မော်လမြိုင်အကျဉ်းထောင်အသစ်အား မော်လမြိုင်မြို့နယ် မင်းရွာကျေးရွာတွင် တည်ဆောက်နေကြောင်း သိရ

မော်လမြိုင်အကျဉ်းထောင်အသစ်အား မော်လမြိုင်မြို့နယ် မင်းရွာကျေးရွာတွင် တည်ဆောက်နေကြောင်း သိရ
အသစ်တည်ဆောက်နေသည့် မော်လမြိုင်အကျဉ်းထောင် အသစ်အား တွေ့ရစဉ်
အသစ်တည်ဆောက်နေသည့် မော်လမြိုင်အကျဉ်းထောင် အသစ်အား တွေ့ရစဉ်
Published 24 June 2023
ဘိုဘိုမြင့်

မော်လမြိုင်အကျဉ်းထောင်အသစ်အား မော်လမြိုင်မြို့နယ်၊ မင်းရွာကျေးရွာတွင် တည်ဆောက်နေကြောင်း ပြည်နယ်အစိုးရ အဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

အသစ်တည်ဆောက်နေသည့် မော်လ မြိုင်အကျဉ်းထောင် အသစ်အား ဇွန်လ ၂၃ ရက်က မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင် ကြည်သိန်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း၊ မော်လမြိုင် အကျဉ်းထောင်သစ် ဆောက်လုပ်မှုလုပ်ငန်းကို သတ်မှတ် စံညီ စံညွှန်းများနှင့် အညီ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရန် မွန်ပြည်နယ်ဝန်ကြီးချုပ် က ညွှန်ကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် တည်ဆောက်ရေးကုမ္ပဏီအဖွဲ့များမှလည်း စေတနာထားကာ ၀ိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ရန်နှင့် လိုအပ်သည်များ ကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ကြရန် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင် ကြည် သိန်းက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

မော်လမြိုင်အချုပ်ထောင် အသစ်တွင် ဗဟိုကင်း သုံးထပ် အဆောက်အအုံ၊ အကျဉ်း သား နှစ်ထပ်အိပ်ဆောင်၊ ထမင်းစားဆောင်၊ ခြံစည်းရိုးကာရံခြင်းနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း သိရ သည်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ကျိုက်မရော ဗဟို အကျဉ်းထောင်၊ သထုံမြို့ နယ်တွင် သထုံအကျဉ်းထောင်၊ မော်လမြိုင် မြို့နယ်တွင် မော်လမြိုင်အချုပ်ထောင် အပြင် ပေါင်မြို့နယ်တွင် ဇင်းကျိုက်၊ အင်းဗြောင်၊ မာလာဖူး၊ ဘီးလင်းမြို့နယ်တွင် တောင်စွန်း၊ ကျိုက်ထိုမြို့နယ်တွင် အင်္ဂဘို၊ မုပ္ပလင် အစ ရှိသည်ဖြင့် အကျဉ်းစခန်း နှင့် အလုပ်စခန်း များတည်ရှိကြကြောင်း သိရသည်။

Most Read

Most Recent