၂၀၁၄ ကို နှုတ်ဆက်၊ ၂၀၁၅ ကို ကြိုဆို

၂၀၁၄ ကို နှုတ်ဆက်၊ ၂၀၁၅ ကို ကြိုဆို
Published 30 December 2014
ဒေါက်တာခင်မောင်ညို

မင်္ဂလာပါ။ကျွန်တော်တို့ဆီကနေ ၂၀၁၄ ကတော့ မကြာမီ ထွက်ခွာသွားပါတော့မည်။ ၂၀၁၅ သည်လည်း မကြာမီ ရောက်ရှိလာတော့မည်ပဲ။ အချိန်တွေကို ရပ်တန့်ထားလို့ မရပါဘူး။ Time and Tide Wait for No Man ဟုဆိုသည်။ အချိန်နှင့် ဒီရေသည် ဘယ်သူ့ကိုမျှ မစောင့်။ ဒီတော့ ၂၀၁၄ ကို ကျွန်တော်တို့ တားဆီးထားလို့ မရပါဘူး။ သူထွက်ခွာသွားသည်ကို တား၍မရပါ။အချိန်တွေက ကျွန်တော်တို့ကို လွှမ်းမိုးနေသည်။ အမှန်တော့ အချိန်သည် ဘဝပါ။ ကျွန်တော်တို့၏ ဘဝများကို အချိန်များဖြင့် တည်ဆောက်ထားပါသည်။သဘာဝက  လူတိုင်းအတွက် အချိန်က တစ်နေ့မှာ ၁၂ နာရီ၊ တစ်ရက်မှာ ၂၄ နာရီ ပေးထားသည်။ ပိုလည်း မပို၊ လျော့လည်း မလျော့ပါဘူး။ ဒီအချိန်တွေကို လူတွေက သုံးလို့ရသည်။ မသုံးရင်လည်း ကုန်သွားသည်။ ကုန်သွားလျှင် ထိုအရာများသည် သမိုင်းများ ဖြစ်သွားလေသည်။ ထို့ကြောင့် ၂၀၁၄ တုန်းက လုပ်ခဲ့တာတွေသည် ၂၀၁၅ ရောက်လျှင် သမိုင်းတွေ ဖြစ်ကုန်တော့မည်။ သမိုင်းကို ရေးနိုင်တဲ့ သတ္တဝါဆိုလို့ လူတစ်မျိုးပဲ ရှိသည်။ကိုယ့်သမိုင်းကို အကောင်းဆုံးဖြစ်ဖို့ လိုသည်။ ၂၀၁၅ တွင် ရွေးကောက်ပွဲ ပြုလုပ်တော့မည်။ ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်သည်မှာ ပထမအကြိမ်က ၂၀၁၀ ရွေးကောက်ပွဲမှ စသည်။ခုဆို ဒုတိယအကြိမ် ရွေးချယ်တင်မြှောက်ပွဲကို ဦးတည်နေပါသည်။ ကြိုတင်မဲများဖြင့် အနိုင်ရသည့် ခေတ်တစ်ခေတ်သည် သမိုင်းတွင်ရစ်ပါပြီ။ ထိုအမည်းစက်ကို ဘယ်တော့မှလည်း ဖျက်လို့မရတော့ပါဘူး။လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ (Free and Fair Election) ကို မျှော်လင့်နေကြသည်။ သို့သော် သမိုင်းကိုတော့ ကြောက်သည်။ History repeats itself တဲ့။သမိုင်းသည် အဖန်ဖန် ပြန်ဖြစ်သည်။အာဏာသိမ်းဦးမှာလား။ မဲလိမ် မဲခိုးဦးမှာလား။ စိုးရိမ်နေကြပါသည်။ ၂၀၁၅ မှာ မလွှတ်ချနိုင်သေးဘူးလား။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ စာရေးဆရာတွေ ဟောပြောပွဲတွေမှာ ပြောလေ့ရှိသည့် ပုံပြင်သုံးပုံ ရှိသည်။ပုံပြင်(၁)။    ။ အော်ပရာဝင်းဖရေး၏ ပုံပြင်အော်ပရာဝင်းဖရေး ဆိုသည်မှာ အမေရိကန်များအကြိုက် TV တွင် Good Morning America ကို တင်ဆက်သူဖြစ်ပြီး လူသန်းပေါင်းများစွာက နေ့စဉ် စိတ်ဝင်တစား ကြည့်ရှုသော အစီအစဉ်ဖြစ်သည်။ သူ(မ) ၏ မဂ္ဂဇင်းမှာတော့ အောက်ဖော်ပြပါ အဖြစ်အပျက်ကို တကယ့်အဖြစ်အပျက်ဟု ဖော်ညွှန်းထားသည်။တစ်ခါက သူတို့တစ်တွေ ခရီးထွက်ကာ တောင်တက်ကြသတဲ့။ ဒီလို တောင်တက်ရာမှာ တောင်ထိပ်ရောက်လုရောက်ခင်မှာပဲ နေညိုစပြုလာသည်။“နေဝင်တော့မယ်။ ပြန်ဆင်းကြမယ်” ဟု တစ်ယောက်က ဆော်သြလိုက်သည်။ သူတို့ ပြန်ဆင်းလာသည်။ တောင်ပေါ်မှာ မှောင်စပြုလာတော့ အောက်ခြေမှာ ပိုမှောင်နေတာပေါ့။ နေက ဝင်နေပြီ။ တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်းမမြင်ကြတော့ပါ။ ထိုအချိန်တွင် သူတို့ထဲက တစ်ယောက်သည် ခြေချော်ကာ တောင်စောင်းကနေ ချောကျသွားသည်။“အား” ကြောက်လန့်တကြား အော်လိုက်ပေမယ့် ဘယ်သူမှ ကြားဟန်မတူပါ။ ကံကောင်းပါသည်။ လျှောကျ၍ အရှိန်သိပ်မမြန်လာခင်မှာဘဲ သူသည် သစ်ကိုင်းတစ်ကိုင်းကို လှမ်းဆွဲလိုက်မိသည်။“တော်သေးတာပေါ့။ ငါမသေသေးဘူး”သူတောင်အောက်ကို ငုံ့ကြည့်လိုက်သည်။ မှောင်မည်းနေသည်။ ဘာကိုမျှ မမြင်ရပါ။ ချောက်က အနက်ကြီးပါပဲလား၊ မမြင်ရသော အမှောင်ထဲကိုကြည့်ကာ သူရေရွတ်နေမိသည်။ ‘ကျသွားရင်’ သူမတွေးဝံ့တော့ပါ။သူကိုင်ထားသော သစ်ကိုင်းပိုင်းငယ်လေးကို ဖက်တွယ်ထားလိုက်သည်။ သူသည် ညောင်းညာကိုက်ခဲပြီး ပင်ပမ်းနွမ်းနယ်နေသော်လည်း ကြောက်ရွံ့စွာဖြင့် တစ်ညလုံးလုံး အကိုင်းကို ဖက်တွယ်ထားပါသည်။ဒီလိုနှင့် မိုးလင်းပါတော့သည်။ နေရောင်လေး ပြူထွက်လာပြီ။
၂၀၁၅ တွင် ရွေးကောက်ပွဲ ပြုလုပ်တော့မည်။ ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်သည်မှာ ပထမအကြိမ်က ၂၀၁၀ ရွေးကောက်ပွဲမှ စသည်။ ခုဆို ဒုတိယအကြိမ် ရွေးချယ်တင်မြှောက်ပွဲကို ဦးတည်နေပါသည်။ ကြိုတင်မဲများဖြင့် အနိုင်ရသည့် ခေတ်တစ်ခေတ်သည် သမိုင်းတွင်ရစ်ပါပြီ။ ထိုအမည်းစက်ကို ဘယ်တော့မှလည်း ဖျက်လို့မရတော့ပါဘူး . . . . .

