လိုက်ပ်ဇစ်တိုက်စစ်မှူး အိုပန်ဒါကို ပရီးမီးယားလိဂ်ထိပ်သီးများ စိတ်ဝင်စားနေ

လိုက်ပ်ဇစ်တိုက်စစ်မှူး အိုပန်ဒါကို ပရီးမီးယားလိဂ်ထိပ်သီးများ စိတ်ဝင်စားနေ
Photo: Getty Images
Photo: Getty Images
Published 9 October 2023

ပရီးမီးယားလိဂ်ထိပ်သီးအသင်းများဖြစ်သော မန်ယူ၊ လီဗာပူးလ်နှင့် ချယ်လ်ဆီးအသင်းတို့သည် လိုက်ပ်ဇစ်အသင်းမှ ဘယ်လ်ဂျီယံတိုက်စစ်မှူး အိုပန်ဒါကို ခေါ်ယူရန် စိတ်ဝင်စားနေကြကြောင်း သိရသည်။

အိုပန်ဒါ(၂၃ နှစ်)သည် ပြီးခဲ့သည့်ရာသီတွင် လန်းစ်အသင်း၌ ခြေစွမ်းပြခဲ့သလို၊ ယခုရာသီတွင်လည်း လိုက်ပ်ဇစ်အသင်း၌ ခြေစွမ်းပြနေသည့်အတွက် ပရီးမီးယားလိဂ်ထိပ်သီးများက စိတ်ဝင်စားနေခြင်းဖြစ်သည်။

ဘယ်လ်ဂျီယံဘောလုံးလောကမှ အပြောင်းအရွှေ့ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် တာဗိုလီယာရီက မန်ယူအသင်းသည် အိုပန်ဒါကို ခေါ်ယူရန် လိုက်ပ်ဇစ်အသင်းထံ ဆက်သွယ်မေးမြန်းခဲ့ကြောင်းနှင့် ဇန်နဝါရီစျေးကွက်တွင် ယူရိုသန်း(၉၀)ဝန်းကျင်ဖြင့် ကမ်းလှမ်းဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။

Most Read

Most Recent