အဖိုးတန်နေ့ရက်လေးတွေ

အဖိုးတန်နေ့ရက်လေးတွေ
မဟာသင်္ကြန် ကာလအတွင်း မိုးကုတ်ဝိပဿနာတရားစခန်း ဝင်ရောက်သူများအား တွေ့ရစဉ် (ဓာတ်ပုံ-စည်သာ၊တောင်ကြီး)
မဟာသင်္ကြန် ကာလအတွင်း မိုးကုတ်ဝိပဿနာတရားစခန်း ဝင်ရောက်သူများအား တွေ့ရစဉ် (ဓာတ်ပုံ-စည်သာ၊တောင်ကြီး)
Published 19 April 2023
မောင်မြင့်ဝင်း

အခုဆိုရင် သင်္ကြန်ဆိုတဲ့ အရာကြီးလည်း ပြီးဆုံးလို့ သွားခဲ့ပြီ။ သင်္ကြန်ကာလမှာ သင်္ကြန်ရေဆော့သူရော သင်္ကြန် မဆော့ကြသူတွေပါ သင်္ကြန်ရဲ့ အရသာကြီးကို ခံစား ခဲ့ကြရပြီ။ သင်္ကြန်တွင်းကာလမှာ နှစ်ဟောင်း က အညစ်အကြေးတွေကို သင်္ကြန်ရေအေးနဲ့ ဆေးကြောကြသူတွေ ရှိကြသလို သူတော် ကောင်းတရားတွေ အားထုတ်ရင်း  နှစ်ဟောင်းက အညစ် အကြေးတွေကို စိတ်နဲ့ လျှော်ဖွပ်ကြ သူတွေလည်း ရှိကြလေရဲ့။ အချို့လည်း နှစ်သစ်မှာ စိတ်သစ်လူသစ် နဲ့ နှစ်သစ်တစ်ခု ကို ခွန်အားသစ်တွေနဲ့ ဖြတ်သန်းကြမယ်ဆို တဲ့ အတွေးတွေလည်း ရှိကြမယ်တော့ ထင် တာပါပဲ။ ဘယ်သူတွေ ဘာတွေပဲ တွေးနေ ပါစေ နှစ်ဟောင်းတစ်နှစ်ကုန်ဆုံးပြီး နှစ်သစ် တစ်ခုကို ကူးပြောင်းလိုက်တာနဲ့ အသက်တွေ ကလည်း တစ်နှစ်တော့ ကြီးသွားတာတော့ အသေအချာပါ။ အဲဒါက သေချာတဲ့ အရာ တစ်ခု။ ပြီးရင်သက်ရှိရော သက်မဲ့ရော လက်ခံ ရမယ့်အရာတစ်ခုလည်း ဖြစ်တယ်။

 အဲဒီလို အသက်တစ်နှစ် ပိုကြီးသွားတဲ့ အခါ ရုပ်ခန္ဓာကိုယ်ကြီးကတော့ အရင်လို မနု ပျို နိုင်တော့ဘူး။ တစ်နှစ်ဆိုတဲ့ ရက်ပေါင်း သုံးရာ ခြောက်ဆယ့်ငါးရက်ကြီးများတောင် ကြီးရင့်ခဲ့ရပြီလေ။ ကိုယ့်ရဲ့ အိမ်ကဘုရားစင် မှာ ကပ်လှူထာတဲ့ ဘုရားပန်းလေးတွေတောင် ဘုရားကို ကပ်လှူပြီး သုံးရက်လောက်နေရင် နွမ်းလျလို့ သွားရသေးတာ။ နေ့စဉ်တိုင်း လောဘ မောဟ သောက တွေနဲ့ ရင်ဆိုင်နေ ရတဲ့ ကိုယ်တို့တွေရဲ့ ခန္ဓာကိုယ်ကြီးကရော ရက်ပေါင်း သုံးရာ့ခြောက်ဆယ့်ငါးရက်ကြီး များတောင် နေခဲ့တာ မကြီးရင့် မပျက်စီးဘဲ နေပါတော့မလား။ ပျက်စီးမှာပေါ့။ အဲဒါကြီး ကို မပျက်စီးအောင် ထိန်းလို့မှ မရနိုင်တာ။ ခဏသာ နုပျိုတယ်ထင်ရအောင်ဖန်တီးလို့သာရမယ်။ တည်တံ့နေအောင် အဲဒါမှ မဟုတ် အမြဲ နုပျိုနေအောင် လုပ်လို့မှ မရနိုင်တာပဲ လေ။ ဒါပေမယ့် တစ်နှစ်ကူးပြောင်းပြီး နောက် တစ်နှစ် ကူးပြောင်းသွားတဲ့ စိတ်ကိုတော့ တန်ဖိုးရှိအောင် ဖန်တီးလို့ ရပါတယ်။ တန်ဖိုး နည်းအောင်လည်း လုပ်လို့ ရပါတယ်။ အဲဒီ အရာနှစ်ခုကိုတော့ အမှန်တကယ်ကို လုပ်လို့ ရတာ။

