ချယ်လ်ဆီးကွင်းလယ်လူ မေဆန်မောင့်နှင့် တွေ့ဆုံခြင်း

ချယ်လ်ဆီးကွင်းလယ်လူ မေဆန်မောင့်နှင့် တွေ့ဆုံခြင်း
Photos: Getty Images
Photos: Getty Images
Published 20 July 2022
Nay Lin Htet

အသက် (၂၃)နှစ်အရွယ် အင်္ဂလန်လူငယ်ကြယ်ပွင့် မေဆန်မောင့်ဟာ ချယ်လ်ဆီးနည်းပြဟောင်း လမ်းပတ်လက်ထက်မှာ စတင်ထင်ရှားလာခဲ့သူဖြစ်ပြီး  ၂၀၂၀-၂၁ ရာသီ ချန်ပီယံလိဂ်ဆုဖလားရယူခဲ့ရာမှာ အသင်းရဲ့ အဓိကကစားသမားဖြစ်ခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း မောင့်က ရွေးချယ်ခံခဲ့ရပြီး ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ဒုတိယရခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ မေဆန်မောင့်က ချယ်လ်ဆီးအတွက် ဆက်လက်ခြေစွမ်းပြခဲ့ပြီး ပြိုင်ပွဲစုံသွင်းဂိုး (၁၃)ဂိုး၊ ဂိုးဖန်တီးမှု (၁၆)ကြိမ်နဲ့ အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို (၂)နှစ်ဆက်တိုက် ရရှိခဲ့ပါတယ်။ နှစ်အနည်းငယ်အတွင်း ချယ်လ်ဆီးရဲ့ အဓိကကစားသမားဖြစ်လာတဲ့ မေဆန်မောင့်ရဲ့ ရာသီသစ်ရင်ခုန်သံတွေကို မေးမြန်းကြည့်ခဲ့ရာမှာတော့ . . .

 

Most Read

Most Recent