“ငါမသေတော့ဘူး” သူ ဝမ်းသာသွားသည်။ အကူအညီတွေ ရောက်လာပါမည်။ ဒီအခါ အဆင်ပြေသွားနိုင်ပါသည်။ထိုအချိန်တွင်မှ သူသည်အောက်ခြေက မည်းမှောင်နက်စောက်သည့် ချောက်ကို လှမ်းကြည့်လိုက်သည်။“အလို” သူ အံ့သြသွားသည်။ အောက်တွင် ချောက်ဆိုတာ မရှိပါဘဲလား။ မြေကြီးသည် နှစ်တောင်လောက်မှာ ရှိနေသည်။ အမှောင်ထဲ သူချောက်လို့ ထင်နေသည့် နေရာက မြေကြီးတွေပါပဲ။ သူ တောင်ခြေနှစ်ပေ အလိုမှာ သစ်ကိုင်းကို ဖက်တွယ်ကာ တစ်ညလုံး ဒုက္ခခံနေမိပါတကား။ပုံပြင်(၂)။    ။ ဓမ္မပုံပြင်ဤသည်လည်း မစွန့်နိုင်မလွှတ်နိုင်သူ တို့အတွက် ပုံပြင်ပါပဲ။ ဓမ္မစာစောင်ထဲတွင် ဖတ်ဖူးသောကြောင့် ဓမ္မပုံပြင်ဟု အမည်တပ်လိုက်သည်။တစ်ခါက သူငယ်ချင်းနှစ်ယောက်သည် ရေခြားမြေခြားသွား၍ အလုပ်လုပ်သည်။ သူတို့ အလုပ်လုပ်သောဒေသတွင် လုပ်ခများကို ရွှေဖြင့်ပေးသည်။ နှစ်အတန်ကြာလာသည့်အခါ သူတို့တွင် ရွှေအတော်များများကို ပိုက်မိလေသည်။ ထို့ကြောင့် မိမိဒေသကို ပြန်ရန်ပြင်ဆင်ကြသည်။ သူတို့၏ရွှေများကို အခြားသူများ မခိုးဝှက်စေဖို့ အင်္ကျီအတွင်းတွင် ထည့်ချုပ်ကာ ခိုင်မြဲစွာ ကိုယ်နှင့်ချည်နှောင်ထားသည်။ဒီလိုနှင့် သူတို့နှစ်ဦး ရွာနားသို့ ရောက်ရှိလာသည်။ သို့သော် သူတို့ ရွာရောက်ဖို့ မြစ်တစ်စင်းကို ဖြတ်ရပေမည်။ ကူးတို့ဆိပ်တွင် လှေတစ်စင်းကိုတွေ့၍ လှေကိုငှားကာ မြစ်ကို ကူးကြသည်။ သူတို့ မြစ်လယ်ရောက်စဉ်တွင် မိုးသက်လေပြင်းတိုက်သည်။ ရုတ်တရက် သူတို့၏ကူးတို့လှေ မှောက်သွားသည်။ တောင်ကျရေလည်း ကျလာသောကြောင့် မြစ်၏ရေစီးသည်လည်း မြန်လာသည်။ပထမသူငယ်ချင်းသည် ရေကူးမကျွမ်းကျင်လှပါ။ ထို့ကြောင့် သူရေမြုပ်သွားသည်။ သို့သော် သူ့တွင်ပါလာသော ရွှေများပါသည့် အင်္ကျီကို ချွတ်လိုက်နိုင်သောကြောင့် ရေပေါ်ပြန်ရောက်လာပြီး အလိုက်သင့်ကိုယ်ဖော့ကာ မြစ်ကြောင်းတွင် ကူးသွားနိုင်သည်။ဒုတိယသူငယ်ချင်းကတော့ ရေကူးချန်ပီယံဖြစ်သည်။ သို့သော် သူသည် ရေပေါ်ပေါ်အောင် အတော်လေးကူးနေရသည်။ သူ့အင်္ကျီထဲမှာ ရွှေတွေက အတော်လေးသည်။ဒါကို သိတဲ့ ပထမသူငယ်ချင်းက “သူငယ်ချင်း၊ အင်္ကျီကို ချွတ်လိုက်၊ အင်္ကျီကို ချွတ်လိုက်” ဟု လှမ်းအော်သည်။သို့သော် ဒုတိယသူငယ်ချင်းက “အင်္ကျီကို