်ချကြPEN MYANMAR ရဲ့ထုတ်ပြန်ချက်မှာတော့ သပိတ်ကို အကြမ်းဖက်ဖြိုခွင်းမှုများအတွင်း ဝင်ရောက်သတင်းယူတဲ့ သတင်းသမားများကို ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်းဟာ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ဗြောင်ကျကျ ထိပါးလာခြင်းဖြစ်တာကြောင့် ယင်းလုပ်ရပ်ကို ပြင်းထန်စွာကန့်ကွက်ကြောင်း ပါရှိခဲ့ပါတယ်။ ကျောင်းသား လူငယ်များရဲ့ ဆန္ဒပြသပိတ်မှောက်မှုများ ကိုင်တွယ်ဖြေရှင်းရာတွင် လိုအပ်တာထက် ပိုသော အင်အားသုံးကာ ဖမ်းဆီးမှုများ၊ ကြမ်းတမ်းရိုင်းစိုင်းတဲ့ အပြုအမှုများကို အစဉ်တစိုက် သုံးစွဲနေခြင်းကို ပြင်းထန်စွာရှုတ်ချကြောင်း နဲ့ ပြဿနာများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန် အလေးအနက် တိုက်တွန်းကြောင်း PEN MYANMAR ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ လက်ပံတန်းဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်များကို အဓိကရုဏ်းနှိမ်နင်းခြင်း သင်တန်းများပို့ချပေးခဲ့တဲ့ EU ကလည်း ယင်းတို့ ရဲတပ်ဖွဲ့ဝင်များကို ပို့ချခဲ့တဲ့သင်တန်းများဟာ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့နဲ့ သဘောထား မတိုက်ဆိုင်မှုများကို အဖြေရှာ ပိုမိုလုပ်ဆောင်လာဖို့ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။သင်တန်းပို့ချချက်များနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်များအတွက် အလွန်အမင်းစိုးရိမ်ကြောင်း နဲ့ လက်ပံတန်းတွင် ကျောင်းသားများကို အကြမ်းဖြိုခွင်းမှုအပေါ် ပြင်းထန်စွာရှုတ်ချကြောင်းနဲ့ အဆိုပါကိစ္စကို တရားဝင်စစ်ဆေးပေးဖို့ EU က တောင်းဆိုထားခဲ့ပါတယ်။ ဒါ့အပြင် အခြားအမေရိကန်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ယင်းဖြစ်စဉ်ကို ရဲတပ်ဖွဲ့ရဲ့ကိုင်တွယ်ဖြေရှင်းပုံကို ကန့်ကွက်မေးခွန်းထုတ် ဝေဖန်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ခြိမ်းခြောက်၊ ဆဲဆို၊ ရိုက်နှက်ခြင်းလက်ပံတန်းဖြစ်စဉ်အပေါ် အခုလို ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြတာဟာ လက်ပံတန်းဖြစ်စဉ်အတွင်း ရောက်ရှိနေခဲ့တဲ့ သတင်းသမားတွေရဲ့ အခက်အခဲ အတားအဆီးများကြားထဲက အချိန်နဲ့တစ်ပြေးညီ ပေးပို့ခဲ့ကြတဲ့ သတင်းပေးပို့ချက်တွေ၊ သတင်းဓာတ်ပုံတွေနဲ့ ဗီဒီယိုဖိုင်တွေကြောင့် ဖြစ်ပါတယ်။ အဲဒီလို ပေးပို့ ချက်တွေကြောင့် လက်ပံတန်းမှာ ဘယ်အရာတွေဟာ ဘယ်လိုဖြစ်ပျက်ခဲ့ရသလဲဆိုတာ အားလုံးသိခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုအမှန်တရားကို ဖော်ပြနိုင်ခဲ့တဲ့ သတင်းအချက်အလက်တွေကို လွယ်လွယ်ကူကူနဲ့ ရခဲ့ကြတာတော့ မဟုတ်ပါဘူး။ ခြိမ်းခြောက်ခြင်း၊ ခြောက်လှန့်ခြင်း၊ ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်း၊ ဆဲဆိုခြင်းဆိုတဲ့ အနှောင့်အယှက် အတားအဆီးများကြားထဲက သတင်းအချက်အလက်တွေ ရယူခဲ့ကြရတာဖြစ်ပါတယ်။မတ် ၁ဝ ရက်က လက်ပံတန်းသပိတ်ဖြိုခွဲမှုဖြစ်စဉ်အတွင်း ရောက်ရှိသတင်းရယူခဲ့သူတစ်ဦးရဲ့ အဆိုအရတော့ ဖြစ်စဉ်အတွင်း သတင်းသမားတွေကို ရဲတပ်ဖွဲ့ဝင်အချို့က ဆဲဆိုကြိမ်းမောင်းသလို၊ လိုက်လံရိုက်နှက်မှုတွေ ရှိခဲ့တယ်လို့ ကိုယ်တွေ့ကြုံခဲ့ရတဲ့ သတင်းသမားတွေကို ကိုးကားပြီး မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။ ဖော်ပြချက်တွေမှာ သတင်းဌာနရဲ့ ကတ်ပြားချိတ်ဆွဲထားပေးမယ့်လည်း ရိုက်နှက်မှုတွေရှိခဲ့ပြီး သတင်းသမားအများစုဟာ ထွက်ပြေးခဲ့ရတာလို့ ဆိုပါတယ်။ အထူးသဖြင့် သတင်းမှတ်တမ်းယူဖို့ ကင်မရာချိန်လိုက်တာနဲ့ ဆဲဆိုပြီး ရိုက်နှက်မယ်လို့ ခြိမ်းခြောက်မှုတွေ ရှိခဲ့သလို သတင်းဓာတ်ပုံ ရိုက်သူအချို့ကို လိုက်လံရိုက်နှက်မှုတွေ ရှိခဲ့တယ်လို့ မီဒီယာတွေမှာ ပါရှိခဲ့ပါတယ်။ ဒီလို လိုက်လံရိုက်နှက်တဲ့အတွက် ပုန်းလျှိုးကွယ်လျှိုး သတင်းယူခဲ့ကြရတာ ဖြစ်ပါတယ်။ဖြိုခွဲမှုဖြစ်စဉ်ရဲ့ နောက်ပိုင်းအချိန်တွေမှာတော့ တွေ့သမျှမြင်သမျှကို လိုက်လံရိုက်နှက်တာကြောင့် သတင်းသမား အားလုံးလိုလိုဟာ အခင်းဖြစ်ရာနေရာက ထွက်ပြေးခဲ့ကြရတာ ဖြစ်ပါတယ်။ ဖြိုခွဲမှုဖြစ်စဉ်အပြီးမှာလည်း သတင်းသမားတွေ တည်းခိုနေထိုင်တဲ့ လက်ပံတန်းမြို့က တည်းခိုခန်းတွေကို တယ်လီဖုန်းဆက်ပြီး သတင်းသမားများရှိနေသလားဆိုပြီး မေးမြန်းတာတွေ ရှိနေတာကြောင့် သတင်းသမားအများစုဟာ ရန်ကုန်မြို့သို့ ထွက်ခွာခဲ့ကြရတာ ဖြစ်ပါတယ်။ ဖြိုခွဲမှုဖြစ်စဉ်အတွင်းမှာ သတင်းထောက်အချို့ ဖမ်းဆီးခံခဲ့ရတယ်လို့လည်း သိရပါတယ်။အများပြည်သူများအတွက် သတင်းအချက်အလက်များ တင်ပြဖို့ တာဝန်ရှိနေတဲ့ သတင်းသမားတွေကို အခုလို တရားလက်လွှတ်ပြုမှု ဆက်ဆံမှုတွေဟာ ဘယ်လိုမှ တရားနည်းလမ်း မကျပါဘူး။ သတင်းသမားတွေရဲ့ သတင်းရယူမှုကို နှောင့်ယှက်ဖျက်ဆီးခြင်းဟာ အမှန်တရားကို ဖုံးကွယ်ချင်တဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီလုပ်ရပ်ဟာ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ခြိမ်းခြောက်တဲ့လုပ်ရပ်လို့လည်း ဆိုနိုင်ပါတယ်။ တည်ဆဲဥပဒေဖြစ်တဲ့ သတင်းမီဒီယာဥပဒေမှာလည်း သတင်းသမားများ သတင်းရယူရာမှာ နှောင့်ယှက်ခြင်းမပြုဖို့ အချက်တွေပါသလို သတင်းသမားတွေဟာ လုံခြုံရေးခြိမ်းခြောက်ခံရပါက သက်ဆိုင်ရာအာဏာပိုင်တွေကို အကူအညီတောင်းခံခွင့် အခွင့်ရှိကြောင်း ဖော်ပြထားပါတယ်။ သို့ပေမဲ့လို့ လက်ပံတန်းဖြစ်စဉ်အတွင်း သတင်းရယူခဲ့တဲ့ သတင်းသမားတွေကတော့ အဲဒီအခွင့်အရေးကို မရရှိခဲ့တဲ့အပြင် သတင်းရယူရာတွင် နှောင့်ယှက်မှုတွေကိုပါ ကြုံတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။တကယ်တော့ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ယခင်အာဏာရှင်အစိုးရ အဆက်ဆက်မှာ အထူးနှိပ်ကွပ်ဆောင်ရွက်ခဲ့တာတွေဟာ အထင်အရှား ရှိခဲ့ဖူးပါတယ်။စာနယ်ဇင်းသမားတွေကို ဖမ်းဆီးထောင်ချခြင်း၊ သတင်းစာ၊ ဂျာနယ်တွေကို ထုတ်ဝေခွင့် အပြီးတိုင်ရုပ်သိမ်းခြင်း၊ အကန့်အသက်ဖြင့် ထုတ်ဝေခွင့်ရုပ်သိမ်းခြင်း၊ သတင်းရယူရေးသားရာမှာ အနှောင့်အယှက်အမျိုးမျိုးဖန် တီးထားရှိခြင်းတွေ ပြုလုပ်ခဲ့သလို မထုတ်ဝေခင် အမျိုးမျိုးစိစစ်ထုတ်ဝေခွင့်ပြုခဲ့ခြင်း အစရှိတဲ့ စာနယ်ဇင်းတွေအပေါ် ပစ်မှတ်ထား ဆောင်ရွက်ခဲ့ဖူးပါတယ်။ ဒီနေ့လို ဒီမိုကရေစီကိုသွားနေတဲ့ အချိန်မှာတော့ သတင်းမီဒီယာတွေ သတင်းရယူတာကို ကန့်သတ်နှောင့်ယှက်စေတဲ့ အပြုအမူတွေဟာ မရှိသင့်တော့ပါဘူး။ ဒီအတွက် လက်ပံတန်းဖြစ်စဉ်အတွင်း ဘယ်သူတွေက၊ ဘာကြောင့် သတင်းမီဒီယာသမားတွေရဲ့ သတင်းရယူမှုကိုအနှောင့်အယှက် ဖြစ်စေခဲ့တာလည်းဆိုတာကို ဖော်ထုတ်စိစစ်သင့်ပါတယ်။ တာဝန်သိ သတင်းသမားများအနေနဲ့ကတော့ အခုလိုနိုင်ငံအတွက် အရေးကြီးတဲ့အချိန်အခါဖြစ်တဲ့ ၂ဝ၁၅ ခုနှစ်အတွက် ကြိုတင်ပြင်ဆင်ထားကြပြီး ဖြစ်ပါတယ်။ ဒီအတွက် အများပြည်သူများ သတင်းသိခွင့်၊ အမှန်တရားသိခွင့်အတွက် လက်ပံတန်းဖြစ်စဉ်မှာလိုပဲ တာဝန်သိသိနဲ့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို တင်ဆက်ပေးသွားဖို့ အသင့်ရှိနေကြမှာ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါ တယ်။