တကယ်ပဲ ပြီးပြည့်စုံပြီလား    

တကယ်ပဲ ပြီးပြည့်စုံပြီလား    
Photos: Getty Images
Photos: Getty Images
Published 20 July 2022
Phoe Thar

"လာမယ့် ၂၀၂၂-၂၃ ရာသီအတွက် ကျွန် တော်တို့အသင်းဟာ ကစားသမားသစ်ခေါ်ယူမှုတွေ ထပ်မံပြုလုပ်မှာမဟုတ်တော့ပါဘူး။ လက်ရှိအသင်း ရဲ့ စုဖွဲ့မှုဟာ ကျွန်တော်တို့အတွက် အဆင်ပြေပါတယ်" လို့ ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီက အသင်းရဲ့ အပြောင်းအရွှေ့ကာလအခြေအနေနဲ့ပတ်သက်ပြီး မီဒီယာတွေကိုဖြေကြားခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ်ရဲ့ ၂၀၂၂ နွေစျေးကွက်အရွေ့က တကယ်ပဲပြီးဆုံးသွားခဲ့ပြီလား။ ရီးယဲလ်မက်ဒရစ်ဟာ ပြီးပြည့်စုံတဲ့အသင်းတစ်သင်းအဖြစ် တည်ရှိနေခဲ့ပြီလား။ ပြိုင်ဘက်ဥရောပအသင်းကြီးတွေက ထိပ်တန်းအဆင့်အပြောင်းအရွှေ့ တွေနဲ့ နွေရာသီအပြောင်းအရွှေ့စျေးကွက်ထဲ မြိုင် မြိုင်ဆိုင်ဆိုင်တိုးဝင်နေကြချိန်မှာ ရီးယဲလ်မက်ဒရစ်ကတော့ ကစားသစ်အဖြစ် ဂျာမနီနောက်ခံလူ ရူဒီဂါနဲ့ ပြင်သစ်ကွင်းလယ်လူ ချူယာမန်နီတို့ နှစ်ဦးကိုသာခေါ်ယူထားနိုင်ခဲ့တယ်။ ရီးယဲလ်အသင်းရဲ့ ရှိရင်းစွဲကစားသမားအင်အားက တောင့်တင်းပြီးဖြစ်သလို၊ ကစားသမားသစ် နှစ်ဦးရဲ့အရည်အသွေးကလည်း သံသယဖြစ်စရာမရှိတာမို့ အန်ဆယ်လော့တီရဲ့ ကစားသမားသစ်တွေထပ်ခေါ်မှာမဟုတ်ဘူး ဆိုတဲ့စကားက လက်ခံနိုင်စရာဆိုပေမဲ့ တကယ့်လက်တွေ့မှာတော့ စိန်ခေါ်မှုတွေများပြားနိုင်တယ်လို့ စပိန်မီဒီယာတွေက သုံးသပ်ခဲ့ကြပါတယ်။   

 

Most Read

Most Recent