ပုဏ္ဏားကျွန်းမြို့နယ်၌ ရန်ကုန်-စစ်တွေ ခရီးသည်တင်ယာဉ်က သဲတင်ကားနောက်ပိုင်းကို ဝင်တိုက်မိပြီး တိမ်းမှောက်ခဲ့ကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လူငယ်များ အသင်း- PDYO မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဖြစ်စဉ်မှာ မတ် ၉ ရက် မွန်းလွဲ ၂ နာရီခွဲ ခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ်၌ ယာချောင်း ကျေးရွာအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ရွာကလူတွေ ပြောတာကတော့ ခရီး သည်တင်ကားက ရန်ကုန်ကနေ ဆင်းလာ တယ်။ ယာချောင်းကျေးရွာနားက ဘောလုံး ကွင်းနားမှာလည်း မသိဘူး ခရီးသည်က ဆင်း ရမယ်ပြောတယ်။ ရှေ့မှာက သဲတင်တဲ့ တင် ဘာကားက ရှေ့ကနေ ကွေ့လိုက်တာ။ ကား ရှောင်တာကနေ ဖင်နဲ့ ရိုက်မိပြီး မှောက်သွား တာလို့ သိရတယ်”ဟု ပုဏ္ဏားကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လူငယ်များ အသင်း - PDYO မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ခရီးသည်တင်ယာဉ် တိမ်း မှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်များ အနက် အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
“ကားကတော့ တော်တော်မှောက်သွား တယ်။ ကံကောင်းတာက ထိခိုက်ဒဏ်ရာရတဲ့ သူက နည်းသွားတယ်။ ကျွန်တော်တို့လည်း ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသမီးနှစ်ဦးကို ဆေး ရုံကို ပို့ဆောင်ပေးလိုက်တယ်”ဟု ပုဏ္ဏားကျွန်း မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လူငယ်များအသင်း - PDYO မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
အခင်းဖြစ်နေရာတွင် ဖြစ်ပွားခဲ့သည့် မှတ်တမ်းဓာတ်ပုံများအရ ရန်ကုန်-စစ်တွေ ခရီးသည်တင် မော်တော်ယာဉ်မှာ လမ်းနံဘေး သို့ ပက်လက်လဲကာ တိမ်းမှောက်သွားခဲ့သည် ကို တွေ့ရသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို ပုဏ္ဏား ကျွန်းမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလူငယ် အသင်း - PDYO မှ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း - PSYK နှင့် ပူးပေါင်းကာ အခင်းဖြစ်ပွားရာ နေရာမှတစ်ဆင့် ပုဏ္ဏားကျွန်းမြို့ပြည်သူ့ဆေး ရုံကြီး သို့လူနာတင်ယာဉ် အမှတ် -(၁)အမှတ် -(၃)တို့ ဖြင့်ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရ သည်။















