■ အာဆီယံဒေသ ကုန်ထုတ်လုပ်မှုအခြေအနေတွင် မြန်မာနိုင်ငံသည် ၃၂ လအတွင်း ပထမဆုံးအကြိမ်အဖြစ် ထိပ်ဆုံးမှ ဦးဆောင်လာ
အာဆီယံဒေသ ကုန်ထုတ်လုပ်ရေးတိုးတက်မှုအခြေအနေတွင် မြန်မာနိုင်ငံသည် ၃၂ လအတွင်း ပထမဆုံးအကြိမ်အဖြစ် ထိပ်ဆုံးမှ ဦးဆောင်လာကြောင်း ၂၀၂၃ ခုနှစ် မတ်လအတွက် ထုတ်ပြန်သည့် S&P Global အာဆီယံကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းများ စစ်တမ်းတွင် ဖော်ပြထားသည်။
S&P Global အာဆီယံကုန်ထုတ်လုပ် မှု PMI ကို အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံ များမှ ထုတ်လုပ်သူ ၂၁၀၀ ခန့်ပါဝင်သည့် အဖွဲ့ များမှ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာ များ ထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများအတွက် ရရှိ သည့်ဖြေကြားချက်များအပေါ်အခြေခ ံပြီး S&P Global က တွက်ချက်ထားသည်။ ယင်းနိုင်ငံများသည် အာဆီယံထုတ်လုပ် သူ များ၏ ထပ်တိုးတန်ဖိုး ၉၈ ရာခိုင်နှုန်း ထုတ်လုပ်ပေး ကြသည်။
S&P Global ၏ နောက်ဆုံး PMI ဒေ တာအရ အာဆီယံထုတ်လုပ်ရေးကဏ္ဍသည် ပထမသုံးလပတ်အဆုံးပိုင်းတွင် ထုတ်လုပ်ရေးအခြေအနေများ ရှေ့ဆက်တိုးတက်လာ ခဲ့ခြင်းကို မှတ်တမ်းတင်ခဲ့သည်။ သို့သော် လည်း တိုးတက်မှုအရှိန်မှာ ဖေဖော်ဝါရီလ ထက် အားပျော့လာခဲ့ပြီး ကုမ္ပဏီများက ထုတ် လုပ်မှုနှင့် အော်ဒါအသစ်ရရှိမှုနှုန်းများ နှေး လာကြောင်းကို ထောက်ပြလျက် ဝယ်ယူသို လှောင်မှုများနှင့် အလုပ်နေရာနှစ်ရပ်စလုံး ကျဆင်းသွားခဲ့သည်။
အဓိကအကျဆုံး S&P Global အာဆီယံ ထုတ်လုပ်မှုဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း PMI ကို မတ်လတွင် ၅၁ ဒသမ ၀ ၌ မှတ်တမ်းတင်လိုက်ရာ ဖေဖော်ဝါရီလ၏ ၅၁ ဒသမ ၅ ထက် နိမ့်ကျသွားသည်။ နောက်ဆုံး အညွှန်းကိန်းက လုပ်ငန်းအခြေအနေများ တိုးတက်လာခဲ့သည့် လက်ရှိအစဉ်ကို ၁၈ လ ဆက် တိုက်သို့ ဆွဲဆန့်ပေးလိုက်သော်လည်း ဒသမ ဂဏန်းမျှ ဖြစ်ခဲ့သော ဖေဖော်ဝါရီလ ၏ တိုး တက်မှုနှုန်းထက် အားပျော့နေကြောင်း ညွှန်ပြနေသည်။
