ဇန်နဝါရီတွင် အသင်းမှထွက်ခွာရန် မတောင်းဆိုဖူးကြောင်း PSG ကြယ်ပွင့်တိုက်စစ်မှူး ဘာပေ အတည်ပြု

ဇန်နဝါရီတွင် အသင်းမှထွက်ခွာရန် မတောင်းဆိုဖူးကြောင်း PSG ကြယ်ပွင့်တိုက်စစ်မှူး ဘာပေ အတည်ပြု
Photo: Getty Images
Photo: Getty Images
Published 17 October 2022

PSG အသင်း ကြယ်ပွင့်တိုက်စစ်မှူး ဘာပေက မိမိအနေဖြင့် ဇန်နဝါရီကာလတွင် အသင်းမှထွက်ခွာခွင့်ပြုရန် လုံးဝမတောင်းဆိုဖူးကြောင်း အတည်ပြုပြောကြားသည်။

အသက် ၂၃ နှစ်အရွယ် ပြင်သစ်လက်ရွေးစင်ကစားသမား ဘာပေသည် ပြီးခဲ့သည့် မေလကမှ ၂၀၂၅ ခုနှစ်အထိ သက်တမ်းရှိ သည့် စာချုပ်သစ် ချုပ်ဆိုထားသူဖြစ်သည်။

သို့သော် PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီ၊ အားကစားဒါရိုက်တာ လူးဝစ်ကမ်ပို့စ်နှင့် နည်းပြ ဂယ်လ်ချီတို့အနေဖြင့် စာချုပ်သစ်ချုပ်ဆိုစဉ်က ပေးထားသည့်ကတိများကို လိုက်နာခြင်းမရှိသောကြောင့် ဘာပေမှာ သစ္စာဖောက်ခံရသည်ဟု ခံစားနေရပြီး ဇန်နဝါရီတွင် ထွက်ခွာခွင့်ပြုရန် တောင်းဆိုထားကြောင်း ပြီးခဲ့သည့်တစ်ပတ်က သတင်းများ ထွက်ပေါ်လာသည်။

ယင်းသတင်းများနှင့် ပတ်သက်၍ တနင်္ဂနွေနေ့က မာဆေးလ်နှင့် ပွဲအပြီးတွင် ဘာပေက ''ကျွန်တော် အရမ်းပျော်နေပါတယ်။ ဇန်နဝါရီမှာ ထွက်ခွာခွင့်ပြုဖို့ ဘယ်တုန်းကမှ မတောင်းဆိုဖူးပါဘူး။ ပွဲကစားရမယ့်နေ့မှာ ဒီလိုသတင်းတွေ ဘာကြောင့်ထွက်လာတာလဲဆိုတာ ကျွန်တော် နားမလည်ပါဘူး။ လူတွေအားလုံးလိုပဲ ကျွန်တော်ကိုယ်တိုင် ရှော့ခ်ရသွားတယ်။ ဒီကိစ္စမှာ ကျွန်တော်ပါဝင်နေတယ်လို့ လူတွေက ထင်နိုင်ပေမဲ့ လုံးဝမပါပါဘူး'' ဟု ပြောကြားသည်။

ဘာပေသည် ယခုရာသီတွင် PSG အသင်းအတွက် လီဂူး-၁ ပြိုင်ပွဲ၌ သွင်းဂိုးရှစ်ဂိုးနှင့် ဂိုးဖန်တီးမှုတစ်ကြိမ်၊ ချန်ပီယံလိဂ်ပြိုင်ပွဲ၌ လေးဂိုး၊ စုစုပေါင်း ၁၄ ပွဲကစား၊ ၁၂ ဂိုးသွင်းယူပေးထားသည်။

 

Most Read

Most Recent