ကမ္ဘာ့ရေနံစျေး  (WTI) တစ်စည် ဒေါ်လာ ၉၆ ဝန်းကျင်ရှိပြီး ပြည်တွင်းစျေးကွက်တွင် စက်သုံးဆီစျေးနှုန်းများ ၂၇ ရက်အတွင်း တစ်လီတာ ကျပ်၂၂၀ ဝန်းကျင် မြင့်တက်လာ

ကမ္ဘာ့ရေနံစျေး  (WTI) တစ်စည် ဒေါ်လာ ၉၆ ဝန်းကျင်ရှိပြီး ပြည်တွင်းစျေးကွက်တွင် စက်သုံးဆီစျေးနှုန်းများ ၂၇ ရက်အတွင်း တစ်လီတာ ကျပ်၂၂၀ ဝန်းကျင် မြင့်တက်လာ
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
Published 16 September 2023

ကမ္ဘာ့ရေနံစျေး  (WTI) သည် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် တစ်စည် ဒေါ်လာ ၉၆ ဝန်းကျင်ရှိပြီး ပြည်တွင်း စျေး ကွက်တွင် စက်သုံးဆီစျေးနှုန်းများ ၂၇ ရက် အတွင်း တစ်လီတာ ကျပ်၂၂၀ ဝန်းကျင်  ဆက်လက်မြင့်တက်လာကြောင်း စက်သုံးဆီ အရောင်းဆိုင်များ၏စျေးနှုန်းများအရ သိရ သည်။

၂၀၂၃ ခုနှစ် သြဂုတ် ၁၉ ရက်နှင့် စက် တင်ဘာ ၁၆ ရက် စက်သုံးဆီစျေးနှုန်းများကို နှိုင်းယှဉ်ပါက တစ်လီတာလျှင် ကျပ် ၂၂၀ ဝန်းကျင် ဆက်တိုက်မြင့်တက်ခဲ့ခြင်းဖြစ် သည်။

၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင်  ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင်ရောင်း ချခဲ့သော စျေးနှုန်းမှာ ဒီဇယ်တစ်လီတာ ၂၆၅၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၇၂၅ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၂၄၄၀ ကျပ်၊ အောက်တိန်း 95 Ron တစ်လီ တာ ၂၅၆၅ ကျပ်ဖြစ်သည်။

WTI ရေနံစျေးနှုန်းသည်၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် ၉၆ ဒေါ်လာဝန်း ကျင်၊ စက်တင်ဘာ ၁၄ ရက်တွင် ၉၆ ဒေါ်လာ ဝန်းကျင်၊စက်တင်ဘာ ၁၃ ရက်တွင် ၉၄ ဒေါ် လာဝန်းကျင်၊ စက်တင်ဘာ ၁၁ ရက်တွင် ၉၂ ဒေါ်လာဝန်းကျင်၊ စက်တင်ဘာ ၅ ရက်တွင် ၉၂ ဒေါ်လာဝန်းကျင်၊ စက်တင်ဘာ ၁ ရက် တွင် ၉၀ ဒေါ်လာဝန်းကျင်၊ သြဂုတ် ၃၁ ရက် တွင် ၈၈ ဒေါ်လာဝန်းကျင်၊ သြဂုတ်၃၀ ရက် တွင် ၈၇ ဒေါ်လာဝန်းကျင်၊ သြဂုတ် ၂၉ ရက် တွင် ၈၆ ဒေါ်လာဝန်းကျင်၊ သြဂုတ် ၂၈ ရက် တွင် ၈၅ ဒေါ်လာဝန်းကျင်၊ သြဂုတ် ၂၅ ရက် တွင် ၈၆ ဒေါ်လာဝန်းကျင်၊ သြဂုတ် ၂၄ ရက် တွင် ၈၅ ဒေါ်လာဝန်းကျင်၊ သြဂုတ် ၂၃ ရက် တွင် ၈၄ ဒေါ်လာဝန်းကျင်၊ သြဂုတ် ၂၂ ရက် တွင် ၈၅ ဒေါ်လာဝန်းကျင်၊ သြဂုတ် ၂၁ ရက် တွင် ၈၅ ဒေါ်လာဝန်းကျင်၊ သြဂုတ် ၁၈ ရက် တွင် ၈၆ ဒေါ်လာဝန်းကျင် ရှိခဲ့သည်။

ကမ္ဘာ့ရေနံစျေးသည် သြဂုတ် ၁၈ ရက် တွင် ရေနံစျေးတစ်စည် ၈၆ ဒေါ်လာဝန်းကျင် သာရှိခဲ့ရာမှ စက်တင်ဘာ ၁၆ ရက်တွင် တစ် စည် ၉၆ ဒေါ်လာဝန်းကျင်အထိ မြင့်တက် ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင် များတွင် ရောင်းချခဲ့သောစျေးနှုန်းများအနေ ဖြင့် ၂၀၂၃ ခုနှစ် သြဂုတ် ၄ ရက်တွင် ဒီဇယ် တစ်လီတာလျှင် ကျပ် ၂၄၀၀၊ အောက်တိန်း 92 Ron တစ်လီတာ၂၁၂၅ကျပ်၊ အောက် တိန်း 95 Ron တစ်လီတာ ကျပ်၂၂၄၀ ရှိခဲ့ သည်။ သြဂုတ် ၉ ရက်တွင် ဒီဇယ် တစ်လီတာ လျှင် ကျပ် ၂၃၆၀၊ အောက်တိန်း 92 Ron တစ်လီတာ၂၁၉၅ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ကျပ်၂၃၁၀ ရှိခဲ့သည်။ သြ ဂုတ် ၁၉ ရက်တွင် ဒီဇယ်တစ်လီတာလျှင် ၂၄၂၅ကျပ်၊အောက်တိန်း 92 Ron တစ်လီ တာ၂၂၃၅ကျပ်၊ အောက်တိန်း 95 Ron တစ် လီတာ ၂၃၄၅ ကျပ်ရှိခဲ့ရာမှ စက်တင်ဘာ ၁၆ ရက်တွင် ဒီဇယ်တစ်လီတာ ၂၆၅၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၇၂၅ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၂၄၄၀ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ၂၅၆၅  ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ လျှင် ၂၇၂၅ ကျပ်အထိ မြင့်တက်လာခြင်းဖြစ် သည်။

ကမ္ဘာ့ရေနံစျေး  WTI သည် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် တစ်စည် ဒေါ်လာ ၇၅ ဝန်းကျင်ရှိပြီး ရန်ကုန်မြို့ရှိ စက် သုံးဆီအရောင်းဆိုင်များတွင် ရောင်းချခဲ့သော စျေးနှုန်းများအနေဖြင့် ၂၀၂၁ ခုနှစ် စက်တင် ဘာ ၁၈ ရက်တွင် ဒီဇယ်တစ်လီတာလျှင် ကျပ် ၁၁၉၀၊ အောက်တိန်း 92 Ron တစ်လီ တာ ၁၁၉၅ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ၁၂၁၅ ကျပ်ရှိခဲ့သည်။

 

Most Read

Most Recent