တောင်ကိုရီးယားသည် ဂျပန်နှင့် စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးအချက်အလက် မျှဝေရေး သဘောတူညီမှုတစ်ခုကို အပြည့်အဝ အကောင်အထည်ဖော်သွားမည်ဟု ကာကွယ်ရေးအရာရှိတစ်ဦးက မတ်လ ၁၈ ရက်တွင် အေအက်ဖ်ပီသတင်းဌာနကိုပြောကြားခဲ့ပြီး နှစ်နိုင်ငံအကြား မြောက်ကိုရီးယားကို တန်ပြန်ရန် သံတမန်ရေးနှင့် ကာလကြာ ရှည်အေးခဲနေသည့် ဆက်ဆံရေးကို ပျော့ပျောင်းစေရန် ကြိုးပမ်းနေချိန်တွင် ယခုအစီ အစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။
မတ်လ ၁၆ ရက်က ပြုလုပ်ခဲ့သည့် နှစ်နိုင်ငံခေါင်းဆောင်များ၏ အစည်းအဝေးတွင် စစ်ပွဲကာလက ဂျပန်၏ အတင်းအဓမ္မ အလုပ်စေခိုင်း ခဲ့မှုများနှင့်ပတ်သက်ပြီး အငြင်းပွားမှုများကို ကျေအေးရန် သဘောတူညီခဲ့ကြသည်။
တောင်ကိုရီးယား သမ္မတယွန်းဆက်ယိုသည် ဂျပန်ဝန်ကြီးချုပ် ကီရှီဒါနှင့် တွေ့ဆုံခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်က ၎င်းတို့နှစ်နိုင်ငံအကြား စစ်ရေးလျှို့ ဝှက်ချက်များ အထူးသဖြင့်မြောက် ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်စီမံ ကိန်းများနှင့် ပတ်သက်ပြီး သတင်းအချက်အ လက်များ မျှဝေသုံးစွဲနိုင်သည့် စစ်ဘက်ဆိုင်ရာ အချက်အလက် အထွေထွေလုံခြုံရေး သဘောတူညီချက် (GSOMIA) ကို အပြီး သတ် အကောင်အထည်ဖော်လိုကြောင်း ပြောကြားခဲ့သည်ဟု မီဒီယာများတွင် ဖော်ပြ ခဲ့သည်။














