အိုဆာဆူနာ - ဗလင်စီယာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၈ ရက် နံနက် ၁:၃၀ နာရီ)
ရီးယဲလ်မက်ဒရစ်ကို အဝေးကွင်းမှာ သရေခံကစားပြီး ရာသီအစ အိုဆာဆူနာခြေစွမ်းတောင့်တင်းမှုကို ပြသထားတယ်။ အိမ်ကွင်းဆိုရင် ကစားပုံပိုကောင်းသလို၊ ခံစစ်လည်းပို ကျစ်ကျစ်လျစ်လျစ်ရှိတဲ့ အိုဆာဆူနာရဲ့ လက်ရှိခြေစွမ်းနဲ့ စွမ်းဆောင်ရည်က ဗလင်စီယာလို အဝေးကွင်းမှာ သိပ်မစွံလှသေးတဲ့ အသင်းကို ဖိအားပေးကစားဦးမှာပါ။ ဗလင်စီယာတို့ အမှတ်ရရေးအားထုတ်လာနိုင်ပေမဲ့ ခြေစွမ်းပိုသာတဲ့ အိမ်ရှင်အိုဆာဆူနာနဲ့ ဂိုးအများကိုပဲ ရွေးထားချင်တယ်။















