■ ဘယ်သူအကောင်းဆုံးလဲ     

■ ဘယ်သူအကောင်းဆုံးလဲ     
Photo : UEFA
Photo : UEFA
Published 30 August 2023
Wai Yan Aung

ဩဂုတ်(၃၁)။ အဲဒီနေ့ကို စောင့်မျှော်နေတဲ့ ဘောလုံးပရိသတ်တွေ အများကြီးရှိပါတယ်။ အကြောင်းကတော့ ချန်ပီယံလိဂ်မဲခွဲပွဲနဲ့ ဥရောပအကောင်းဆုံးဘောလုံးသမားဆုပေးပွဲ ကျင်းပမှာကြောင့်ပါပဲ။ ပြည့်ပြည့်စုံစုံပြောရရင်တော့ ဩဂုတ် (၃၁)မှာ ၂၀၂၃-၂၄ ရာသီအတွက် ချန်ပီယံလိဂ်အုပ်စုအဆင့်မဲခွဲပွဲနဲ့အတူ ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ရာသီအတွက် အကောင်းဆုံးအမျိုးသား၊ အမျိုးသမီးကစားသမားဆုနဲ့ နည်းပြဆုတွေ ချီးမြှင့်သွားမှာပါ။ ပရိသတ်တွေအနေနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အကြောင်းအရာနှစ်ခုကို တစ်ပြိုင်နက်ခံစားကြရမှာဖြစ်ပြီး ချန်ပီယံလိဂ်မဲခွဲပွဲမှာ ဘယ်အသင်းတွေ အုပ်စုကျပ်ထဲရောက်မလဲ၊ ဘယ်အသင်းတွေ ထိပ်တိုက်တွေ့ကြမလဲဆိုတာနဲ့ ဘယ်သူတွေ အကောင်းဆုံးဆုရမလဲဆိုတာ ရင်ခုန်ကြရမှာပါ။ ဘယ်အကြောင်းအရာက ပိုပြီးရင်ခုန်စရာကောင်းမလဲဆိုရင်တော့ စိတ်ခံစားမှုအပေါ်မူတည်ပြီး နှစ်ခြမ်းကွဲသွားမှာ သေချာပါတယ်။ ဒါပေမဲ့ UEFA ရဲ့ အကောင်းဆုံးဆုတွေကို ဘယ်သူတွေ ရရှိမလဲ ဆိုတာကိုတော့ စိတ်ဝင်စားသူပိုများနိုင်ပါတယ်။ အထူးသဖြင့် အကောင်းဆုံးအမျိုးသားကစားသမားဆုအတွက် မက်ဆီ၊ ဒီဘရိုင်းနားနဲ့ ဟော်လန်းတို့ရဲ့ အားပြိုင်မှုကိုပါပဲ။

 

Most Read

Most Recent