ဘောလုံးပရိသတ်များအနေဖြင့် အာဆင်နယ်အသင်း၏ All or Nothing Series ကို ကြည့်ခြင်းဖြင့် ဘောလုံးသမားများ၏ အခက်အခဲများကို နားလည်ပေးနိုင်ရန် မျှော်လင့်ကြောင်း အာဆင်နယ်ဂိုးသမား ရမ်းစ်ဒေးက ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီ ကွင်းတွင်း၊ ကွင်းပြင်အကြောင်းများကို ရိုက်ကူးထားသည့် All or Nothing: Arsenal ကို သြဂုတ် (၄) ရက်တွင် စတင်ထုတ်လွှင့်ခဲ့သည်။
ရမ်းစ်ဒေးက ''ဘောလုံးသမားတွေရဲ့ဘဝက မလွယ်ပါဘူူး။ ဒီအလုပ်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးအလုပ်ဖြစ်သလို၊ တစ်ချိ်န်တည်းမှာပဲ အဆိုးဆုံးအလုပ်လည်းဖြစ်ပါတယ်။ ပရိသတ်တွေအနေနဲ့ ကစားသမားတွေကို စာနာနိုင်မယ်ထင်ပါတယ်''ဟု ပြောကြားခဲ့သည်။
ရမ်းစ်ဒေးလ်သည် ပြီးခဲ့သည့်ရာသီက အာဆင်နယ်အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့သည့် ကစားသမားတစ်ဦးဖြစ်ပြီး လာမည့်ရာသီတွင် ကျောနံပါတ်(၁)ကို ပြောင်းလဲဝတ်ဆင်မည်ဖြစ်သည်။