ဆိုကြပါစို့ ။ နှစ်တစ်နှစ်ကုန်သွားတဲ့အခါ ကုန်သွားတဲ့ နှစ်တစ်နှစ်ရဲ့အကြောင်းကို အဲဒီသူက စဉ်းစားကြည့်လိုက်တယ်။ အဲဒီမှာ နှစ်တစ်နှစ်ထဲမှာလုပ်သင့်တဲ့ အလုပ်တွေရော မလုပ်သင့်တဲ့ အလုပ်တွေပါ တွေ့ရပြီ။ အဲဒီ မှာလုပ်ပြီးတဲ့အရာတွေကိုတော့ အသစ်ကနေ ပြန်စဖို့ တကယ် မရတော့ဘူး။ ဒါပေမယ့် နောက်ရောက်လာမယ့်နှစ်မှာ ကုန်လွန်ပြီးတဲ့ နှစ်ကလို အမှားတွေ မလုပ်တော့ဘူးဆိုတဲ့ အသိကို ရလိုက်ရင် အတွေးကို တွေးမိလိုက် ရင် ကုန်လွန်သွားတဲ့ နှစ်ဟာ သူ့အတွက် တန်ဖိုးကြီးမားတဲ့ နှစ်ရယ်လို့ ဖြစ်လာတယ်၊ တွေးလိုက်ရုံနဲ့ တန်ဖိုးကြီးမားတယ်လို့ ဆို လိုက်လို့ ရယ်စရာတော့ကောင်းနေလေ မလားပဲ။ တကယ်တော့ အတွေးဆိုတာ မရှိဘဲ နဲ့ လက်တွေ့ဘဝဆိုတာ ဖြစ်လာတတ်တာ အတော်လေးကိုနည်းပါတယ်လေ။ စိတ်ကူး ယဉ်အိပ်မက်တွေကသာ လက်တွေ့ဘဝဆီကို ကူးပြောင်းလာတတ်ကြတာပဲ မဟုတ်လား။ အခုက နှစ်ဟောင်းက ဖြစ်ပြီးတဲ့အရာတွေကို ပြန်စဉ်းစားကာ အမှားတွေကို ထပ်မမှားရ အောင်ပြင် မယ်ဆိုတဲ့ အသိလေးတွေလည်း တွေးဖြစ်ခဲ့သလို သိစိတ်နဲ့ မှားခဲ့တဲ့ အမှားတွေ ပြီးရင် မသိစိတ်နဲ့ မှားခဲ့တဲ့အမှားတွေ အဲဒါ တွေကိုမြင်ပြီး နှစ်သစ်မှာ ပြု ပြင်မယ်ဆိုတဲ့ အသိစိတ်လေးတွေကို တွေးဖြစ်မှာ။ အဲဒီ အရာတွေက နှစ်တစ်နှစ်ကုန်ဆုံးပြီးတိုင်း တွေးဖြစ်တဲ့ အတွေးလေးတွေ။

