အခုတော့ ဘဝအသစ်မှာ (Life)

အခုတော့ ဘဝအသစ်မှာ (Life)
Photo: Getty Images
Photo: Getty Images
Published 12 October 2022

၂၀၀၃-၀၄ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်း ရှုံးပွဲမရှိရလဒ်နဲ့ ရွှေဖလားရရှိခဲ့တုန်းက အသင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်ခဲ့ဖူးတဲ့ ရာမီရှာဘန်းဆိုတဲ့ ဂိုးသမားကို အာဆင်နယ်ပရိသတ်တွေတောင် မှတ်မိမယ်မထင်တော့ပါဘူး။ သူက အရန်ခုံသာထိုင်ခဲ့ရပြီး ဝင်ကစားခွင့်မရသူလည်းဖြစ်နေတာကြောင့်ပါ။ အဲဒီတုန်းက သူ့လိုပဲ ဝင်ကစားခွင့်မရခဲ့တဲ့ ကစားသမား (၈)ဦးထဲမှာ နောက်ပိုင်းအသင်းခေါင်းဆောင်ဖြစ်လာတဲ့ ဖာဘရီဂတ်စ်တောင် ပါခဲ့ပါသေးတယ်။ သူတို့တွေက အာဆင်နယ် အသင်းရဲ့ ရှုံးပွဲမရှိရာသီမှာ အစိတ်အပိုင်းဖြစ်ခဲ့ဖူးတယ်ဆိုရုံကလွဲပြီး ချန်ပီယံဆုတံဆိပ်လည်း မရခဲ့ပါဘူး။ ထားပါတော့။ အာဆင်နယ်အသင်းက ဆွီဒင်ဂိုးသမား ရာမီရှာဘန်းကို ဒေးဗစ်ဆီးမင်း ဒဏ်ရာရနေချိန်မှာ ခေါ်ယူခဲ့တာဖြစ်ပေမဲ့ အသင်းကိုရောက်လာပြီး သိပ်မကြာခင် လေ့ကျင့်ရေးကွင်းမှာ ခြေထောက်ကျိုးခဲ့တာကြောင့် ဒေးဗစ်ဆီးမင်းနေရာ ဆက်ခံခွင့်မရခဲ့ပါဘူ။

 

Most Read

Most Recent