ဒေတာကို နိုင်ငံအလိုက် ခွဲခြမ်းကြည့်ပါ က အာဆီယံနိုင်ငံများတွင် အကျုံးဝင်သည့် ခုနစ်နိုင်ငံအနက် လေးနိုင်ငံတွင် လုပ်ကိုင်မှု အခြေအနေများ တိုးတက်လာကြောင်း တွေ့ နိုင်ပြီး မြန်မာနိုင်ငံသည် ၃၂ လအတွင်း ပထမ ဦးဆုံးအကြိမ် တိုးတက်ထုတ်လုပ်ရာတွင် ထိပ်ဆုံးမှ ဦးဆောင်လာခဲ့သည်။ ထို့ပြင် မြန် မာနိုင်ငံထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေ တိုးတက်လာမှုမှာ ပြင်းထန်ခဲ့ပြီး သက်ဆိုင် ရာ PMI သည် မတ်လတွင် စံချိန်တင် ၅၅ ဒသမ ၅ သို့ တက်လှမ်းလိုက်သည်။
ထိုင်းနိုင်ငံသည် PMI သုံးလအတွင်း အနိမ့်ဆုံး ၅၃ ဒသမ ၁ သို့ နိမ့်ကျသွားလျက် ဒုတိယနေရာသို့ ဆင်းပေးလိုက်ရသည်။ သို့သော် လည်း တိုးထုတ်လုပ်မှုနှုန်းမှာမူ ခြုံကြည့်လျှင် ခိုင်မာလျက်ရှိနေသေးသည်။ ဖိလစ်ပိုင်နိုင်ငံတွင်ပါ မသိမသာ ကျဆင်းမှုကို အစီရင်ခံကြ ပြီး PMIအညွှန်းကိန်းမှာ ၅၂ ဒသမ ၅ တွင်ရှိနေလျက် ခုနစ်လအတွင်း အားအပျော့ဆုံးဦး မော့မှုဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းရှိ ထုတ်လုပ် သူတို့က ထုတ်လုပ်ရေးကဏ္ဍ၏အခြေအနေ တိုးတက်လာမှုကို ထောက်ပြခဲ့ကြသော် လည်း မသိမသာမျှ အားကောင်းခဲ့ပြီး အသင့် အတင့်ဖြစ်လျက် PMI အညွှန်းကိန်းမှာ ခြောက်လအတွင်း အမြင့်ဆုံး ၅၁ ဒသမ ၉ တွင် ရှိ နေသည်။
စင်ကာပူနှင့် မလေးရှားနှစ်နိုင်ငံစလုံး တို့သည် မတ်လတွင် ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းအခြေအနေများ ဆုတ်ယုတ်လာမှု ကို ထောက်ပြခဲ့ကြသည်။ ထို့ပြင် စင်ကာပူ နိုင်ငံတစ်ဝန်းရှိ ထုတ်လုပ်သူတို့က ဖေဖော် ၀ါရီလတွင် မြင်ခဲ့ရသည်ထက် ပိုအားကော င်းသော ကျဆင်းမှု(PMI ၄၈ ဒသမ ၉) ကို အစီရင်ခံခဲ့ကြသည်။ မလေးရှားနိုင်ငံတွင် ပြောင်း ပြန်ဖြစ်ခဲ့ပြီး ကျဆင်းမှု(၄၈ ဒသမ ၈)သည် လွန်ခဲ့သောနှစ် စက်တင်ဘာတွင် စတင်ခဲ့သည့် လက်ရှိကျဆင်းမှုအစဉ်တွင် အားအပျော့ဆုံ းဖြစ်လာသည်။
မတ်လတွင် အဆိုးရွားဆုံးစွမ်းဆောင် ရည်ကို ပြသခဲ့သည်မှာ ဗီယက်နမ်ဖြစ်ပြီး PMI မှာ ၄၇ ဒသမ ၇ တွင်ရှိနေခဲ့သည်။ ဗီယက်နမ်ထုတ်လုပ်ရေးကဏ္ဍက လုပ်ငန်း အခြေ အနေများ ဆိုးရွားလာခြင်းကို မှတ် တမ်း တင်ခဲ့သည်မှာ စစ်တမ်း၏ လွန်ခဲ့သော ငါးလအတွင်း လေးလမြောက်ဖြစ်လာသည်။
အာဆီယံ PMIသည် ၁၈ လမြောက် ဆက်တိုက်တိုးတက်မှုနယ်ပယ်တွင်ရှိနေ လျက် အညွှန်းကိန်း ၅၁ ဒသမ ၀ မှာ ထိုကာလ အတွက် ပျမ်းမျှထက် နိမ့်ကျနေကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။