ပြီးရင် အသက်တစ်နှစ်ပိုကြီးသွားပြီဆို တဲ့ အတွေးက ရင့်ကျက်မှုအချို့ကို ရင်ဘတ် ကြီးထဲ တိုးဝင်လာမှာက အသေအချာ။ အဲဒီ အသိစိတ်ကြီးနဲ့အတူ ဆင်ခြင်စရာ အချို့ကို ရှာတွေ့ရင်တော့ အဲဒီနှစ်တစ်နှစ် ကုန်ဆုံး သွားတာက ကိုယ့်အတွက် အကောင်းမွန်ဆုံး နှစ်တစ်နှစ်ကုန်ဆုံးသွားတယ်လို့ ဆိုရမယ် တော့ ထင်တယ်။ အဲလိုမှ မဟုတ်ဘဲ အချိန် စက်ဝိုင်းကြီးက လည်ပတ်လို့ နှစ်တွေက တစ် နှစ်ပြီးတစ်နှစ်ကုန်သွား အသက်တွေသာ တစ်နှစ်ပြီး တစ်နှစ်ကြီးသွားတယ်။ နှစ်တစ် နှစ်ကုန်တိုင်း ငါတော့ အသက်တစ်နှစ်ကြီး သွားပြီဆိုတဲ့ အသိလောက်သာ ဖြစ်နေမယ် ဆိုရင်တော့ ကုန်ဆုံးသွားတဲ့ နှစ်ကြီးဟာ နှမြောစရာ ရက်တွေသာ ဖြစ်စေမှာ။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ အတွေ့ရများနေတာ တွေက နှစ်တစ်နှစ်ကုန်သွားရင် ဟက်ပီးနယူးရီးယား လို့သာ ကုန်းအော်ပြီးရင် အရင်နှစ်တွေ တုန်း ကလို ပုံမှန်လေးအတိုင်း နေသွားကြတယ်။ ကျော်ဖြတ်ခဲ့တဲ့ နှစ်ဟောင်းအကြောင်းကို မစဉ်းစားဘူး ကြုံနေတဲ့ နှစ်သစ်ထဲက အချိန် တွေမှာပဲ ပျော်ရွှင်အောင် နေကြတယ်။ အဲဒါ ကြောင့်လည်း လေးနက်တဲ့ အတွေးခေါ်တွေ က အဝေးကို ခုန်ပေါက် ပြေးကုန်ရော။ အင်္ဂ လိပ် စကားပုံလေးတစ်ခုရှိတယ်။ အငာန ငျ ာသညနပ တဲ့။ ဆိုလိုတာကတော့ အချိန်တိုင်း ဟာ တန်ဖိုးရှိတယ်ပေါ့။  ကိုယ်ကတော့ အဲဒီ စကားကို အပြည့်အဝ လက်မခံနိုင်ပါဘူး။ ဟုတ်တယ်လေ အချိန်တိုင်းက တန်ဖိုးရှိ တယ် လို့ ခေါ်လို့ရတာမှ မဟုတ်တာပဲလေ။ ရတဲ့ အချိန်လေးထဲကနေ တန်ဖိုးရှိတာတွေ ထုတ် ယူတတ်မှသာ ပိုင်ရတဲ့ အချိန်တွေက တန်ဖိုး ရှိတာ။ ဆိုကြပါစို့ရဲ့ အကုသိုလ်အလုပ်တွေနဲ့ အချိန်ပြည့် လုပ်နေတဲ့သူရဲ့ ပိုင်ဆိုင်တဲ့ အချိန် တွေဟာ တန်ဖိုးရှိတဲ့ အချိန်တွေလို့ ပြောနိုင် ပါ့မလား။ အဖြေက နိုးတွေ တန်းစီကာ ထွက် လာလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် မြန်မာပြည်သူအများ မျှော်လင့်တောင့်တနေကြတဲ့ သင်္ကြန်ဆိုတဲ့ အရာကြီးကတော့ ပြီးသွားခဲ့ပြီ။ နှစ်သစ်ဆိုတဲ့ အရာကြီးကိုရောက်လာခဲ့ရပြီ။ ကိုယ့်ရဲ့ အမြင် ကတော့ နှစ်သစ်ဆိုတာ ကလေးတစ်ယောက် ရဲ့ စိတ်လို့ပဲ မြင်မိတယ်။ ဟုတ်တယ်လေ ကလေးတစ်ယောက်ရဲ့ စိတ်ဆိုတာ ဘာကာ လာ အရောင်အ သွးမှကို မရှိတာ။ တဖြည်း ဖြည်းကြီးရင့်လာချိန်ကို ရောက်မှသာ ကာ လာပေါင်းစုံ အဆိုးခံရတာ။ အခု နှစ်သစ် ဆိုတာလည်း ကလေးတစ်ယောက်လိုပါပဲ။ နှစ်သစ်ဦးမှာ ကာလာပေါင်းစုံ အဆိုးမခံရ သေးဘူး။ အဲဒီအချိန်ခါဆိုတာ အရေးအကြီး ဆုံး အချိန်။ မကောင်းတဲ့ ကာလာတွေအဆိုး မခံရလေအောင် ဂရုစိုက်ရမယ့်အချိန်။ ခက် တာကလည်း လူတွေရဲ့ စိတ်ဆိုတာ ကောင်းမှု တွေထက် မကောင်းတဲ့လအရာတွေ အပေါ် မှာသာ ပိုပြီးပျော်မွေ့တတ်တဲ့ သဘောဖြစ် နေလေတော့ ကာလာပေါင်းစုံ အဆိုးမခံရ လေအောင် ထိန်းဖို့က အတော်လေးကို မလွယ်ကူလှပါဘူးလေ။ အဲဒါကြောင့် စိတ်ကို အရောင်အဆိုးခံရ နည်းစေဖို့လောက်ကိုပဲ တတ်နိုင်သေ လောက် ထိန်းရမှာ။ ဆိုကြပါစို့ ကိုယ့်စိတ်ကို ခုနှစ်ရက်လောက်တော့ ကောင်း တဲ့ အရာလေးတွေပဲ လုပ်ပြီး ကိုယ်ကြိုက်တဲ့ အရောင်လေးတွေ ဆိုးနိုင်အောင် ကြိုးစား ကြမယ်ပေါ့။ တကယ်တော့ ခုနစ်ရက်ဆိုတာ အချိန်ခဏလေးပါ။ အဲဒီ ရက်တိုလေးကိုတော့ စိတ်ကိုနိုင်အောင် ထိန်း အဲဒီရက်တိုလေးကို ထိန်းနိုင်ရင် နောက်ထပ် ၁၀ ရက် ထပ်တိုး စသဖြင့်ပေါ့။ အဲဒီလိုထိန်းနိုင်တဲ့ ရက်တွေများ လာလေလေ ကိုယ့်အတွက်က အကျိုးများများ လာလေလေ ဖြစ်လာမှာ။

