၂၀၂၂ ခုနှစ်တွင် အရှေ့တောင်အာရှမြို့များ၏ ၂ ဒသမ ၇ ရာခိုင်နှုန်းသာ လေကောင်းလေသန့်ရှူရှိုက်ခဲ့ရဟု စစ်တမ်းတစ်ခုတွင် ဖော်ပြ

၂၀၂၂ ခုနှစ်တွင် အရှေ့တောင်အာရှမြို့များ၏ ၂ ဒသမ ၇ ရာခိုင်နှုန်းသာ လေကောင်းလေသန့်ရှူရှိုက်ခဲ့ရဟု စစ်တမ်းတစ်ခုတွင် ဖော်ပြ
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၄ ရက်က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် မီးခိုးမြူများဖုံးလွှမ်းနေပုံကို တွေ့ရစဉ် (Photo - AFP)
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၄ ရက်က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် မီးခိုးမြူများဖုံးလွှမ်းနေပုံကို တွေ့ရစဉ် (Photo - AFP)
Published 17 March 2023
Ref: CNA

၂၀၂၂ ခုနှစ်တွင် အရှေ့တောင်အာရှရှိ ဒေသဆိုင်ရာမြို့အနည်းငယ်မျှသာလျှင် နိုင်ငံတကာကျန်းမာသောစံနှုန်းပြည့်မီသည့် လေထုအရည်အသွေးအဆင့်ရှိကြောင်း ကမ္ဘာလုံးဆိုင်ရာ လေထုညစ်ညမ်းမှုကို ခြေရာခံသည့် ကုမ္ပဏီတစ်ခုဖြစ်သော IQAir မှထုတ်ပြန်သည့် စစ်တမ်းအသစ်တွင်ဖော်ပြထားသည်။

မတ် ၁၄ ရက်တွင် ထုတ်ပြန်ထားသည့် ၎င်း၏စစ်တမ်းအရ ဒေသတွင်းရှိမြို့များ၏ ၂ ဒသမ ၇ ရာခိုင်နှုန်း ဖြစ်သောအချက်အ လက်မှတ်တမ်းယူထားသည့်မြို့၂၉၆မြို့ တွင်ရှစ်မြို့သာ PM2.5 အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့လမ်းညွှန်ချက်နှင့် ကိုက်ညီမှုရှိသည်ဟု ဖော်ပြထားသည်။

PM2.5 သည် လေထုညစ်ညမ်းမှု၏ သေဆုံးစေနိုင်သည့်ပုံစံများမှ ပုံစံတစ်မျိုးဖြစ်ပြီး ယင်းသည်အချင်း ၂၅ မိုက်ခရိုမီတာ အောက်လျော့နည်းသောသို့မဟုတ် လူ့ဆံပင် မွှေးတစ်မွှေး၏အချင်းသုံးရာခိုင်နှုန်းခန့်ရှိ သောအလွန်သေးငယ်သည့် အမှုန်အမွှားများ ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့သည် အဆုတ်အတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက်နိုင်ပြီး ၎င်းတို့သည် ကာလကြာရှည် တည်ရှိနေနိုင်ပြီး သို့မဟုတ် စစ်မထုတ်ဘဲ သွေးကြောအတွင်းသို့ ဖြတ်သန်းရောက်ရှိနိုင်သည်။

ယင်းအမှုန်အမွှားများနှင့် ကာလကြာ ရှည်ထိတွေ့မိပါက နှလုံးသွေးကြောနှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများနှင့် ကင်ဆာရောဂါများဖြစ်နိုင်သည်။

