ကလပ်အသင်းဖော် ဘန်ဇီမာကိုကျော်ပြီး မက်ဆီအား မဲပေးခဲ့ခြင်းကို အလာဘာ ပြန်လည်ရှင်းလင်း

ကလပ်အသင်းဖော် ဘန်ဇီမာကိုကျော်ပြီး မက်ဆီအား မဲပေးခဲ့ခြင်းကို အလာဘာ ပြန်လည်ရှင်းလင်း
Photo: Getty Images
Photo: Getty Images
Published 2 March 2023

The Best FIFA အမျိုးသားအကောင်းဆုံးကစားသမားဆုအတွက် ကလပ်အသင်းဖော် ဘန်ဇီမာကိုကျော်ပြီး မက်ဆီအား ပထမနေရာ ပေးခဲ့ခြင်းအပေါ် သြစတြီးယားအသင်း ခေါင်းဆောင် အလာဘာက ပြန်လည်ရှင်းလင်းခဲ့သည်။

အလာဘာသည် မက်ဆီကို ပထမ၊ ဘန်ဇီမာကို ဒုတိယ၊ ဘာပေကို တတိယနေရာပေးခဲ့ပြီး ယင်းလုပ်ရပ်ကြောင့် လူမှုကွန်ရက်တွင် ဝေဖန်တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

"သြစတြီးယားလက်ရွေးစင်အသင်းက ဒီဆုအတွက် အသင်းတစ်သင်းအနေနဲ့ မဲပေးခဲ့တာပါ။ ကျွန်တော်တစ်ယောက်တည်း မဟုတ်ပါဘူ။ အသင်းကောင်စီမှာရှိသူတိုင်း မဲပေးနိုင်ပြီး ဒါက ဆုံးဖြတ်တဲ့နည်းပါပဲ" ဟု အလာဘာက ပြောကြားခဲ့သည်။

အလာဘာ၏ လုပ်ရပ်အပေါ် ရီးယဲလ်မက်ဒရစ်ပရိသတ်များက ဒေါသထွက်ခဲ့ကြပြီး #Alaba Out Hastag ဖြင့် လူမှုကွန်ရက်တွင် တောင်းဆိုခဲ့ကြသည်။

Most Read

Most Recent