 အဲဒါကြောင့် ကိုယ်ကတော့ နှစ်တစ်နှစ် ပြောင်းသွားတိုင်း ကုန်လွန်ပြီးတဲ့ နှစ်တစ်ခုရဲ့ ရက်တွေထဲမှာ ကိုယ့်ရဲ့ လုပ်ဆောင်မှုတွေကို ပြန်ပြီး ဆန်းစစ်ဖြစ်တယ်။ အချို့မေ့လျော့ နေတဲ့ အရာတွေဆိုရင်လည်း နေ့စဉ်ရေးမှတ် ထားတဲ့ ဒိုင်ယာရီထဲကနေ ပြန်ကြည့်တယ်။ အရမ်းစိတ်ရှုပ်ပြီး စိတ်ပန်းရတဲ့ အခါတွေမှာ ဖြစ်ဖြစ် စိတ်ဓာတ်တွေ အရမ်းကျ ရတဲ့ အခါ တွေဖြစ်ဖြစ် အဲဒီ ဒိုင်ယာရီထဲက နေ့ရက်လေး တွေကို ပြန်ကြည့်ဖြစ်တယ်။ အဲဒီအခါ အရင် နှစ်က အခုလိုအချိန်မှာ ငါဘာတွေ လုပ်ခဲ့တာ ပဲ ဆိုပြီး ကြည်နူးမှုလေးတွေကို ပြန်ပြီး စားသုံး ဖြစ်တယ်။ အဲဒီလိုပဲ နောက်နှစ်အခုလို အချိန် မှာ စာအုပ်လေးကို ပြန်ကြည့်ဖြစ်ရင် ပီတိ လေးတွေ ပြန်စားရမှာပဲဆိုတဲ့ အသိစိတ်နဲ့ လတ်တလောရင်ဆိုင်နေရတဲ့ ကာလဆိုးက နေစိတ်ဖြေလို့ရမယ့် စိတ်တွေကို မဆိုးဖြစ် အောင် နေလိုက်တယ်။ အဲဒီအခါ ဖြစ်ချင်တဲ့ စိတ်ထက် ဖြစ်သင့်တယ်ဆိုတဲ့စိတ်က အနိုင် ရသွားရော။ ငါဒီစိတ်ကြီးကို လုပ်ရမှ စိတ် ချမ်းသာမယ် ထင်တယ်ဆိုတဲ့ အရာကြီးက လည်း အဝေးကို ထွက်ပြေးကုန်တယ်။ တကယ်တော့ ဖြစ်ချင်တာကို မဖြစ်ရလို့ မလုပ်ရလို့ ခံစားနေရတဲ့ စိတ်ထက် မဖြစ်သင့် ဘူးလို့ စိတ်က သိပြီး အောင့်အီးနေလိုက်ရလို့ ရတဲ့ ပီတိက ပိုပြီး ချိုမြန်လွန်းလှပါတယ်လေ။

