■ ဘွန်ဒစ်လီဂါပွဲစဉ် (၁)  ပွဲကြိုသုံးသပ်ချက် 

■ ဘွန်ဒစ်လီဂါပွဲစဉ် (၁)  ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 5 August 2022

ဖရန့်ဖတ် - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် သြဂုတ်လ ၆ ရက် နံနက် ၁:၀၀ နာရီ)



ပြီးခဲ့တဲ့ရာသီက ဖရန့်ဖတ်အသင်း ခြေစွမ်းအတက်အကျများတာတောင် ဘိုင်ယန်အသင်းကို ဒုက္ခပေးနိုင်ခဲ့တာ တွေ့ ရတယ်။ ဖရန့်ဖတ်အနေနဲ့ ဘိုင်ယန်၊ ရီးယဲလ်တို့လို ထိပ်သီးအသင်းတွေနဲ့ (၂)ပွဲဆက် ကစားရမှာဖြစ်ပြီး ကြားရက်မှာ ရီးယဲလ်အသင်းနဲ့ကစားရမယ့် ဥရောပစူပါဖလားပွဲကို ပိုအာရုံရောက်နေနိုင်တာ ထည့်တွက်ရမယ်။ ဘိုင်ယန်အသင်းက စူပါဖလားပွဲမှာ မာနေကို No.10 Role ထားကစားခဲ့ပြီး မူဆီယာလာနေရာမှာတော့ ဆာနေးကို ပွဲထုတ်လာနိုင်တယ်။ ဖရန့်ဖတ်ကွင်းဖြစ်ပေမဲ့ လီဝန်ဒေါစကီးမရှိတဲ့နောက် စောင့်ကြည့်ခံဖြစ်နေတဲ့ ဘိုင်ယန်ဘက်ကပဲ ရပ်တည်တာပိုကောင်းမယ်။

Most Read

Most Recent