Belt and Road အဆိုပြုချက် ၁၀ နှစ်ပြည့်ခေါင်းစဉ်ဖြင့် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံဆွေးနွေးပွဲ ရန်ကုန်မြို့တွင် ကျင်းပ

Belt and Road အဆိုပြုချက် ၁၀ နှစ်ပြည့်ခေါင်းစဉ်ဖြင့် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံဆွေးနွေးပွဲ ရန်ကုန်မြို့တွင် ကျင်းပ
Published 25 August 2023

မြန်မာနိုငံဆိုင်ရာ တရုတ်သံရုံးက ကမကထပြု၍ Belt and Road အဆိုပြုချက် ၁၀ နှစ်ပြည့်မြောက်ခြင်း ခေါင်းစဉ်ဖြင့် သြဂုတ် ၂၃ ရက်တွင် မီဒီယာတွေ့ဆုံပွဲတစ်ရပ်ကို ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်တွင် ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင် ရာတရုတ်သံရုံးမှ သံမှူးကြီး Dr.Zheng Zhihong နှင့် တာဝန်ရှိသူများ၊ ပြန်ကြားရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံမှ သတင်းမီဒီယာများနှင့် မြန်မာနိုင်ငံအခြေစိုက် တရုတ်သတင်းမီဒီယာအဖွဲ့အစည်းများ တက်ရောက်ခဲ့သည်။

ထို့နောက် တွေ့ဆုံပွဲတွင် Belt and Road ၁၀ နှစ်ပြည့် တည်ဆောက်မှုရလဒ်များအကြောင်း မိတ်ဆက်ဗီဒီယိုပြသခဲပြီး သံမှူးကြီးက အမှာစကားပြောကြား၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

သံမှူးကြီးက အဆိုပြုချက်သည် ၁၀ နှစ်ကြာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် ပွင့်လင်း မြင်သာ၍အားလုံးပါဝင်သော၊ အပြန်အလှန် အကျိုးပြုသော၊ အကျိုးတူပူးပေါင်းဆောင်ရွက်သော နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ကျယ်ကျယ်ပြန့်ပြန့်ကြိုဆိုနေသော ကမ္ဘာလုံးဆိုင်ရာ Public goods ဖြစ်လာပြီဖြစ်ကြောင်း၊ အားလုံး၏ အတူတကွကြိုးပမ်းမှုများကြောင့် စင်္ကြံခြောက်ခု၊ လမ်းခြောက်လမ်း၊ နိုင်ငံများစွာနှင့် ဆိပ်ကမ်းများစွာ အပြန်အလှန်ချိတ်ဆက်သည့် ဖွဲ့စည်းမှုပုံစံကို အခြေခံအားဖြင့် ဖွဲ့စည်းပုံဖော်ထားနိုင်ပြီး အကျိုးတူဖြစ်ထွန်းမှုစီမံကိန်းများစွာကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း၊ လမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံများ၊ ဒေသများ၏ ကုန်သွယ်မှုများ လွတ်လပ်မှု၊ အဆင်ပြေ ချောမွေ့မှုခြေအနေများ ဆက်တိုက်မြင့်မားလာခဲ့ပြီး စက်မှုလုပ်ငန်းကွင်းဆက်၊ ထောက်ပံ့ရေးကွင်းဆက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုများပြားလာကြောင်း၊ ယခုနှစ်သည် အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ခြင်းနှင့် ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားစွာဆက်ဆံခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းခြင်း၊ အားလုံးပါဝင်ခြင်းဟူသော အိမ်နီးချင်း သံတမန်ဆက်ဆံရေးဆိုင်ရာ အယူအဆကို အဆိုပြုခဲ့သည့် ၁၀ နှစ်ပြည့်နှစ်လည်းဖြစ်ကြောင်း၊ Belt and Road အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတက်မှုသည် အေးအတူပူအမျှအသိုက်အဝန်းကို သက်ဝင်လှုပ်ရှားစွာ လက်တွေ့ဖော် ဆောင်မှုနှင့် အရေးပါသောလမ်းကြောင်းဖြစ်ကြောင်း၊ ဘေးပတ်ဝန်းကျင်နိုင်ငံများသည် Belt and Road အတူတည်ဆောက်ရေးတွင် အရေးပါသော ပါဝင်သူများနှင့် အကျိုးခံစားရသူများဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် တရုတ်-မြန်မာ Belt and Road အတူတည်ဆောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတည်ငြိမ်စွာ မြင့်တင်ဆောင်ရွက်လျက်ရှိပြီး ကြီးမားသော အလားအလာများရှိနေကြောင်း၊ နောက်ထပ် ဆယ်စုနှစ်ကို မျှော်မှန်းကြည့်ပါက Belt and Road အတူတည်ဆောက်ရေးသည် တရုတ်နိုင်ငံနှင့် ကမ္ဘာကြီးအတွက် အခွင့်အလမ်းသစ်များကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ တရုတ်- မြန်မာ နှစ်ဦးနှစ်ဖက်သည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းကို အတူတကွ တည်ဆောက်လျက်ရှိကြောင်း၊ တစ်ချိန်တည်းတွင် နှစ်ဦးနှစ်ဖက်သည် ဆက်သွယ်ရေးလိမ်လည်မှု စသည့်နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို ပူးပေါင်းတိုက်ဖျက်မှုများ ပိုမိုဆောင်ရွက်သင့်ပြီး Belt and Road အတူတည်ဆောက်ရေးအတွက် သန့်ရှင်းသော ပတ်ဝန်းကျင်ကို ဖန်တီးသင့်ကြောင်း စသည်ဖြင့် သံမှူးကြီး Dr.Zheng Zhihong က ပြောကြားသည်။

ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနှင့် တရုတ်နိုင်ငံ မီဒီယာကိုယ်စားလှယ်များက Belt and Road ကိစ္စရပ်များ၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ရေးဆိုင်ရာကိစ္စရပ်များ၊ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေး လိမ်လည်မှုများအား ပူးပေါင်းတိုက်ဖျက်ရေး၊ မီဒီယာကဏ္ဍ ကူးလူးဖလှယ်ပူးပေါင်း ဆောင်ရွက်ရေးစသည်တို့နှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

Most Read

Most Recent