◘ ဘရိုက်တန် - နော်တင်ဟမ်ဖောရက်စ် ( မြန်မာစံတော်ချိန် အောက်တိုဘာ ၁၉ ရက် နံနက် ၁းဝ၀ နာရီ)
ဘရိုက်တန်က ဂရေဟမ်ပေါ်တာ ထွက်သွားပြီးနောက်ပိုင်းမှာ ရလဒ်နည်းနည်းလေး ပြန်ကျလာတယ်။ လီဗာပူးလ်ကို သရေကစားခဲ့ပြီး နှစ်ပွဲဆက် ရှုံးပွဲတွေ့ခဲ့တယ်။ ဒါပေမဲ့ နော်တင်ဟမ်ဖောရက်စ်က ပိုအားနည်းပါတယ်။ ဘရိုက်တန်အတွက် နိုင်ပွဲ ပြန်ရှာဖွေရမယ့်ပွဲစဉ်ဖြစ်ပြီး အိမ်ကွင်းမှာ ဖိဖိစီးစီးကစားမှာပါ။ ဘရိုက်တန် နိုင်ပွဲသေချာတယ်။
◘ ခရစ္စတယ်ပဲလေ့စ် - ဝုလ်ဗ် ( မြန်မာစံတော်ချိန် အောက်တိုဘာ ၁၉ ရက် နံနက် ၁း၄၅ နာရီ)
ခရစ္စတယ်ပဲလေ့စ်နဲ့ ဝုလ်ဗ်က ခြေစွမ်းပိုင်း သိပ်မကွာကြဘူး။ ပဲလေ့စ်က အမြန်နှုန်းအားပြုပြီး၊ ဝုလ်ဗ်က နည်းစနစ်ပိုင်းအားပြုတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ ဝုလ်ဗ်က သူတို့အသင်းရဲ့ ပင်ကိုကစားဟန် ပျောက်ဆုံး၊ လျော့နည်းနေတာကို တွေ့ရတယ်။ ပဲလေ့စ်က နိုင်ပွဲတွေနည်းပေမဲ့ ကစားပုံကောင်းပါတယ်။ အိမ်ကွင်းလည်းဖြစ်လို့ ပဲလေ့စ်ကိုပဲ ကြိုက်တယ်။















