ချစ်ပ်စစ်ပွဲပရိယာယ်နှင့် အကျိုးသက်ရောက်မှု

ချစ်ပ်စစ်ပွဲပရိယာယ်နှင့် အကျိုးသက်ရောက်မှု
Published 29 January 2023
စောနိုင်( အသုံးချဘောဂဗေဒ) 

(၁)

 ခေတ်မီ အီလက်ထရွန်နစ်ကိရိယာ သုံးစွဲတဲ့သူတိုင်း ချပ်စ်ပြား (Chip) ဆိုသည့် အမည်ဖြင့် ကြားဖူးနေကျ တစ်ပိုင်းလျှပ်ကူးပစ္စည်း (သို့မဟုတ်) ဆမ်မီးကွန်ဒတ်တာ(semiconductor)။ တိုးတက်မှုအရှိန် အံ့မခန်းဖြစ်နေသော အီလက်ထရွန်နည်းပညာနယ်ပယ်တွင် အသက်တမျှအရေးပါသောအရာ။ ထိုအရာနှင့်ပတ်သက်၍စီးပွားရေး အင်အားကြီးနိုင်ငံများအကြား အားပြိုင်မှုများ ရှိလာနေကြပေပြီ။ 

(၂)

သမ္မတဂျိုးဘိုင်ဒင်လက်ထက်အမေရိကန်နှင့် တရုတ် မူဝါဒရေးဆွဲသူများ တစ်ဖက်နှင့်တစ်ဖက်ထိခိုက်မှုဖြစ်စေသည့်အရာများ ပြုလုပ်နေကြသည်။ သမ္မတဂျိုးဘိုင်ဒင်ကမူ ယခင်သမ္မတ ဒေါ်လ်နယ်လ်ထရန့်ကဲ့သို့ လေလုံးထွားလျက် ပြောဆိုမှုများမရှိသေး။ သို့သော် ဆမ်မီးကွန်ဒတ်တာနည်းပညာနှင့်ပတ်သက်၍တရုတ်နိုင်ငံ၏ ရှေ့တန်းသို့ မရောက်ရှိစေရန် ရည်ရွယ်လုပ်ဆောင်နေသည့် အကန့်အသတ်များကို ပြုလုပ်နေသည်။        ပြီးခဲ့သည် သမ္မတဒေါ်နယ်လ်ထရန့်လက်ထက်က တရုတ်နိုင်ငံနှင့် ပတ်သက်သည့် ကုန်သွယ်ရေးပဋိပက္ခများကို ကုန်သွယ်ရေးစစ်ပွဲအသွင်သဏ္ဍာန်ဖြစ်သွားစေရန်အထိပင် တွန်းတွန်းတိုက်တိုက် ပြုလုပ်ခဲ့ကြသည်။ သို့သော် သမ္မတထရန့်၏ ပေါ်လစီကို “မအောင်မြင်သော အားထုတ်မှု” ဟု အလျင်အမြန်ပင် အမည်တပ်လိုက်ကြ၏။ ဆမ်မီးကွန်ဒတ်တာကဏ္ဍတွင် နည်းပညာပိုင်း အသာစီးရရှိရေး အပြိုင်အဆိုင်လုပ်ဆောင်မှု၌ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။    သမ္မတ ထရန့်၏လုပ်ဆောင်မှုများသည်  နိုင်ငံ့စီးပွားရေးတွင်လက်တွေ့ကြုံတွေ့ နေရသော  ပကတိ အရှိ တရားမှ သွေဖွယ်နေသောကြောင့်ဖြစ်သည်ဟု သုံးသပ်ကြသည်။  ကိုဗစ် ကပ်ရောဂါ ဖြစ်ပွား ချိန်တွင် ဆမ်မီးကွန်ဒတ်တာများ ပြတ်လတ်မှုများဖြစ်ပေါ်ခဲ့ပြီး  ချပ်စ်စစ်ပွဲဟုခေါ်ရမည့် အခြေ အနေမျိုး ပင် ဖြစ်လာစေခဲ့သည်။ နည်းပညာပိုင်းဆိုင်ရာလုပ်ငန်းများ၌ တွဲဖက်လုပ်ကိုင်မှုများ အဆက်ပြတ်သွား သည်။နှစ်နိုင်ငံကြားတင်းမာမှုဖြစ်ပွားခြင်းနှင့်အတူ သဘောထားမတိုက်ဆိုင်မှုများကြီးမား သွားခဲ့ သည်။    