ဘုရားရှင်ရဲ့ တရားတော်တွေကို အနှစ် ချုပ်ကြည့်မယ်ဆိုရင်လည်း စိတ်ကို အတတ် နိုင်ဆုံး ထိန်းနိုင်ဖို့ကို ဟောကြားထားတာ လေ့လာဖတ်ရှုရတယ်။ ကိုယ်တွေက ပုထုဇဉ် ပဲရှိနေသေးလို့ စိတ်ကို အလုံးစုံကြီး မထိန်း သိမ်းနိုင်ရင်တောင် လတစ်လရဲ့ ဘယ်နှရက် ကိုတော့ဖြင့် ရအောင်ထိန်းမယ်။ အဲဒီကနေ အဆင့်တက်လာရင် နှစ်တစ်နှစ်မှာ လဘယ် လောက်ကိုတော့ဖြင့် စိတ်ကို အတတ်နိုင်ဆုံး ထိန်းမယ်ဆိုတဲ့ အသိစိတ်လေး ဖြစ်တည်ရင် ကို ပြောင်းလဲသွားတဲ့ နှစ်တွေဟာ ကိုယ့်အ တွက် အဖိုးတန် နေ့ရက်လေးတွေ ပိုင်ဆိုင်ခွင့် ရမှာ။ နောက်ဆုံး သီတင်းပတ်တစ်ခုရဲ့ကိုယ့်ရဲ့ မွေးနေ့ရက်မြတ်လေးတွေမှာပဲ ဖြစ်ဖြစ် ကိုယ် လေးစားတန်ဖိုးထားရသူတွေရဲ့ မွေးနေ့ရက် မြတ်လေးတွေမှာပဲ ဖြစ်ဖြစ် အဲဒီရက်လေး တွေမှာ ကိုယ့်ရဲ့ စိတ်ကိုမကောင်းတဲ့ အရောင် တွေ မဆိုးစေဘဲ ထိန်းသိမ်းနိုင်ပြီဆိုရင်ကိုပဲ အကျိုးများလှပါပြီ။ အကြောင်းအရာလေး တစ်ခုကို သတိရမိသွားတယ်။ တစ်ခါက လူ တစ် ယောက် ဟာ ရေကန်ပြီးတစ်ကန်ဘေးမှာ ရပ်ရင်း ရေခန်းခြောက်ပြီးစဖြစ်တဲ့ ရွှံ့ညွန် လေးတွေထဲက ခရုလေးတွေကို ကောက်ကာ ရေကန်ကြီးထဲကို ပစ်ချနေသတဲ့။ အဲဒီအချိန် မှာ ရေအိုင်အနီးက ဖြတ်သန်းသွားလာနေ ကြတဲ့ သူအချို့က သူ့ကို ပြောကြတယ်။ ခင် များဗျာ ရေခန်းခြောက်လို့ သေရမယ့်ခရုတွေ က အများကြီးပဲ ခင်ဗျား အဲဒီလိုသာ ခရုလေး တွေကို ကောက်ပြီး ပစ်ချနေရင် ခင်ဗျားသက် တမ်းသာကန်သွားမယ် ခရုတွေကတော့ ကုန် သွားမှာ မဟုတ်ဘူးတဲ့။ သူတို့စကားကြားတော့ ခရုလေးတွေကောက်ပြီး ရေအိုင်ထဲကို ပစ်ချ နေတဲ့ လူကြီးက ခရုလေးတစ်လုံးကို ကောက် လိုက်ပြီးတော့ ‘ရေခန်းခြောက်နေတဲ့ ကွင်း ပြင်ကြီးထဲက ခရုတွေအားလုံးကို ကောက်ပြီး ရေကန်ကြီးထဲကို မပစ်ချနိုင်ရင်တောင် ဟော ဒီအခုကောက်ယူလိုက်တဲ့ ခရုလေးကတော့ အသက်ချမ်းသာရာရမှာက အသေအ ချာပါ’ လို့။ အဲဒီလိုပြောပြီး ကောက်ထားတဲ့ ခရုလေး ကို ရေကန်ကြီးထဲကို ပစ်ချလိုက်သတဲ့။

အခု ကိုယ်တို့လူဘဝဆိုတာလည်း ရက် ပေါင်းများစွာ တည်ရှိနေတဲ့ ရက်တွေထဲမှာ လောဘစိတ်ူ ဒေါသစိတ်ူ မောဟစိတ်တွေနဲ့ ရုန်းကန်နေရပေမယ့်လည်း ကိုယ်တတ်နိုင် သလောက်ရက်လေးတွေမှာကောင်းတဲ့ အရာ လေးတွေကို လုပ်နိုင်ခဲ့ရင်တော့ အဲဒီရက်လေး ဟာလည်း ကိုယ့်ဘဝအတွက်  အဖိုးတန် နေ့ ရက်လေးတစ်ရက် ဖြစ်စေမှာတော့ အသေ အချာပဲလေ။

Most Read

Most Recent