ထိုင်း ဘတ်​ငွေ​စျေး ရုတ်တရက်ထိုးကျပြီး ဘတ်ငွေ လက်ဝယ် ရှိသူများ သိန်းရာချီအရှုံး​ပေါ်

ထိုင်း ဘတ်​ငွေ​စျေး ရုတ်တရက်ထိုးကျပြီး ဘတ်ငွေ လက်ဝယ် ရှိသူများ သိန်းရာချီအရှုံး​ပေါ်
Published 1 October 2022

မြန်မာ ထိုင်း နယ်စပ် မြဝတီ မြို့တွင်  ထိုင်း ဘတ်ငွေနှင့် မြန်မာကျပ်ငွေ နှစ်မျိုးလုံးဖြင့် ရောင်းဝယ်သုံးစွဲမှု ပြုလုပ်လျှက်ရှိရာ ယခုနှစ်ရက်အတွင်း ထိုင်းဘတ်​​ငွေစျေး ဆက်တိုက် ကျဆင်းလျှက် ရှိသည်။

စက်တင်ဘာ ၂၉ ရက်နေ့ မြန်မာကျပ်ငွေ တစ်သိန်းလျှင် ဘတ်ငွေ ၁၂၀၀ ဖြစ်ခဲ့ရာမှ စက်တင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ကျပ်တစ်သိန်းကို ၁၃၅ဝဘတ်၊ည​နေပိုင်းတွင် ကျပ်တစ်သိန်းကို ၁၅၀၀ ဘတ်ဖြစ်ခဲ့ပြီး၊ အောက်တိုဘာ ၁ ရက်​နေ့တွင် ကျပ်တစ်သိန်းကို ဘတ်ငွေ၁၆၀၀ (၁ ဘတ်= ၆၂.၅ဝကျပ်)ထိ စျေး ဖြစ်သွားသည်။

ထိုင်းဘတ်ငွေစျေး  ကျပ်တစ်သိန်းလျှင် ဘတ်တစ်ထောင်အောက်ထိ ထိုးတက် စဉ်က မြန်မာ ကျပ်ငွေ လက်ဝယ်ရှိသူများ သိန်းရာချီ အရှုံးပေါ်ခဲ့သလို ယခုတဖန် ဘတ်ငွေစျေး ရုတ်တရက်ထိုးကျပြီး မြန်မာကျပ်ငွေစျေးမာလာခြင်းကြောင့် ဘတ်ငွေ လက်ဝယ်ရှိသူများ အရှုံး ပိုများသည်ဟုဆိုသည်။

မြဝတီ မြို့မှ ငွေလဲ လုပ်သူတစ်ဦးက""ဘတ်စျေးတက်တုန်းကတော့ တရိပ်ရိပ် တက်တာ ပါ။ ခု ဘတ်စျေးကျတော့ တစ်နေ့တည်း မနက်နဲ့ ညနဲ့ကို တစ်သိန်းကို ဘတ်၂၀၀ လောက်ကွာသွားတယ်။ စက်တင်ဘာ လ ၂၉၊၃၀၊ နဲအောက်တိုဘာ ၁ရက်၊သုံးရက်အတွင်းမှာ ကျပ်တစ်သိန်းကိုဘတ်၃၀၀ ကွာသွားတယ်။သိန်းထောင်ချီဖိုး ဘတ် ဝယ်ရောင်းလုပ်သူတွေက သိန်းရာချီအရှုံးပေါ်တာပေါ့"ဟု ဆိုသည်၊

ထိုင်းနိုင်ငံဘက်မှ တိုက်ရိုက်တင်သွင်းရောင်းချသော စက်သုံးဆီစျေးနှုန်းများမှာလည်း တစ်လီတာ ကျပ်၃၀၀၀ ကျော်ခဲ့ရာမှ တဖြည်းဖြည်းလျော့ကျလာခဲ့ကာ

စက်တင်ဘာ ၃ဝ ရက်နေ့ကတစ်လီတာ ၂၇၇၅ ကျပ်စျေးရှိခဲ့သောဒီဇယ်ဆီမှာ အောက်တိုဘာ ၁ ရက်နေ့တွင် ၂၆၆၅ကျပ်သို့လည်းကောင်း၊၉၅ တစ်လီတာ ၂၄၆ဝ ကျပ်မှ ၂၃၆၅ကျပ်သို့လည်းကောင်း၊၉၂ တစ်လီတာ ၂၃ရဝ ကျပ်မှ ၂၂၉၅ကျပ်သို့လည်းကောင်းအနည်းငယ်ပြန်ကျခဲ့ကြောင်းသိရသည်။

မြဝတီ မြို့ စျေးကွက် ရပ်ဝန်းတွင်ဘတ်စျေး မြင့်တက်စဉ်ကကုန်စျေးနှုန်းမြင့်တက်ခဲ့ ပြီး  ဘတ်စျေး ပြန်လည်ကျဆင်းလာသောအခါ ယနေ့ချိန်ထိ စားသောက်ကုန် ၊လူသုံးကုန် စျေးနှုန်းများ ပြန်လည် ကျဆင်း ခြင်းမရှိသေးကြောင်းသိရသည်။

Most Read

Most Recent