(၃)

အမှန်တွင် အမေရိကန်-တရုတ်ချပ်စ်စစ်ပွဲ (US-China Chip War) သည် သမ္မတထရန့်လက်ထက်ရောက်မှ စတင်ခဲ့ခြင်းမဟုတ်ဟုဆိုသည်။ ရှေ့ကာလများကတည်းက အကြောင်းတရားများရှိနေ၏။ ၂၀၁၅ ခုနှစ်ကပြောကြားခဲ့သည့် တရုတ်သမ္မတရှီကျင်းပင် မိန့်ခွန်းတစ်ခုထဲတွင်  “ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ်သည် သမိုင်းတွင် အလှည့်အပြောင်းကာလတစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း” ထည့်သွင်းပြောခဲ့ဖူးသည်။ ထိုအချက်ကို အများက အလေးအနက်စဉ်းစားခဲ့ကြ သည်။ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာရေးရာများ၌ ယခင်ကထက် ပိုမိုပါဝင်ပတ်သက်လာတော့မည်ကို အရိပ်အမြွက်ဆိုလိုက်ခြင်းဖြစ်သည်။ ဘီအာအိုင် (Belt and Road Initiative-BRI) ကဲ့သို့ စီးပွားရေးပရောဂျက်ကြီးများ အကောင်အထည်ဖော်ရင်း နိုင်ငံတကာရေးရာများတွင် ယခင်ကထက် ပါဝင်ပတ်သက်လာတော့မည်ဟု နိမိတ်ပြလိုက်ခြင်းလည်းဖြစ်သည်။ သမ္မတရှီကျင်းပင်သည် ၂၀၂၁ ခုနှစ်တွင်လည်း ၎င်းမိန့်ခွန်းပြောရသည့် နေရာအတော်များများ၌ “အနောက်ကမ္ဘာ့စီးပွား ရေး ကျဆင်းနေစဉ် အရှေ့ကမ္ဘာ (တရုတ်နိုင်ငံအပါအဝင် ကမ္ဘာ့အရှေ့ခြမ်းရှိနိုင်ငံများ) သည် အခြေအနေကောင်းလာနေကြောင်း” မကြာခဏဆိုသလို စကားပရိယာယ်ဖြင့် မှတ်ချက်များ ပြောကြားခဲ့သည်။ 

(၄)

သမ္မတဂျိုးဘိုင်ဒင်လက်ထက်၌ ကမ္ဘာလုံးဆိုင်ရာ ဆမ်မီးကွန်ဒတ်တာ ဈေးကွက်အတွင်း အမေရိကန်၏ဝင်ရောက်စွက်မှုများသည် ပို၍ရန်လိုသည့်အသွင် ဖြစ်လာခဲ့သည်။ ၂၀၂၁ ခုနှစ် ဇွန်လ အိမ်ဖြူတော်အစီရင်ခံစာတစ်ခုတွင် အမေရိကန်ချစ်ပ်ထုတ်လုပ်သူများသည်၎င်းတို့၏ အကျိုးအမြတ် ဆက်လက်ဖြစ်ထွန်းရေး၊ ပြည်တွင်းသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမြှုပ်နှံမှုများအတွက် တရုတ်နိုင်ငံသို့ရောင်းချရမှုပေါ်တွင် အလွန်အမင်းမှီခိုနေရသည်ဟုဖော်ပြထားသည်။        ထိုသို့ အခြေအနေရှိနေစဉ်မှာပင် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၇ ရက်၌ သမ္မတဂျိုးဘိုင်ဒင်သည် နည်းပညာကဏ္ဍဆိုင်ရာ ပေါ်လစီအပြောင်းအလဲပြုလုပ်ကာ ဆမ်မီးကွန်ဒတ်တာကဏ္ဍနည်းပညာများ တရုတ်နိုင်ငံသို့ စီးဆင်းနေမှုကို တင်းတင်းကျပ်ကျပ်တားမြစ်ဖြတ်တောက်ခဲ့သည်။     ထိုအခြေအနေတွင် အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံစလုံးရှိ အစီရင်ခံစာများ၌  စိုးမ်စိတ်များမြင့်တက်ခဲ့ကြောင်း ဖော်ပြခဲ့ကြသည်။အဆိုပါကိစ္စနှင့်စပ်လျ

