ကရင်ပြည်နယ် ဘားအံမြို့ ကားကြီးဝင်းအတွင်း မှန်လုံယာဉ်တစ်စီးပေါ်မှ AK-47၊ M-16 အမျိုးအစား သေနတ်များအပါအဝင် သေနတ် ၁၉ လက်၊ ကျည်တောင့်များနှင့် ဗုံးသီးများ ဖမ်းဆီးရမိ

ကရင်ပြည်နယ် ဘားအံမြို့ ကားကြီးဝင်းအတွင်း မှန်လုံယာဉ်တစ်စီးပေါ်မှ AK-47၊ M-16 အမျိုးအစား သေနတ်များအပါအဝင် သေနတ် ၁၉ လက်၊ ကျည်တောင့်များနှင့် ဗုံးသီးများ ဖမ်းဆီးရမိ
Published 13 March 2023

ကရင်ပြည်နယ် ဘားအံမြို့ ကားကြီးဝင်းအတွင်း မှန်လုံယာဉ်တစ်စီးပေါ်မှ AK-47၊ M-16 အမျိုးအစား သေနတ်များအပါအဝင် သေနတ် ၁၉ လက်၊ ကျည်တောင့်များနှင့် ဗုံးသီးများ ဖမ်းဆီးရမိကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သော လက်နက်ခဲယမ်းများမှာ တရုတ်စက်လက် တစ်လက်၊  M-22 တစ်လက်၊ AK-47 သုံးလက်၊  M-16 နှစ်လက်၊ M-16 A-1 နှစ်လက်၊ AR-15 တစ်လက်၊ Ekol Uzi လေးလက် ၊Sigsauer ပစ္စတို တစ်လက်၊ Colt ပစ္စတို တစ်လက်၊ Tafical Pro-2 တစ်လက်၊ AK-SA 1911 တစ်လက်နှင့် Glock ပစ္စတို တစ်လက်တို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယင်းသေနတ်များနှင့်အတူ ၅ ဒသမ ၅၆ ကျည်အတောင့် ၅၀၀၀ ၊ AK-47 ကျည်အတောင့် ၅၀၀၊ ၉ မမ ဘလိုင်းကျည်အတောင့် ၁၃၀၊ ၇ ဒသမ ၆၂ ကျည်အတောင့် ၉၀၊ ပွိင့် ၃၈၀ ကျည်အတောင့် ၆၀၀၊ ၉ မမ ကျည်အတောင့် ၄၀၀၊  တရုတ်လက်ပစ်ဗုံး သုံးလုံး၊ ၄၀ မမ ဗုံးသီး ၁၀ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းအပြင် စက်လက်ဘောက်ဝိုင်း နှစ်ခု၊ ၅ ဒသမ ၅၆ ကော်ကျည်အိမ်ခြောက်ခု၊ ၅ ဒသမ ၅၆ သံကျည်အိမ်အရှည် ၁၇ ခု၊ ၅ ဒသမ ၅၆ သံကျည်အိမ်အတိုလေးခု၊ AK-47 ကျည်အိမ် ခြောက်ခု၊ Scope(တစ်ပေ) တစ်ခု၊ Scope (တစ်ပေ ၆ လက်မ) တစ်ခု၊ Ekol (၈ လက်မ)တစ်ခု၊ နုသူကျည်အိမ်အရှည် လေးခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဘားအံကားဝင်းအတွင်း ဖမ်းဆီးရမိခဲ့သည့် လက်နက်ခဲယမ်းများကို မှန်လုံယာဉ်တစ်စီးဖြင့် သယ်ဆောင်လာခြင်းဖြစ်‌ကြောင်း လုံခြုံရေးရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

“အသေးစိတ်အခြေအနေကိုတော့ စုံစမ်းစစ်ဆေးနေတုန်းပဲလို့ သိရတယ်” ဟု အထက်ပါ လုံခြုံရေးရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၂၄ ရက်ကလည်း မွန်ပြည်နယ် သထုံမြို့နယ်အတွင်း မော်တော်ယာဉ်တစ်စီးပေါ်တွင် အမျိုသားနှစ်ဦးနှင့်အတူ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့သေးကြောင်း သိရသည်။

Most Read

Most Recent