LAFC အသင်းအတွက် ဂါရတ်ဘေးလ် ပထမဆုံးပွဲထွက်ခဲ့ပြီး အမေရိကရာသီဥတုကြောင့် အလွန်ခက်ခဲသည်ဟု ညည်းတွား

LAFC အသင်းအတွက် ဂါရတ်ဘေးလ် ပထမဆုံးပွဲထွက်ခဲ့ပြီး အမေရိကရာသီဥတုကြောင့် အလွန်ခက်ခဲသည်ဟု ညည်းတွား
Photo: Marca
Photo: Marca
Published 19 July 2022

နာမည်ကျော် ဝေးလ်စ်တောင်ပံကစားသမား ဂါရတ်ဘေးလ်သည် သူ၏ ကလပ်အသင်းသစ် LAFC အသင်းအတွက် ပထမဆုံးပွဲထွက်ကစားခဲ့ပြီး အမေရိကန်နိုင်ငံ၏ ရာသီဥတုကြောင့် အလွန်ခက်ခဲကြောင်း ညည်းတွားခဲ့သည်။

ဂါရတ်ဘေးလ်၏ အဖွင့်ပွဲစဉ်တွင် သူ၏ကလပ်အသင်းသည် နစ်ရှ်ဗီးလ်အသင်းနှင့် စတင်ကစားခဲ့ရပြီး (၁-၂) ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။

ဂါရတ်ဘေးလ်အပြင် အသင်း၏ အခြားထိပ်တန်းကစားသမားများဖြစ်သည့် ကားလို့စ်ဗီလာနှင့် အီတလီဝါရင့်နောက်ခံလူ ချီလီနီတို့လည်း ဝင်ရောက်ကစားခဲ့ကြသည်။

ဂါရတ်ဘေးလ်က '' လေထုစိုထိုင်းဆက အရမ်းခက်ခဲပါတယ်။ သွေးပူလုပ်နေချိန်တောင် မလွယ်ကူဘူး။ ဒီရာသီဥတုက ကျွန်တော် ကြုံတွေ့ဖူးတဲ့ အခြေအနေမဟုတ်ပါဘူး။ ကျွန်တော် မေဂျာလိဂ်ပွဲတွေကို ရုပ်သံမှာ ကြည့်တုန်းကလည်း ဒီလောက်ပူမယ်ဆိုတာ မတွေးခဲ့မိဘူး''ဟု ပြောကြားခဲ့သည်။

ထို့ပြင် ''ကျွန်တော် အသင်းနဲ့ အမြန်ဆုံး အထိုင်ကျမယ်လို့ ယုံကြည်ပြီး ကျွန်တော့်အနေနဲ့ အတတ်နိုင်ဆုံး အသင်းကို အကူအညီပေးသွားပါမယ်။ အောင်မြင်မှုတွေရယူနိုင်မယ်လို့ ယုံကြည်ပါတယ်''ဟုဆိုခဲ့သည်။ 

Most Read

Most Recent