မည်သို့ပင်ဖြစ်စေ တိုးတက်ထုတ်လုပ်မှု နှုန်းမှာ ဖေဖော်ဝါရီလထက် အားပျော့လာခဲ့ သည့်တိုင်အောင် ထုတ်လုပ်မှုသည် မတ်လ တွင် အားကောင်းလျက်ရှိနေခဲ့ကြောင်း၊ အ ကျိုးဆက်အဖြစ် ကုမ္ပဏီများသည် ၎င်းင်းတို့၏ ဝယ်ယူရေးလုပ်ငန်းများကို တိုးတက်ပြုလုပ်ခဲ့ ကြခြင်းဖြင့် သွင်းအားစု ဝယ်ယူမှု တိုးမြှင့်လာ ခဲ့သည့် လက်ရှိကာလကို ၁၈ လသို့ ဆွဲဆန့် ပေးလိုက်သည်။
လုပ်ငန်းအသစ် မှာယူမှုများပါ နောက် ဆုံးစစ်တမ်းလအတွင်း မြင့်မားလာခဲ့သည်။ သို့သော်လည်း တိုးတက်ထုတ်လုပ်မှုနှုန်းမှာမူ ဒသမဂဏန်းမျှရှိခဲ့ပြီး ၂၀၂၂ ခုနှစ် တစ် လျှောက် မြင်ခဲ့ရသည့်နှုန်းအများစုထက် နှေး ခဲ့ကြောင်း ဖော်ပြထားသည်။
“ပထမသုံးလပတ်ကုန်ဆုံးချိန်မှာ လုပ် ငန်းအခြေအနေတွေ တိုးတက်လာနေတာကို အာဆီယံထုတ်လုပ်ရေးကဏ္ဍက ဆက်ပြီးအ စီရင်ခံပါတယ်။ ဒေသတစ်ဝန်းမှာ ထုတ်လုပ် မှုနဲ့ ဝယ်ယူရေးလုပ်ငန်းတွေ တိုးတက်လာပုံ ဟာ အားကောင်းပြီး သမိုင်းစဉ်အရ အရှိန် မြင့်မားနေပါတယ်” ဟု အာဆီယံကုန်ထုတ် လုပ်မှု PMI ဒေတာကို သုံးသပ်လျက် S&P Global Market Intelligence မှ စီးပွားရေး ပါရဂူ Maryam Baluch က ပြောကြားခဲ့ သည်။
■ မတ်လအတွင်း အမြန်ဆုံးနှုန်းဖြင့် မြင့်တက်လာသည့် မြန်မာ့ကုန်ထုတ်လုပ်မှုကဏ္ဍ
၂၀၂၃ ခုနှစ် မတ်လအတွင်း မြန်မာ့ ကုန် ထုတ်လုပ်မှုကဏ္ဍ အမြန်ဆုံးနှုန်းဖြင့် မြင့် တက်လာပြီး အော်ဒါအသစ်များ စံချိန် တင် နီးပါး ရရှိခဲ့ကြောင်း၂၀၂၃ ခုနှစ် မတ်လ အ တွက် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်းများ အစီရင်ခံစာတွင် ဖော်ပြ ထားသည်။
S&P Global မြန်မာထုတ်လုပ်မှု PMI ကို ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့်အဖွဲ့ တစ်ခုမှ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ ထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများအတွက် ရ ရှိသည့်ဖြေကြားချက်များကို အခြေခံပြီး တွက်ချက်ထားခြင်းဖြစ်ကြောင်း သိရသည်။
မတ်လဒေတာက မြန်မာနိုင်ငံထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းတွင် အခြေအနေအ ခိုင်အမာတိုးတက်လာနေကြောင်း အချက်ပြ နေသည်။ ထုတ်လုပ်မှုသည် မှတ်တမ်းတွင် အမြန်ဆုံးနှုန်းဖြင့် မြင့်တက်လာခဲ့ပြီး အော် ဒါအသစ်များပါ စံချိန်တင်နီးပါး တိုးရခဲ့သည်။ ကုမ္ပဏီများက ဦးမော့လာမှုကိုအဓိကအား ဖြင့် စျေးဝယ်များဘက်မှ ဝယ်လိုအား ကော င်းလာခြင်းနှင့် စျေးဝယ်များ ဦးရေတိုးလာ ခြင်းဖြင့် ရှင်းပြကြကြောင်း၊ ထို့ပြင် ပေးသွင်း မှုပြီးဆုံးရန် ပျမ်းမျှကြာမြင့်ချိန်များမှာ တစ် နှစ်ခွဲအတွင်း အနည်းဆုံးအဆင့်ဖြင့် တိုးလာ ခဲ့ရာ ပစ္စည်းပေးသွင်းရေးကွင်းဆက်များ၏ ဖိအးပေးမှုများမှာ ပထမသုံးလပတ်အကုန် ပိုင်းတွင် အားပျော့လာခဲ့ကြောင်း ဖော်ပြ ထားသည်။
