ဘုန်းမောက် - ဆောက်သမ်တန် (ကြာသပတေးနံနက် ၁း၀၀ နာရီ)
ဘုန်းမောက်က ကစားပုံအရမ်းအားမကောင်းပေမဲ့ စုဖွဲ့ မှုကောင်းသလို၊ ရလဒ်ပိုင်းကလည်း တော်တော်လေးကျေနပ် စရာကောင်းတယ်။ ရှုံးပွဲတွေနဲ့ ဝေးနေပြီး အိမ်ကွင်းရော အဝေး ကွင်းမှာပါ အားကောင်းတဲ့ အနေအထားကို မြင်တွေ့ရတယ်။ ဆောက်သမ်တန်အသင်းရဲ့ခြေစွမ်းက စိတ်မချရတဲ့ အနေအ ထားပါ။ ဘုန်းမောက်ကို ကြိုက်တယ်။
ဘရန့်ဖို့ဒ် - ချယ်လ်ဆီး (ကြာသပတေးနံနက် ၁း၀၀ နာရီ)
မနှစ်က ချယ်လ်ဆီးက ဘရန့်ဖို့ဒ်ကွင်းမှာ နိုင်ပွဲရခဲ့ပြီး အိမ် ကွင်းမှာတော့ ဂိုးပြတ် ရှုံးပွဲတွေ့ခဲ့တယ်။ လက်ရှိ အချိန်မှာလည်း ဘရန့်ဖို့ဒ်က ရလဒ်တွေမဆိုးပါဘူး။ ဒါပေမဲ့ နောက်ပိုင်းပွဲတွေမှာ ကျဆင်းလာတာကိုတွေ့ရတယ်။ ချယ်လ်ဆီးက ဂရေဟမ်ပေါ် တာလက်ထက်မှာ ရလဒ်တွေ သိသိသာသာတိုးတက်လာတယ်။ ဒီပွဲလည်း ချယ်လ်ဆီး နိုင်ပွဲဆက်ဦးမယ်။
လီဗာပူးလ် - ဝက်စ်ဟမ်း (ကြာသပတေးနံနက် ၁း၀၀ နာရီ)
လီဗာပူးလ်အသင်းအတွက်တော့ နောက်ထပ်အရေး ကြီးတဲ့ပွဲကျပ်တစ်ပွဲဖြစ်တယ်။ မနှစ်က ထိပ်တိုက်တွေ့ဆုံမှု တွေကို ကြည့်ရင် လီဗာပူးလ်က ဝက်စ်ဟမ်းကို အကြိတ်အ နယ်ကစားရလေ့ရှိတာကို တွေ့ရတယ်။ လက်ရှိ လီဗာပူးလ် အသင်းရဲ့ တိုက်စစ်က ဂိုးတွေ ပြန်ရလာတာကို တွေ့ရပြီး အ ဓိက ပြဿနာက ခံစစ်ဖြစ်နေတယ်။ လီဗာပူးလ်ရဲ့ ကွင်းလယ် က မာကျောမှု ကျဆင်းလာပြီး Pressing ကို ကောင်းကောင်း မလုပ်နိုင်တာ တွေ့ရတယ်။ ဝက်စ်ဟမ်းက တဖြည်းဖြည်းနဲ့ ပြန်ကောင်းလာတယ်။ ကွင်းလယ်ကလည်း တော်တော်လေး မာကျောပြီး ခိုင်မာတဲ့ စုဖွဲ့မှုကို တွေ့ရတယ်။ လီဗာပူးလ် ကွင်း လယ်အားနည်းနေပုံနဲ့ ခက်ခက်ခဲခဲ ရင်ဆိုင်ရမယ့် အနေအ ထားဖြစ်တယ်။ ဒါပေမဲ့ လီဗာပူးလ်တိုက်စစ် ဂိုးတွေပြန်သွင်း လာတာက နိုင်ပွဲရဖို့အတွက် မျှော်လင့်ချက်ဖြစ်ပါတယ်။ လီ ဗာပူးလ်ကပ်နိုင်ဖို့ များတယ်။
နယူးကာဆယ် - အဲဗာတန် (ကြာသပတေးနံနက် ၁း၀၀ နာရီ)
နယူးကာဆယ်ရဲ့ ခြေစွမ်း၊ စုဖွဲ့မှုနဲ့ ယုံကြည်ချက်က အ မြင့်ဆုံးအခြေအနေကို ရောက်နေပြီး မန်ယူနဲ့ပွဲက ပုံစံကလည်း အထင်ကြီးစရာဖြစ်တယ်။ အဲဗာတန်အသင်းက ရလဒ်တွေ သိသိသာသာတိုးတက်လာပါတယ်။ ဒါပေမဲ့ စပါးနဲ့ ကစားခဲ့တဲ့ ပွဲမှာတော့ အဲဗာတန်တိုက်စစ်က အားနည်းခဲ့ပါတယ်။ နယူးကာ ဆယ်ကို ကြိုက်တယ်။
မန်ယူ - စပါး (ကြာသပတေးနံနက် ၁း၄၅ နာရီ)
မန်ချက်စတာ ယူနိုက်တက်က မနှစ်က စပါးကို နှစ်ကျော့ စလုံးအနိုင်ကစားထားတယ်။ အိုးလ်ထရက်ဖို့ဒ်မှာ အကြိတ် အနယ်ကစားပြီး အနိုင်ရခဲ့သလို၊ အဝေးကွင်းမှာလည်း ပြတ် ပြတ်သားသားအနိုင်ယူခဲ့တယ်။ ဒါ့အပြင် စပါးအသင်းနည်းပြ အန်တိုနီယိုကွန်တီက အင်္ဂလန်မြေကို ရောက်လာကတည်း က အိုးလ်ထရက်ဖို့ဒ်မှာ ပွဲတိုင်းရှုံးခဲ့တယ်။ လက်ရှိအချိန်မှာ တော့ စပါးအသင်းက မန်ယူအသင်းထက် ပိုပြီး Rhythm မှန်နေတာတွေ့ရပြီး အမှတ်ပေးဇယား အဆင့် (၃)နေရာမှာ ရပ်တည်နေတယ်။ မနှစ်က စပါးကိုအနိုင်ရခဲ့တဲ့ပွဲမှာ ခြေစွမ်း ပြခဲ့တဲ့ စီရော်နယ်လ်ဒိုက ဒီရာသီမှာတော့ ဂိုးရဖို့အတွက် ရုန်း ကန်နေရပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ် ပိုင်းက သိပ်စိတ်မချရဘူး။ စပါးကတော့ တိုက်စစ်ပိုင်းမှာ အား ကောင်းပေမဲ့ ခံစစ်ပြဿနာအနည်းငယ်ရှိတယ်။ ဒီတစ်ကြိမ် တော့ ကွန်တီ အိုးလ်ထရက်ဖို့ဒ်ရှုံးပွဲကို ရပ်တန့်နိုင်မယ်။