ဉ်း၍ အစိုးရများက ပိုမိုကူညီပံ့ပိုးမှုများပြုလုပ်ရန်စဉ်းစားလာကြသည်။  ၂၀၂၂ ခုနှစ် အစီရင်ခံစာတစ်ခုထဲ၌လည်း “မိုက်ခရိုအီလက်ထရွန်နစ်ကဏ္ဍ၌ ပင်တဂွန် (Pentagon) က လိုအပ်သည့် ချစ်ပ်ပြား ၉၈ ရာခိုင်နှုန်းကို တရုတ်နိုင်ငံတွင် ထုတ်လုပ်ခြင်း၊ စုစည်းတပ်ဆင်ခြင်း၊ ထုပ်ပိုးခြင်းတို့ပြုလုပ်ကြောင်း ဉာဏ်ရည်တုဆိုင်ရာ အမျိုးသားအဆင့် လုံခြုံရေးကော်မရှင် (National Security Commission on Artificial Intelligence-NSCAI) က သတိပေးထားသည်ဟု ဖော်ပြထားသည်။

(၅)

နိုင်ငံတကာနှင့် မဟာဗျူဟာလေ့လာရေးအင်စတီကျု (Institute of International and Strategic  Studies-IISS) ၏ အစီရင်ခံစာထဲတွင်လည်း   နှစ်နိုင်ငံစလုံးအတွက် တူညီသော သုံးသပ်ချက်များ တွေ့ရသည်။ အစီရင်ခံစာထဲတွင်  အမေရိကန်နိုင်ငံ၊ တရုတ်နိုင်ငံတို့အကြား အဆိုပါကဏ္ဍ၌လက်တွဲဖြုတ်လိုက်ခြင်းသည် စီးပွားရေးအဆောက်အအုံနှစ်ခုစလုံးကို ထိခိုက်စေနိုင်သည်ဟု သုံးသပ်ထားသည်။ ထို့ပြင်အိုင်စီတီ (ICT) နည်းပညာ၊ ဉာဏ်ရည်တုနည်းပညာ(Artificial Intelligence) ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချစ်ပ်ပြား (Chip) ထုတ်လုပ်ရေးအတွက် တရုတ်နိုင်ငံ၏ အားထုတ်မှုကို ကြီးမားသည့်အခက်အခဲများဖြစ်စေခဲ့သည်။       အမေရိကန်နိုင်ငံသည် အမျိုးသားအကျိုးစီးပွားအတွက် အမျိုးသားလုံခြုံရေး (national security) နှင့် နည်းပညာဆိုင်ရာ အမျိုးသားရေးဝါဒ ( techno-nationalism) တို့ကြား အပြန်အလှန်အရေးပါမှုကို ဗဟိုချက်မတွင်ထား၍ စဉ်းစားသည်။ ထိုသို့ သဘောထားခြင်းသည်  တရုတ်နိုင်ငံက အမေရိကန်၏ နည်းပညာမြင့်ချစ်ပ်များ ဝယ်ယူနေမှုကို  တားဆီးပိတ်ပင်မှုပြုလုပ်သည့် အခြေအနေသို့ ဦးတည်နေသည်။ ၂၀၃၀ ပြည့်နှစ်အရောက်တွင် လိုအပ်သော ဆမ်မီးကွန်ဒတ်တာ ၇၀ ရာခိုင်နှုန်းကို ပြည်တွင်းထုတ်လုပ်မှုဖြင့် ဖြည့်ဆည်းနိုင်ရေး ရည်ရွယ်ချက်ဖြင့် အားထုတ်နေသည့် တရုတ်နိုင်ငံအတွက် ရည်ရွယ်ချက်ပန်းတိုင်ရောက်ရှိရန်မလွယ် ကူတော့။ နည်းပညာအင်အားကြီးနိုင်ငံအဖြစ် ပြောင်းလဲရေး တရုတ်နိုင်ငံ၏ရည်မှန်းချက်ကို အမှန်ပင် ထိခိုက်စေနိုင်သည်။     အချို့ကလည်း တရုတ်နိုင်ငံ၏ ဆီလီကွန်သုတေသနနှင့် ဖွံ့ဖြိုးမှုရည်မှန်းချက်များကို ထိခိုက်စေမည်မဟုတ်။ တရုတ်နိုင်ငံသည် မျှော်လင့်ချက်များအတွက် တွန်းအားပေးလုပ်ဆောင်မှုတို့ အရှိန်မြှင့်တင်လာဖွယ်ရှိနိုင်သည်။  ၂၀၂၁ ခုနှစ်က ထုတ်ပြန်သော နိုင်ငံတော်အဆင့် အိုင်စီ စက်မှုလုပ်ငန်းရင်းနှီးမြှုပ်နှံမှုနှင့် ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းတို့က ပြည်တွင်းချစ်ပ်ပြားထုတ်လုပ်မှုကို မြှင့်တင်ပေးလိမ့်မည်ဟု သုံးသပ်ကြသည်။  

