၂၀၂၅ နှင့် ၂၀၂၇ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲများအတွက် အိမ်ရှင်နိုင်ငံများအား စက်တင်ဘာလ(၂၇) ရက်က ရွေးချယ်ကြေညာခဲ့သည်။
၂၀၂၅ ပြိုင်ပွဲကို မော်ရိုကိုနိုင်ငံက ကျင်းပခွင့်ရခဲ့ပြီး ၂၀၂၇ ပြိုင်ပွဲကိုမူ အရှေ့အာဖရိကနိုင်ငံများဖြစ်သည့် ကင်ညာ၊ ယူဂန္ဓာနှင့် တန်ဇန်နီးယားတို့က (၃)နိုင်ငံ ပူးတွဲကျင်းပမည်ဖြစ်သည်။
၂၀၂၅ ပြိုင်ပွဲကို မူလက ဂီနီနိုင်ငံမှ ကျင်းပခွင့်ရထားသော်လည်း ပြိုင်ပွဲအတွက် အဆောက်အဦနှင့် အခြေခံလိုအပ်ချက်များ မပြည့်စုံမည်ကို စိုးရိမ်သဖြင့် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက အိမ်ရှင်အဖြစ်မှ ရုပ်သိမ်းခဲ့သည်။
၂၀၂၅ နှင့် ၂၀၂၇ အာဖရိကနိုင်ငံများဖလား အိမ်ရှင်များ ရွေးချယ်
Most Read
Most Recent
22 hours ago















