လီဝန်ဒေါစကီးနှင့် ရာဖင်ညာတို့ ရောက်ရှိလာပြီးနောက်  ဘာစီလိုနာအသင်းမှ ထွက်ခွာရန် ဒီပိုင်း စီစဉ်

လီဝန်ဒေါစကီးနှင့် ရာဖင်ညာတို့ ရောက်ရှိလာပြီးနောက်  ဘာစီလိုနာအသင်းမှ ထွက်ခွာရန် ဒီပိုင်း စီစဉ်
Photo: Barcelona Twitter
Photo: Barcelona Twitter
Published 4 August 2022

ဘာစီလိုနာတိုက်စစ်ကစားသမား ဒီပိုင်းသည် ယခုနွေတွင် လီဝန်ဒေါစကီးနှင့် ရာဖင်ညာတို့ ရောက်ရှိလာခြင်းကြောင့် အသင်းမှထွက်ခွာရန် စီစဉ်နေကြောင်း စပိန်အားကစားသတင်းစာ Mundo Deportivo က ဖော်ပြခဲ့သည်။

အသက် (၂၈) နှစ်အရွယ်ရှိ နယ်သာလန်လက်ရွေးစင်တိုက်စစ်ကစားသမား ဒီပိုင်းသည် ပြီးခဲ့သည့် ၂၀၂၁ နွေရာသီက လိုင်ယွန်အသင်းမှ ဘာစီလိုနာအသင်းထံသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိလာသူဖြစ်သည်။

၎င်းသည် ဘာစီလိုနာအသင်းတွင် ပြီးခဲ့သည့်ရာသီက ပြိုင်ပွဲစုံ (၃၈) ပွဲတွင် (၁၃) ဂိုး သွင်းယူခဲ့သည်။

သို့သော် ယခုနွေတွင် ဘာစီလိုနာအသင်းသည် ဘိုင်ယန်မြူးနစ်အသင်းမှ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးနှင့် လိဒ်စ်အသင်းမှ ဘရာဇီးလ်တိုက်စစ်ကစားသမား ရာဖင်ညာတို့ကို ပေါင်သန်း (၁၀၀) နီးပါးအသုံးပြုကာ ခေါ်ယူထားသည်။

အဆိုပါတိုက်စစ်ကစားသမားများ ရောက်ရှိလာခြင်းကြောင့် ဒီပိုင်းမှာ ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်ရဖွယ်ရှိနေရာ ၎င်းအနေဖြင့် အသင်းမှထွက်ခွာလိုနေကြောင်း Mundo Deportivo က ဖော်ပြခဲ့သည်။

လက်ရှိတွင် ဒီပိုင်းအား ခေါ်ယူရန် စီးရီးအေထိပ်သီး ဂျူုဗင်တပ်စ်၊ ပရီးမီးယားလိဂ်ကလပ်များဖြစ်သည့် စပါးနှင့် နယူးကာဆယ်အသင်းတို့က စိတ်ဝင်စားနေကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူထားသည့် ဒီပိုင်းအတွက် ပေါင် (၁၇) သန်း အလိုရှိနေကြောင်း သိရှိရသည်။ 

Most Read

Most Recent