(၆)

အမေရိကန်နိုင်ငံက တရုတ်နိုင်ငံ၏ နည်းပညာအဆင့်မြင့်တိုးတက်မှုကို နှေးကွေးစေရန် ကြိုးပမ်းနေချိန်တွင် အီလက်ထရွန်နစ်ထုတ်လုပ်ရေးလုပ်ငန်းများသည် ဆမ်မီးကွန်ဒတ်တာ ပြတ်လတ်မှုကြောင့် အခက်အခဲများရင်ဆိုင်နေကြရသည်။ မော်တော်ကားနှင့် အီလက်ထရွန်နစ် လူသုံးကုန်ထုတ်လုပ်သူများမှာ ၁၀ နာနိုမီတာ (nanometers-nm၊ ချစ်ပ်ကိုတိုင်းတာသည့်  သေးငယ်လွန်းသော အတိုင်းအတာယူနစ်ဖြစ်သည်) အထက် ချစ်ပ်ပြားများမရရှိမှုကြောင့် စိတ်သောကဖြစ်ရသည့် အခြေအနေတွင်ရှိ၏။ ပိုမိုနည်းပညာအဆင့်မြင့်သည့်ချစ်ပ်ပြားများနှင့်ယှဉ်ပါက၂၈ နာနို၊ ၄၀ နာနိုနှင့် ထုတ်နေကျ အခြားသော ချပ်စ်ပြားများသည်  ဈေးကွက်တွင် ဝယ်လိုအား ပိုမိုမြင့်မားစွာရရှိနေသည်။ (နာနိုမီတာ နံပါတ်ပိုကြီးလေ၊ နည်းပညာဆိုင်ရာ သတ်မှတ်ချက် ပိုနိမ့်လေဖြစ်သည်)။ ထို့ကြောင့်တရုတ်နိုင်ငံရှိထုတ်လုပ်မှုစက်ရုံများသည် ၂၈ နာနိုနှင့်အထက်ရှိသော လုပ်ငန်းစဉ် နည်းပညာများကို တိုးချဲ့နေကြသည်။  

(၇)