ချွတ်လိုက်ရင် ရွှေတွေ ဆုံးရှုံးသွားမှာပေါ့” ဟု လှမ်းအော်ကာ ဆက်ကူးနေသည်။ သို့သော် သူပင်ပန်းနေပြီ။ ရွှေတွေနှင့် သူမကူးနိုင်တော့ပါ။ မြစ်ရေက သူ့ကို အောက်သို့ ဆွဲချလိုက်လေတော့သည်။ပုံပြင်(၃)။    ။ ဘာလီကျွန်းကမျောက်ပုံပြင်ဒါတော့ ဘာလီကျွန်းက မျောက်တွေကို ဖမ်းသည့် ပုံပြင်ပါ။ စာအုပ်ထဲမှာ ဖတ်ရပါသည်။ စာရေးဆရာအများ ဟောပြောတတ်ကြသည်။ ဘာလီကျွန်းတွင် မျောက်များစွာ ရှိသည်။ သူတို့ကို မျောက်ဆရာတွေက အရှင်ဖမ်းပြီး လေ့ကျင့်ကာ ရောင်းစားတတ်သည်။ ထိုမျောက်များကို အုန်းပင်တက်ခိုင်း အုန်းသီးခူးခိုင်းတာကို တီဗွီထဲတွင် တွေ့ဖူးကြပေလိမ့်မည်။ မျောက်ဖမ်းသည့် မုဆိုးများက မျောက်ကို ဘယ်လိုဖမ်းသလဲ။သူတို့သည် အုန်းသီးများကိုခူးကာ အဝကျဉ်းလေး ဖောက်သည်။ ပြီးတော့ အရည်သွန်ကာ ထန်းလျက်ခဲတွေကို ထည့်သည်။ ပြီးတော့ မျောက်တွေနေသည့် တောစပ်တွင် ထားသည်။မျောက်များသည် ထန်းလျက်ခဲကို အင်မတန် ကြိုက်သည်။ ထန်းလျက်အနံ့ ရသောအခါ မျောက်များသည် အုန်းသီးကို ကြည့်သည်။ ထန်းလျက်ကိုမြင်၍ လက်ထည့်ကာ နှိုက်တော့သည်။ အပေါက်က လက်တစ်ချောင်း ဝင်သာပါပဲ။ ထိုအပေါက်က လက်ကိုထည့်ပြီး ထန်းလျက်ကို နှိုက်သည်။ အထဲတွင် ထန်းလျက်ကို ဆုပ်ကိုင်ပြီးနောက် လက်ကိုထုတ်သည် ထုတ်၍မရပါ။ဤတွင် နောက်အုန်းသီးတစ်လုံးကို မြင်သည်။ ထန်းလျက်အနံ့ကို ရသည်။ သူ၏ ကျန်သည့်လက်ဖြင့် ထန်းလျက်ကို နှိုက်လိုက်သည်။“ဟင် ဒီထန်းလျက်ကိုဆုပ်ကိုင်ပြီး လက်ကိုထုတ်သည် ထုတ်၍ မရပါလား” သူ ဒီလိုတန်းလန်း ဖြစ်နေစဉ်တွင် မျောက်မုဆိုးက ထွက်လာသည်။ သူ သစ်ပင်ပေါ် ပြေးတက်သည်။ လက်နှစ်ဖက်တွင် အုန်းသီးနှစ်လုံး ရှိနေသည်။ သူသစ်ပင်တက်၍ မရပါ။ အဖမ်းခံလိုက်ရသည်။လက်သီးဆုပ်ကိုဖြေ၍ ထန်းလျက်ကို လွှတ်ချလိုက်ပါလား။ သို့မဟုတ် တစ်ဖက်လောက်ပဲ ဆုပ်ပါလား။ မရပါဘူး။“ဟိုဟာလည်း ငါ့ဟာ။ ဒီဟာလည်း ငါ့ဟာ”သို့နှင့် ထိုမျောက်သည် သခင်အတွက် အုန်းသီးတက်ပေးနေရသူ ဖြစ်လာလေတော့သည်။ လောဘကြောင့် သခင်အတွက် အုန်းသီးတက်ပေးနေရသူတွေ ဘယ်လောက်များနေပြီလဲ။ ပုံပြင်သုံးခုကို သဘောပေါက်ကြမည်ဟု ယူဆသည်။ ၂၀၁၅ ခုနှစ် နှစ်သစ်မှာ သင်ခန်းစာယူနိုင်စေရန် ရည်သန်လျက်။

Most Read

Most Recent