ဘရန့်ဖို့ဒ် - ဘရိုက်တန် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၅ ရက် နံနက် ၁:၃၀ နာရီ)
နှစ်သင်းစလုံးက ရှိတဲ့ လူစာရင်းနဲ့ အလုပ်ကောင်းကောင်းလုပ်နေတဲ့ အထင်ကြီးစရာအသင်းတွေဖြစ်တယ်။ ဘရန့်ဖို့ဒ်ကတော့ နည်းနည်းလေး ခြေပြန်ကျလာသလို ခံစားရတယ်။ ဘရိုက်တန်က ဂရေဟမ်ပေါ်တာ ထွက်သွားပြီး ဒစ်ဇယ်ဘီ ဝင်လာချိန်မှာလည်း အားရစရာကောင်းနေတုန်းပဲ။ ဒီပွဲမှာလည်း ဘရန့်ဖို့ဒ်ကွင်းဆိုပေမဲ့ ပိုပြီး အထင်ကြီးစရာကောင်းတဲ့ ဘရိုက်တန်ကိုပဲ ကြိုက်တယ်။















