နှစ်နှစ်အတွင်း စာသင်ကျောင်း၊ တက္ကသိုလ်/ကောလိပ်များ ဗုံးခွဲခံရမှု ၅၂၈ ကြိမ်၊ မီးရှို့ဖျက်ဆီးမှု ၁၂၃ ကြိမ်နှင့် ကျောင်းမဖွင့်ရန်ခြိမ်းခြောက်မှု ၁၁၅ ကြိမ်ရှိခဲ့ပြီး လုပ်ကြံသတ်ဖြတ်မှုကြောင့် ဆရာဆရာမနှင့် ပညာရေးဝန်ထမ်း ၆၆ ဦး သေဆုံးကာ ၂၅ ဦး ဒဏ်ရာရ

နှစ်နှစ်အတွင်း စာသင်ကျောင်း၊ တက္ကသိုလ်/ကောလိပ်များ ဗုံးခွဲခံရမှု ၅၂၈ ကြိမ်၊ မီးရှို့ဖျက်ဆီးမှု ၁၂၃ ကြိမ်နှင့် ကျောင်းမဖွင့်ရန်ခြိမ်းခြောက်မှု ၁၁၅ ကြိမ်ရှိခဲ့ပြီး လုပ်ကြံသတ်ဖြတ်မှုကြောင့် ဆရာဆရာမနှင့် ပညာရေးဝန်ထမ်း ၆၆ ဦး သေဆုံးကာ ၂၅ ဦး ဒဏ်ရာရ
သေနတ်ဖြင့် ပစ်သတ်ခံရသည့် မုံရွာမြို စည်သာကျေးရွာ အလကကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီးကို တွေ့ရစဉ်
သေနတ်ဖြင့် ပစ်သတ်ခံရသည့် မုံရွာမြို စည်သာကျေးရွာ အလကကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီးကို တွေ့ရစဉ်
Published 15 February 2023

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်ထိ နှစ်နှစ်အ တွင်း နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်း၊ တက္ကသိုလ်/ ကောလိပ်များ ဗုံးခွဲခံရမှု ၅၂၈ ကြိမ်၊ မီးရှို့ဖျက်ဆီးမှု ၁၂၃ ကြိမ်နှင့် စာသင်ကျောင်းများမဖွင့်ရန် ခြိမ်းခြောက်မှု ၁၁၅ ကြိမ်ရှိခဲ့ ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ နှစ်နှစ်အတွင်း လုပ်ကြံသတ်ဖြတ်မှုကြောင့် ဆရာ/ဆရာမနှင့် ပညာရေး ဝန်ထမ်း ၆၆ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ် ပြန်သည်။

ထို့ပြင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ဥပဒေအရ တားမြစ်ထားသည့် စာသင်ကျောင်းများအား စစ်ရေးအရ အသုံးပြုနေမှုများကိုလည်း မြေပြင်စစ်ဆေးတွေ့ရှိချက်များအရ တွေ့ရှိရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၀၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၄၂၇ တွင် လက်နက်ကိုင် ပဋိပက္ခကြောင့် စာသင်ကျောင်းများ၊ ဆေးရုံများပိတ်ထားရခြင်းကို ရှုတ်ချထားပြီး လက်နက်ကိုင်တိုက်ခိုက်သူများအနေဖြင့် ကလေးသူငယ်များ၏ ပညာသင်ကြားခွင့်များ၊ ကျန်းမာရေးဝန်ဆောင်မှုများနှင့်ပတ်သက်၍ အနှောင့်အယှက်ဖြစ်စေမည့် လုပ်ရပ်များအား ရှောင်ကြဉ်ရန် တိုက်တွန်းထားကြောင်း၊ ထို့ပြင် ကုလသမဂ္ဂအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော Global Coalition to Protect Education from Attack (GCPEA) အဖွဲ့အစည်းက ထုတ်ပြန်ထားသော “လက်နက် ကိုင်ပဋိပက္ခအတွင်း စာသင်ကျောင်းများနှင့် တက္ကသိုလ်များအား စစ်ရေးအရ အသုံးပြု ခြင်းမှ ကာကွယ်ရန်လမ်းညွှန်ချက်များ” တွင်လည်း ပညာရေးနှင့် သက်ဆိုင်သောနေရာများကို စစ်ရေးရည်ရွယ်ချက်အတွက် အသုံးချခွင့်မရှိကြောင်း ဖော်ပြထားသကဲ့သို့ ကျောင်းအုပ်ချုပ်သူများ၊ ပညာရေးဝန်ထမ်းများကိုလည်း ဖိအားပေး အကြပ်ကိုင်ခြင်း၊ မက်လုံးပေးစည်းရုံးခြင်းများအား မပြုလုပ်ရန် တားမြစ်ထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (International Humanitarian Law) တွင် ဖော်ပြထားသော ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ အစိုးရများအနေဖြင့် အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့များက စာသင်ကျောင်းများအား အသုံးပြုခြင်းကို ထိထိရောက်ရောက်တားဆီးပေးရန် တိုက်တွန်းချက်အရ ပညာရေးကဏ္ဍအား ဖျက်ဆီးနေမှုအန္တရာယ်မှ ကာကွယ်တားဆီးနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးအစီအမံများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent