ရုရှား-အမေရိကန် စစ်အေးတိုက်ပွဲကနေ အမေရိကန်ချင်းတိုက်မယ့်ပွဲ

ရုရှား-အမေရိကန် စစ်အေးတိုက်ပွဲကနေ အမေရိကန်ချင်းတိုက်မယ့်ပွဲ
Published 22 October 2022
AK

ဂလေဇာမိသားစုအပေါ် မန်ချက်စတာယူနိုက်တက်ပရိသတ်တွေရဲ့ သဘောထားက ရှင်းလင်းပါတယ်။ ဘယ်တော့မှ ကမ္ဘာမကြေဘူးလို့ ဆိုရမယ်။ လက်ရှိရာသီအစမှာ မန်ချက်စတာယူ နိုက်တက်ပရိသတ်ရဲ့ ဂလေဇာမိသားစု ဆန့်ကျင်ဆန္ဒပြပွဲတွေ အားကောင်းမောင်းသန်ရှိခဲ့ပါတယ်။ ဒါက နှစ်စဉ်နှစ်တိုင်းမြင်တွေ့နေကျ ပဋိပက္ခပါပဲ။  သိပ်မထူးဆန်းဘူး။ ထူးဆန်းတာက လက်ရှိရာသီ အစဆန္ဒပြပွဲတွေကြောင့် မန်ချက်စတာယူနိုက်တက်ကို ဂလေဇာမိသားစုရောင်းထုတ်တော့မယ်လို့ သတင်းတွေထွက်လာတာပါပဲ။ ဗြိတိန်အချမ်းသာဆုံးပုဂ္ဂိုလ်ဂျင်မ်ရက်ကလစ်ဖ် ဝယ်ယူချင်ပေမဲ့ ဂလေဇာဘက်က မဖြစ်နိုင်တဲ့စျေးမျိုးပြောခဲ့လို့  အဆုံးသတ်မှာ ဂလေဇာနဲ့ပဲ ဆက်ပြီးစခန်းသွားရမယ့်အနေအထားဖြစ်သွားတယ်။ ဆန္ဒပြပွဲတွေကြားမှာပဲ ဂလေဇာမိသားစုက ကစားသမားသစ် တွေခေါ်ယူပေးပြီး ပရိသတ်ကို နှစ်သိမ့်ခဲ့သေးတယ်။ သူတို့အာဏာတည်မြဲရေးအတွက် လှည့်ကွက်တွေ သုံးတဲ့ အာဏာရှင်အချိုးမျိုး ဂလေဇာမိသားစု ကျင့်သုံးလာတာ နှစ်တွေကြာနေပါပြီ။ ဒီလိုနဲ့ပဲ မန်ချက်စတာယူနိုက်တက်ဟာ သံသရာလည်နေဆဲ၊ အရင်လို အရှိန်အဝါမျိုးနဲ့ ကင်းကွာနေဆဲပါပဲ။

 

Most Read

Most Recent