ပြီးခဲ့သည့်ရာသီ လိဒ်စ်နှင့်ပွဲမှ ချာကာ၏ အဝါကတ်ကို လောင်းကစားမှုသံသယဖြင့် ဗြိတိန်အမျိုးသားမှုခင်းဌာနမှ စုံစမ်းစစ်ဆေးနေ

ပြီးခဲ့သည့်ရာသီ လိဒ်စ်နှင့်ပွဲမှ ချာကာ၏ အဝါကတ်ကို လောင်းကစားမှုသံသယဖြင့် ဗြိတိန်အမျိုးသားမှုခင်းဌာနမှ စုံစမ်းစစ်ဆေးနေ
Photo: Getty Images
Photo: Getty Images
Published 10 August 2022

 

ဗြိတိန်အမျိုးသားမှုခင်းဌာန (National Crime Agency) သည် အာဆင်နယ်ကွင်းလယ်ကစားသမား ချာကာ၏ ပြီးခဲ့သည့်ရာသီ လိဒ်စ်နှင့်ပွဲမှ အဝါကတ်ပြစ်ဒဏ်ကို တမင်ဖန်တီးရယူမှုအဖြစ် သံသယရှိနေပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြောင်း သိရသည်။ 

အဆိုပါပွဲကို ဒီဇင်ဘာ(၁၈)တွင် ယှဉ်ပြိုင်ကစားခဲ့ပြီး အာဆင်နယ်အသင်းက အဝေးကွင်းတွင် လိဒ်စ်အသင်းကို (၄-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ချာကာက (၈၆)မိနစ်တွင် အဝါကတ် ပြသခံရခြင်းဖြစ်သည်။ အာဆင်နယ်အသင်း (၄)ဂိုးသွင်းယူပြီး မကြာမီ ပြစ်ဒဏ် ဘောရရှိသည့် ဘောလုံးကို ချာကာက ချက်ချင်းမကန်ဘဲ အချိန်ဆွဲနေသည့်အတွက် အဝါကတ်ပြသခံရခြင်းဖြစ်သည်။ 

ယင်းဖြစ်ရပ်အတွက် NCA က စုံစမ်းစစ်ဆေးနေခြင်းမှာ အဆိုပါပွဲတွင် နောက်ဆုံး(၁၀)မိနစ်အတွင်း ချာကာ အဝါကတ်ပြခံရမည့်ဘက်မှ ယူရို (၆၀၀၀၀)ဖြင့် လောင်းကြေးထပ်သူ ရှိခဲ့ခြင်းကြောင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ယင်းသို့ လောင်းကြေးထပ်ခဲ့သူမှာ ဆွီဒင်-အယ်လ်ဘေးနီးယား ဘောလုံးသမားဟောင်းတစ်ဦးဖြစ်ပြီး အယ်လ်ဘေးနီးယားမာဖီးယားအဖွဲ့ဝင်တစ်ဦးဖြစ်သည့် အယ်လ်ဘန်ဂျူဆူဖီ ဖြစ်နေခြင်းကြောင့်ဟု သိရသည်။ 

၎င်းသည် ဆွီဒင်နိုင်ငံ၌ ဂိုးသမားတစ်ဦးကို ပေါင် (၁၈၂၀၀၀)ပေးကာ ၎င်း၏အသင်း အနိုင်ရရှိအောင် လုပ်ပွဲကစားစေခဲ့ဖူးသည့် မှတ်တမ်းဆိုး ရှိိခဲ့ဖူးသူဖြစ်သောကြောင့် ချာကာကို စုံစမ်းစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။  ချာကာသည် ပရီးမီးယားလိဂ်တွင် အဝါကတ်(၅၃)ကြိမ် ပြသခံထားရသူဖြစ်သည်။

Most Read

Most Recent