မောင့်ပယ်လီယာ - လိုင်ယွန် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၂ ရက် ည ၉:၃၀ နာရီ)
လိုင်ယွန်က ရလဒ်ရောခြေစွမ်းပါ ဆက်တိုက်ကျဆင်းနေတယ်။ မောင့်ပယ်လီယာက တည်ငြိမ်မှုမရှိသေးတဲ့အသင်းဆိုပေမဲ့ အိမ်ကွင်းကစားပုံမာပါတယ်။ မောင့်ပယ်လီယာပဲ ရွေးမယ်။
မာဆေးလ် - လန်းစ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၆ ရက် နံနက် ၁:၃၀ နာရီ)
(၂)ပွဲဆက်အရှုံးနဲ့အတူ မာဆေးလ်တို့ အဆင့် (၄)အထိ ရောက်သွားခဲ့တယ်။ အသင်းက ယုံကြည်မှုနည်းပါးနေသလို တွေ့ရပြီး တစ်ဖက်မှာလည်း ချန်ပီယံလိဂ်အရေးကြီးပွဲစဉ်တွေ ရှိနေလို့ အခုအိမ်ကွင်းပွဲမှာလည်း အားကုန်ထုတ်ရုန်းနိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရပါမယ်။ လန်းစ်က အဆင့် (၃)နေရာမှာ ရှိနေတဲ့အသင်းဖြစ်ပြီး အဝေးကွင်း (၅)ပွဲမှာ (၁)ပွဲသာရှုံးထားတဲ့အသင်းဖြစ်တယ်။ ဒါ့ပြင် ကွင်းမရွေးမာမာကျောကျောတုံ့ပြန် ကစားလေ့ရှိပြီး အမှတ်ရအောင်ယူတတ်တဲ့အသင်းမျိုးဖြစ်တယ်။ နှစ်သင်းစလုံးခံစစ်ပိုင်းမာကျောကျစ်လျစ်တဲ့အသင်းတွေပါ။ သရေကျဖို့များတယ်။ ဂိုးလည်းနည်းမယ်။