ယင်းလေထုညစ်ညမ်းမှုသည်အရင်းအမြစ်ပေါင်းများစွာကြောင့် ဖြစ်ပေါ်နိုင်သော်လည်း အရှေ့တောင်အာရှတွင် အဓိကလေထု ညစ်ညမ်းမှုကို ဖြစ်စေသောအရာများမှာစက်ရုံမှထုတ်လွှင့်မှုများ၊ လျှပ်စစ်ဓာတ်အားထုတ်လွှင့်မှုနှင့် မော်တော်ယာဉ်များမှ ထုတ်လွှင့်မှုများအပြင် အမှိုက်များနှင့်သစ်ရွက်ခြောက်များ မီးရှို့ခြင်းတို့ကြောင့်ဖြစ်သည်ဟု IQAir က ၎င်း၏စစ်တမ်းတွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားသည်အမြင့်ဆုံး ဒေသဆိုင်ရာလေထုညစ်ညမ်းမှုအဆင့်ရှိပြီး အမြင့်ဆုံး PM2.5 ပါဝင်မှုအတွက်ထိပ်ဆုံး ၁၅ မြို့စာရင်းတွင် ခြောက်မြို့ပါဝင်နေကာ ဂျာဗား၏ ဘန်တန်ပြည်နယ်မှ ပါဆာကီမစ်မြို့သည် ထိပ်ဆုံးအဆင့်တွင် ရှိနေသည်။ဂျကာတာနှင့်ဆူရာဘာယာတို့သည် ဒေသတွင်းလေထုအညစ် ညမ်းဆုံးမြို့များစာရင်းတွင် နံပါတ်လေးနှင့် ခုနစ်နေရာ၌ ရှိနေသည်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သည်ဒုတိယနေရာတွင်ရှိနေပြီး လာအိုမြို့တော်ဗီယန်ကျင်းသည် လွန်ခဲ့သည့်နှစ်ကလေထုအညစ်ညမ်းဆုံးစာရင်း၏ နံပါတ် ၁၄ နေရာတွင်တည် ရှိနေသည်။

သို့သော် ယေဘုယျအားဖြင့် လွန်ခဲ့သည့် နှစ်တွင် လေထုအရည်အသွေးသည် အရှေ့ တောင်အာရှတစ်ခွင်လုံးတွင်တိုးတက် ကောင်းမွန်ခဲ့ပြီး ဒေသတွင်းရှိ နိုင်ငံကိုးနိုင်ငံမှ ခုနစ်နိုင်ငံတွင် တစ်နှစ်ပတ်လုံး PM2.5 ပါဝင်နှုန်းလျော့နည်းသွားသည်ဟုဆိုသည်။

ဗီယက်နမ်နှင့်လာအိုတို့သာလျှင်လေထုညစ်ညမ်းမှုအဆင့် ပိုမိုဆိုးလာကြောင်း တွေ့ရှိရသည်။

ဒေသတွင်း၏အကောင်းဆုံးလေထုအ ရည်အသွေးသည် ဗီယက်နမ်နိုင်ငံအနီရောင်မြစ်ဝှမ်းဒေသရှိ ကျေးလက်ခရိုင်တစ်ခုဖြစ်သောနမ်ဆက်ချ်တွင်ဖြစ်သည်ဟု IQAir ၏ လေ့လာမှုတွင် ဖော်ပြထားသည်။

အရှေ့တောင်အာရှ၏ လေထုညစ်ညမ်းမှုတိုက်ဖျက်ရေးတွင် အနည်းငယ်တိုးတက်မှုများ ရှိလာသော်လည်း ကမ္ဘာတစ်ဝန်းလုံးတွင် အခြေအနေသည် ယေဘုယျအားဖြင့်ပိုမိုဆိုးရွားလာသည်ဟု IQAir က တွေ့ရှိခဲ့သည်။

သြစတြေးလျ၊ နယူးဇီလန်၊ ဖင်လန်၊ အက်စ်တိုးနီးယားနှင့် အိုက်စ်လန်တို့အပါအဝင် နိုင်ငံ၁၃ နိုင်ငံသာ ၂၀၂၂ ခုနှစ်တွင် PM2.5 ၏ ကျန်းမာသောအဆင့်တွင်ရှိသည်။

PM2.5 အမြင့်ဆုံးပါဝင်နေသောနိုင်ငံများမှာ ချဒ်၊အီရတ်၊ပါကစ္စတန်၊ ဘာရိန်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများ ဖြစ်သည်။

Most Read

Most Recent