မန်ချက်စတာစီးတီးက သူတို့အသင်းရဲ့ အင်္ဂလန်ကြယ်ပွင့် ဖီးလ်ဖိုဒန်ကို ၂၀၂၇ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။ စီးတီးအကယ်ဒမီထွက် ဖိုဒန်က ၂၀၁၇ မှာ စတင်ပွဲထွက်ခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၁၈၂)ပွဲ မှာ သွင်းဂိုး (၅၂)ဂိုး သွင်းယူပေးထားပါတယ်။ အသက် (၂၂) နှစ်အရွယ် ကစားသမားဟာ အင်္ဂလန်နဲ့ မန်စီးတီးရဲ့ အနာဂတ်အဖြစ် သတ်မှတ်ခံထားရပြီး ပရီးမီးယားလိဂ် လူငယ်အကောင်းဆုံးကစားသမားဆုကိုလည်း (၂)နှစ်ဆက် ရယူနိုင်ခဲ့သူပါ။ ဖိုဒန်က စပိန်နည်းပြ ဂွါဒီယိုလာလက်အောက်မှာ အကောင်းဆုံးထွန်းတောက်လာသူဖြစ်ပြီး စီးတီးနဲ့ ပရီးမီးယားလိဂ် (၄)ကြိမ်၊ လိဂ်ဖလား(၄)ကြိမ်၊ FA ဖလား(၁) ကြိမ် အပါအဝင် ဆုဖလား (၁၁)လုံး ရယူထားပါတယ်။ မန်စီးတီးနဲ့ စာချုပ်သစ်ချုပ်ဆိုပြီးနောက် ဖိုဒန်ရဲ့ စကားသံတွေကို ဖော်ပြလိုက်ပါတယ် . . .
"ဒေးဗစ်ဆေးလ်ဗားလို ကစားသမားမျိုး ဖြစ်ချင်ပါတယ်"
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
1 hour ago















