ပုပ္ပားမယ်တော်ကြီး ချိုးရေတော်သုံးပွဲတော် အခမ်းအနား အနယ်နယ်အရပ်ရပ်မှ လာရောက် သူများဖြင့် စည်ကား

ပုပ္ပားမယ်တော်ကြီး ချိုးရေတော်သုံးပွဲတော် အခမ်းအနား အနယ်နယ်အရပ်ရပ်မှ လာရောက် သူများဖြင့် စည်ကား
Published 10 September 2023

ဓာတ်ပုံ/သတင်း - သက်ထွန်းအောင်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ ငယ်တိုးကျေးရွာအုပ်စု၊ ရွှေလွန်းရပ်တွင် တည်ရှိသည့် ပုပ္ပားမယ်တော်ကြီး ချိုးရေတော်သုံးပွဲတော် အခမ်းအနားအား စက်တင်ဘာ ၁၀ ရက်တွင် ကျင်းပခဲ့ရာ အနယ်နယ် အရပ်ရပ်မှ လာရောက်သူများဖြင့် စည်ကားခဲ့ကြောင်း သိရှိရပါသည်။

ပုပ္ပားမယ်တော်ကြီးရုပ်တုကို နတ်နန်းအတွင်းမှ ပင့်ဆောင်ကာ ချိုးရေတော်သုံးပွဲတော်အခမ်းအနားကို နတ်နန်းရှေ့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ပွဲတော်ရက်မတိုင်မီနှင့် ပွဲတော်ရက်အတွင်း မြန်မာနိုင်ငံအတွင်းရှိ အနယ်နယ် အရပ်ရပ်မှ ကိုးကွယ်ယုံကြည်သူများသည် လာရောက်ကာ ပန်းဆက်သခြင်းများပြုလုပ်ကြကြောင်း သိရှိရပါသည်။

ရတနာဂူဘုရားပွဲတော်နှင့် ပုပ္ပားမယ်တော်ကြီးနတ်ပွဲတော်သည် ဝါခေါင်လပြည့်ကျော် ၇ ရက် မှ စတင်ကာ နတ်ညီလာခံများ၊ ၈ ရက်နှင့် ၉ ရက်များတွင် တက်ပွဲနှင့် ချော့ပွဲများကျင်းပခဲ့ပြီး ၁၀ ရက်နေ့တွင် ချိုးရေတော် ပွဲ၊ ၁၁၊ ၁၂၊ ၁၃၊ ရက်များတွင် တက်ပွဲများနှင့် ၁၄ ရက်တွင် ထိန်ခုတ်ပွဲ၊ မယ်တော်ကြီးပြန်ပို့ပွဲများ၊ သမိုင်းဝင် ရတနာ့ဂူမြတ်စွာဘုရားပွဲတော်အတွက် ဝါခေါင်လကွယ်နေ့ နံနက်ပိုင်းတွင် သံဃာ ၁၅၀ အား ဆွမ်းလောင်းလှူခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent