■ လာလီဂါ ပွဲစဉ်-၁၀ ပွဲကြိုသုံးသပ်ချက်

■ လာလီဂါ ပွဲစဉ်-၁၀ ပွဲကြိုသုံးသပ်ချက်
Photo: sevilla.abc.es
Photo: sevilla.abc.es
Published 18 October 2022

◘ ဆီဗီလာ - ဗလင်စီယာ ( မြန်မာစံတော်ချိန် အောက်တိုဘာ ၁၈ ရက် နံနက် ၁၁း၃၀ နာရီ)

ဆီဗီလာကတော့ နည်းပြသစ် ဆမ်ပါအိုလီရဲ့အိမ်ကွင်းပွဲဦးထွက်မှာ ဘီလ်ဘာအိုကို သရေကစားနိုင်ခဲ့ပြီး အခုလည်း ဗလင်စီယာကို အိမ်ကွင်းအားနဲ့ ဆက်ပြီးခံကစားနိုင်ဦးမှာ သေချာနေတယ်။ ဂတ်တူဆိုရဲ့ဗလင်စီယာကလည်း အဝေးကွင်းကစားပုံ တက်လာသလိုတွေ့ရလို့ ဆီဗီလာကိုလည်း ဆက်ပြီးရင်ဆိုင်ပြနိုင်ဖို့က မခက်လှဘူးထင်တယ်။  ဒါပေမဲ့ အစဉ်အလာအရ အသာစီးထားတဲ့ ဆီဗီလာနဲ့ ဂိုးအနည်းကိုပဲ ပိုကြိုက်နေမိတယ်။

◘ ဂီတာဖေး - ဘီလ်ဘာအို ( မြန်မာစံတော်ချိန် အောက်တိုဘာ ၁၉ ရက် နံနက် ဝဝး၃၀ နာရီ)

ဂီတာဖေး အိမ်ကွင်းကစားပုံလျော့နေတယ်ဆိုပေမဲ့ ဘီလ်ဘာအိုကိုတော့ အစဉ်အလာအရ အိမ်ကွင်းမှာ ယှဉ်နိုင်လေ့ရှိတာကို သတိထားရလိမ့်မယ်။ ဘီလ်ဘာအိုကလည်း အဝေးကွင်းတိုက်စစ်အား အတက်အကျရှိတတ်တဲ့အသင်းပါ။ ဂိုးနည်း သရေပွဲလို့ပဲထင်တယ်။

◘ အက်သလက်တီကို - ဗယ်လက်ကာနို ( မြန်မာစံတော်ချိန် အောက်တိုဘာ ၁၉ ရက် နံနက် ၁း၃၀ နာရီ)

အက်သလက်တီကိုရဲ့ ဒီရာသီခြေစွမ်းက အားရစရာဖြစ်မလာသေးပေမဲ့ လာလီဂါဘက်မှာတော့ အရှိန်အဝါနဲ့ ထိန်းကစားနေနိုင်သေးတာ တွေ့ရတယ်။ အခုရင်ဆိုင်ရမယ့် မြို့ခံပြိုင်ဘက် ဗယ်လက်ကာနိုကလည်း အက်သလက်တီကိုနဲ့ တွေ့တိုင်း အရှုံး ပေးထားရလေ့ရှိတဲ့အသင်းဆိုတော့ ဒီအရှိန်နဲ့ပဲ အက်သလက်တီကိုဆက်ပြီး ဖိအားပေးကစားသွားနိုင်ဖို့ များနေတယ်။ အက်သလက်တီကိုနဲ့ ဂိုးအများပဲရွေးထားချင်တယ်။

Most Read

Most Recent