လူ့အခွင့်အရေးကို လေးစားရန် ကုလလူ့အခွင့်အရေးအကြီးအကဲက Twitter ၏ ပိုင်ရှင်သစ် အီလွန်မက်စ်ကို တိုက်တွန်း

လူ့အခွင့်အရေးကို လေးစားရန် ကုလလူ့အခွင့်အရေးအကြီးအကဲက Twitter ၏ ပိုင်ရှင်သစ် အီလွန်မက်စ်ကို တိုက်တွန်း
Published 6 November 2022
Ref: AFP

Twitter လူမှုမီဒီယာ၏ ပိုင်ရှင်အသစ်ဖြစ်သည့် အီလွန်မက်စ်သည် ကုမ္ပဏီ၏ ဝန်ထမ်း ထက်ဝက်နီးပါးကို အလုပ်မှ ထုတ်ပယ်ခဲ့ပြီးနောက် ၎င်းအနေဖြင့် လူ့အခွင့်အရေးကို လေးစားသည့် လူမှုမီဒီယာအဖြစ် လုပ်ဆောင် ရန် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာအကြီးအကဲ ဗိုလ်ကာတာ့ခ်က နိုဝင်ဘာ ၅ ရက်တွင် တိုက်တွန်းခဲ့သည်။

မက်စ်သည် Twitter ၏ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တစ်ဖွဲ့လုံးကို ထုတ်ပယ်ခဲ့သည့် သတင်းများသည် မိမိ၏အမြင်တစ်ခုမဟုတ်ဘဲ ယခုကဲ့ သို့တိုက်တွန်းရန် တွန်းအားတစ်ခုဖြစ်ခဲ့သည် ဟု တာ့ခ်က အိပ်ဖွင့်ပေးစာတွင် ပြောကြားခဲ့သည်။

တာ့ခ်က သူသည် မိမိတို့၏ ဒစ်ဂျစ်တယ် ပြည်သူ့ရင်ပြင်တစ်ခုဖြစ်သည့် လူမှုမီဒီယာနှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှုများနှင့် ယင်းအခြေအနေတွင် Twitter ၏အခန်း ကဏ္ဍနှင့် ပတ်သက်ပြီး ရေးသားခဲ့သည်ဟု ဆိုသည်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် မက်စ်သည် ပြီးခဲ့သည့် သီတင်းပတ်က Twitter ကို  အပြီးသတ် ဝယ်ယူနိုင်ခဲ့ပြီးနောက် မကြာမီ အချိန်အတွင်းမှာပင် အလုပ်အမှုဆောင်များ နှင့် ထိပ်သီးမန်နေဂျာများကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။                                   

Most Read

Most Recent