နောက်ခံကစားသမား အာနိုးလ်အား စာချုပ်သစ်ချုပ်ဆိုရန် လီဗာပူးလ်အသင်း နီးစပ်လျက်ရှိ

နောက်ခံကစားသမား အာနိုးလ်အား စာချုပ်သစ်ချုပ်ဆိုရန် လီဗာပူးလ်အသင်း နီးစပ်လျက်ရှိ
Photo: Goal.com
Photo: Goal.com
Published 30 September 2023

 

လီဗာပူးလ်အသင်းသည် အသင်းညာနောက်ခံကစားသမား အာနိုးလ်အား စာချုပ်သစ်ချုပ်ဆိုရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။ 

အသက် (၂၄) နှစ်အရွယ်ရှိ အာနိုးလ်သည် လီဗာပူးလ်အကယ်ဒမီထွက် ဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း(၂၇၇) ပွဲ ကစားထားသည်။ 

လီဗာပူးလ်နှင့် ချုပ်ဆိုထားသည့် အာနိုးလ်၏လက်ရှိ စာချုပ်မှာ ၂၀၂၅ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။ ထို့ကြောင့် လီဗာပူးလ်အသင်းသည် အာနိုးလ်အား နှစ်ရှည် စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးနေပြီး သဘောတူညီမှုရရန် နီးစပ်နေကြောင်း သိရသည်။

အာနိုးလ်အနေဖြင့် အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုပါက တစ်ပတ်လစာ ပေါင် (၂၅၀၀၀၀) ကျော်ရဖွယ်ရှိနေသည်။