သို့သော်လည်း ကုန်ကြမ်းရှားပါးမှုမှာ စိုးရိမ်စရာဖြစ်နေသေးပြီး မကြာခင်က ဝယ် လိုအား ထိုးတက်လာခြင်းနှင့်ပေါင်းစပ်မိ သည့်နောက် ငွေကြေးဖောင်းပွမှုနှုန်းဆိုင်ရာ ဖိအားပေးမှုများမှာပြင်းထန်လျက် ကျန်ရှိနေ သည်။ ကုန်ကျမှုစရိတ်စကများသာမက ရော င်းစျေးများပါ လွန်ခဲ့သည့်နှစ် စက်တင်ဘာ တွင် စံချိန်တင်အမြန်ဆုံးနှုန်းများကို အစီရင် ခံခဲ့မှုမှစပြီး အမြန်ဆုံးနှုန်းများဖြင့် မြင့်တက် လာခဲ့ကြသည်။
“မြန်မာနိုင်ငံရဲ့ ထုတ်လုပ်ရေးကဏ္ဍ ဟာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ စတင်ခဲ့တဲ့ ဒေတာစုစည်းမှုအတွင်း အားအကောင်းဆုံး စွမ်းဆောင်ရည်ကို အချက်ပြလိုက်ခြင်းဖြစ် ပြီး အဓိကအကျဆုံးအညွှန်းကိန်း PMI မှာ မှတ်တမ်းထဲက ပူးတွဲအမြင့်ဆုံးနေရာမှာရှိနေ ပါတယ်။ ထုတ်လုပ်မှုရော အော်ဒါအသစ် တွေပါ အားကောင်းစွာ ကြီးထွားလာခြင်း၊ ဝယ်ယူမှုတွေ လျင်မြန်စွာ တိုးလာတာနဲ့ လုပ် သားဦးရေ တည်ငြိမ်လာမှု အားလုံးတို့ဟာ အ ရင်တုန်းက မျှော်လင့်ခဲ့ရတာထက် အလာ း အလာပိုကောင်းတဲ့နှစ်ကို ထောက်ပြနေပါ တယ်။ ထုတ်လုပ်သူတို့အကြားက ယုံကြည်မှု ဟာလည်း သမိုင်းစဉ်အရ အားပျော့နေတယ် လို့ ပြောနိုင်ပေမဲ့ မြင့်တက်လာခဲ့ကာ ၂၆ လ အတွင်း အမြင့်ဆုံးနေရာမှာ မှတ်တမ်းတင် လိုက်ပါတယ်”ဟု ် S&P Global Market Intelligence မှ စီးပွားရေး ပညာရှင် Maryam Baluch က ပြောကြားခဲ့ သည်။
အဓိကအကျဆုံး S&P Global မြန်မာ ထုတ်လုပ်မှုအညွှန်းကိန်းPMI ထုတ်လုပ်ရေး စွမ်းဆောင်မှုကို ဖော်ပြပေးသော ပေါင်းစပ် ထားသည့် တစ်ခုတည်းသော အညွှန်းကိန်း မှာ မတ်လတွင် ၅၅ ဒသမ ၅ တွင်မှတ်တမ်း တင်လိုက် ရာ ဖေဖော်ဝါရီလ၏ ၅၁ ဒသမ ၁ ထက် တစ်ဟုန်ထိုးတက်သွားခဲ့သည်။ ဒုတိယ လမြောက်အ ခြေအနေ ပိုကောင်းလာခြင်းကို အချက်ပြနေ သည့် အဓိကအကျဆုံးအညွှန်း ကိန်းမှာ လွှမ်း ခြုံကြည့်လျှင် မှတ်တမ်းထဲတွင် ပူးတွဲအမြင့်ဆုံးဖြစ်လာသည်။ ထုတ်လုပ် ရေး ကဏ္ဍထဲတွင် တိုးတက်မှုကို မောင်းနှင်ပေး ခဲ့ကြသည်မှာ ထုတ်လုပ်မှုနှင့်အော်ဒါအသစ် များ အားကောင်းသည့် တိုးတက်မှုဖြစ်သည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ ကုန်စည်ထုတ် လုပ်သူတို့က ဝယ်လိုအားနှင့်စျေးဝယ်အသစ် များပါ တိုးမြင့်လာမှုက စက်ရုံအော်ဒါနှစ်ရပ် စလုံးကို တတိယမြောက်လ ဆက်တိုက်တိုး လာစေခဲ့ကြောင်း ထောက်ပြခဲ့ကြသည်။
ထုတ်လုပ်မှုနှင့်အော်ဒါအသစ်များဆိုင် ရာ ကိန်းဂဏန်းများ မြင့်တက်လာသည်နှင့် အညီ ဝယ်ယူရေးလုပ်ငန်းများပါ မတ်လတွင် မြန်ဆန်လာပြီး စံချိန်တင်နှုန်းဖြစ်လာသည်။
မြန်မာထုတ်လုပ်ရေးကုမ္ပဏီများက မတ်လတွင် လုပ်သားဦးရေအပြောင်းအလဲမ ရှိကြောင်း အစီရင်ခံခဲ့ကြပြီး ၂၀၂၂ ခုနှစ် ဇူ လိုင်လတွင် စတင်ခဲ့သည့်အလုပ်နေရာဖြတ် တောက်မှုများကို အဆုံးသတ်လိုက်သည်။ လုပ်ငန်းများ အားကောင်းစွာ တိုးချဲ့လာရမှု၏ ရလဒ်အဖြစ် အလုပ်သမားငှားရမ်းမှုများ တိုး လာမှုက အခြားနေရာများရှိ အချို့သော ကုမ္ပဏီများတွင် အလုပ်မှ နုတ်ထွက်မှုများကို ကာမိစေခဲ့သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ကုန်ကြမ်းရှားပါးမှု များကတော့ တစ်ချိန်လုံးစိုးရိမ်ရတဲ့အချက် ဖြစ်မြဲဖြစ်နေတုန်းပါပဲ။ တစ်စိတ်တစ်ပိုင်း အားဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ တားမြစ်အရေးယူမှုတွေကြောင့် ပစ္စည်းပေး သွင်းမှု ကွင်းဆက်များနဲ့ ထုတ်လုပ်နိုင်စွမ်း နှစ်ရပ်စလုံးအပေါ် ဖိအားပေးမှုတွေရှိနေမှု ကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် မကြာခင်က ဝယ်လိုအားမြင့်မားလာမှုနဲ့အတူ မတ်လဒေ တာက ငွေကြေးဖောင်းပွမှုနှုန်းရဲ့ဖိအားပေး မှုတွေ ရှေ့ဆက်ပြင်းထန်လာနေတာကိုပါ ညွှန်ပြနေပါတယ်။ ဝယ်လိုအားဟာ ဆက် လက်အားကောင်းနေဦးမယ်ဆိုရင် ငွေကြေး ဖောင်းပွမှုနှုန်းဟာ အနာဂတ်တိုးတက်မှုကို ခြိမ်းခြောက်လာနိုင်ပါတယ်”ဟု စီးပွားရေး ပညာရှင် Maryam Baluch က ပြောကြား ခဲ့သည်။
မည်သို့ပင်ဖြစ်စေကာမူ ပစ္စည်းပေးသွင်း ရေးကွင်းဆက်များ၊ ထုတ်လုပ်မှုစွမ်းအားနှင့် ငွေကြေးဖောင်းပွမှုဖိအားပေးမှုများသည် နောက်ဆုံးလအတွင်း ရှိမြဲရှိနေခဲ့သည်။
ကုန်ကြမ်းရှားပါးနေချိန်တွင် လျှပ်စစ် ပြတ်တောက်မှုများပါ ရှိလာခြင်းကြောင့် မပြီး ဘဲကျန်ရစ်နေသည့် အလုပ်ပမာဏများ ရှေ့ ဆက်တိုးလာစေခဲ့ကြောင်းလည်း စစ်တမ်း တွင် ဖော်ပြထားသည်။
■