အမေရိကန်၏ ပေါ်လစီနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ လက်တုံ့ပြန်နိုင်ခြေရှိမရှိ စိတ်ဝင်စားမှုရှိနေကြသည်။ ၂၀၂၄ ခုနှစ်နောက်ပိုင်း အမေရိကန်နိုင်ငံ၌ သမ္မတအဖြစ်ဂျိုးဘိုင်ဒင်ပြန်လည် အရွေးခံရလျှင်ဖြစ်စေ၊ ဖလော်ရီဒါ ပြည်နယ်အုပ်ချုပ်ရေးမှူး ရွန်ဒီစန်တစ် (Ron DeSantis) သို့မဟုတ် ဒေါ်နယ်ထရန့် (Donald Trump) သမ္မတဖြစ်ခဲ့လျှင်ဖြစ်စေ ဆမ်မီးကွန်ဒတ်တာနည်းပညာနှင့် ပတ်သက်လာလျှင် တရုတ်နိုင်ငံဩဇာမလွှမ်းမိုးနိုင်ရေး  ဦးတည်လုပ်ဆောင်နေသည့် အမေရိကန် ပေါ်လစီသည် စိန်ခေါ်မှုနှစ်ရပ်နှင့်ရင်ဆိုင်ရမည်ဟု ထောက်ပြကြသည်။   

ပထမစိန်ခေါ်မှု- အမေရိကန်၏တရုတ်နိုင်ငံအပေါ် ကန့်သတ်မှုများသည် တရုတ်နိုင်ငံအတွင်း အဆိုပါကဏ္ဍ၌မဟာဗျူဟာမြောက်သော ရင်းနှီးမြှုပ်နှံမှုများ ဖြစ်လာစေရန် စေ့ဆော်နေသကဲ့သို့ဖြစ်နေသည်။ တရုတ်နိုင်ငံသည် အရပ်ဘက်-စစ်ဘက် ပေါင်းစည်းရေးဆီသို့ ဦးတည်လုပ်ဆောင်နေသဖြင့်ကဏ္ဍနှစ်ခုစလုံးတွင် အသုံးဝင်မည့်နည်းပညာများကို သုတေသနပြု၊ တီထွင်လျက်ရှိသည်။ ထို့ကြောင့် စစ်ရေးနှင့် အဆင့်မြင့်နည်းပညာ ပေါင်းစပ်လုပ်ဆောင်များ လုပ်ဆောင်လျက် နိုင်ငံလုံခြုံရေးအဆင့် အားကောင်းလာဖွယ်ရှိနိုင်သည်။နောက်ဆုံး၌တရုတ်နိုင်ငံသည် အမေရိ ကန် တို့မလိုလားသည့် နည်းပညာနယ်ပယ်တွင် အဆင့်မြင့်မား သည့် အခြေ အနေ သို့ ရောက်ရှိ သွားနိုင်သည်။   

ဒုတိယစိန်ခေါ်မှု- အမေရိကန်နိုင်ငံ၏မူဝါဒများသည် ကမ္ဘာ့ဈေးကွက်တွင်ဝယ်လို အား လိုက် နေသည့် ၂၈ နာနိုနှင့်အထက်ချစ်ပ်ပြားပိုမိုထုတ်လုပ်နိုင်ရေးအတွက်   တရုတ်နိုင်ငံရှိ စက်ရုံ များ ကို ရင်းနှီးမြှုပ်နှံမှုများပိုမိုပြုလုပ်နိုင်ရေးလှုံ့ဆော်သကဲ့သို့လည်းဖြစ်နေသည်။သမ္မတ ဂျိုးဘိုင် ဒင် က ပိတ် ဆို့ အရေးယူမှုများပြုလုပ်ရန်အားထုတ်နေစဉ်မှာပင်  ကမ္ဘာတစ်ဝှမ်းရှိ ချစ်ပ်ပြား လိုအပ် ချက်နှင့် အတူ တရုတ်နိုင်ငံရှိ ထုတ်လုပ်သူများသည် ပိုမိုတည်ငြိမ်နိုင်သော  စျေးကွက်အခွင့် အလမ်း များ ကို မြင်တွေ့လာရနိုင်သည်ဟူ၍  ။    ။ 

Ref:    https://www.eurasiareview.com



 

Most Read

Most Recent